မြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်မှု လေထဲမှာပေါက်ကွဲမှု ဖြစ်ပွား



ပြုံးယမ်း၊ မေ-၂၈-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ မနေ့က စစ်ထောက်လှမ်းရေးဂြိုဟ်တု နောက်တလုံး လွှတ်တင်ဖို့ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ ဝေဟင်မှာ ပေါက်ကွဲသွားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီထောက်လှမ်းရေး ဂြိုဟ်တုကို နိုင်ငံအနောက်မြောက်ပိုင်း ဆိုဟေး လွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး လွှတ်တင်မှု ပထမအဆင့်မှာတင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ မြောက်ကိုရီးယား အာကာသနည်းပညာ စီမံခန့်ခွဲရေးအဖွဲ့က ဆိုပါတယ်။

ဒီမတော်တဆမှုဟာ အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင်ကြောင့်လို့ ကနဦးယူဆနိုင်တယ်လို့ ပြောပါတယ်။ ဒါဟာ နိုဝင်ဘာလအတွင်းက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုကြိုးပမ်းမှုရောအပါအဝင်ဆို လေးကြိမ်မြောက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားဟာ ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ရတဲ့အကြောင်းရင်းကို စိစစ်အကဲဖြတ်ပြီး နောက်ထပ်လွှတ်တင်ဖို့ ကြိုးစားဖွယ်ရှိနေပြီး ယခုနှစ်အတွင်းမှာ ဂြိုဟ်တုသုံးလုံး လွှတ်တင်မယ်လို့ အခိုင်အမာဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ငါးနှစ်စစ်ရေးအစီအစဉ်အရ ဒုံးကျည်နဲ့နျူကလီးယားအစီအစဉ်တွေကိုလည်း အရှိန်မြှင့်စမ်းသပ်မှုများ လုပ်ဆောင်နေပြီး ဒေသတွင်း၌ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် တင်းမာမှုများ မြင့်တက်နေပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW