ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဒုတိယနေ့ ဆက်လက်ပြုလုပ်နေ

ပေကျင်း၊ မေ-၂၄-၂၀၂၄
မျိုးဆက်(VOM)
ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့အဖြစ် ဒီနေ့ မေ ၂၄ ရက်မှာ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီနေ့ နံနက် ၆ နာရီထိ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်လေယာဉ် ၄၉ စင်းနဲ့ စစ်သင်္ဘော ၁၉ စင်းကို တွေ့ရှိတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ခွဲထွက်ရေးလိုလားသူတွေရဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်တဲ့ သတိပေးချက်ဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်အနေနဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်နဲ့အတူ အနီးကပ်ပူးပေါင်း စောင့်ကြည့်နေပြီး အခြအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့နဲ့ တရုတ်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာတာကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ကျွန်းဝန်းကျင်၊ ကင်မင်ကျွန်းနဲ့ အခြားနေရာတွေမှာ ပြုလုပ်နေတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်ကို ညှိနှိုင်းအတည်ပြုဖို့ဖြစ်ကြောင်း တရုတ် စစ်တပ်က ထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo:Taiwan Coast Guard

Related posts

Leave a Comment

VOM News

FREE
VIEW