ပါပူအာနယူးဂီနီမှာ မြေပြိုမှုကြောင့် လူ ၃၀၀ နီးပါး သေဆုံးဖွယ်ရှိ

ပို့မိုရက်ဘီ၊ မေ-၂၄-၂၀၂၄
မျိုးဆက်(VOM)
ပါပူအာနယူးဂီနီနိုင်ငံ မြောက်ပိုင်းရှိ ဝေးခံခေါင်သီတဲ့ ဒေသမှာ ဒီနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူရာနဲ့ချီသေဆုံးဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမနက် ၃ နာရီဝန်းကျင်လောက်က အန်ဂါကုန်းမြင့်ရှိ ခေါင်ကလန်ကျေးရွာအနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅၀ ကျော်မြေစာပိခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။ သေဆုံးသူဦးရေဟာ ၃၀၀ နီးပါးထိ မြင့်တက်လာပြီး သူ့အကိုဝမ်းကွဲတွေလည်း ပါတယ်လို့ ပြောပါတယ်။
ကလေးနှစ်ယောက်ကို ကယ်တင်ဖို့ နောက်ကြောင်းပြန်လာတဲ့ အမျိုးသားတယောက်ကတော့ မြေပြိုရာမှာ နစ်မြုပ်သွားတယ်လို့ သူကဆိုပါတယ်။ ဩစတြေးလျအခြေစိုက် အေဘီစီသတင်းဌာနနဲ့ အခြားနိုင်ငံတကာ သတင်းဌာနတွေက လူ ၁၀၀ ကျော်သေဆုံးတယ်လို့ ရေးသားဖော်ပြထားပါတယ်။
အဲဒီကျေးရွာဟာ မြို့တော် ပို့မော်ရက်ဘီရဲ့မြောက်ဘက် ကီလိုမီတာ ၆၀၀ အကွယ်မှာတည်ရှိပါတယ်။ လက်ရှိမှာတော့ သဘာ၀ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလုပ်ဆောင်နေပြီး အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးတွေကိုလည်း စတင်နေပြီလို့ ပါပူအာနယူးဂီနီ ဝန်ကြီးချုပ်က ပြောပါတယ်။
မြေပြိုမှုကြောင့် အဝေးပြေးလမ်းမတခုလည်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို အကဲဖြတ်နေပြီး ထုတ်ပြန်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:Reuters
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW