နျူကလီးယား စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ရုရှားသမ္မတပူတင် အမိန့်ထုတ်

မော်စကို ၊ မေ-၇-၂၀၂၄ မျိုးဆက်(VOM) နည်းဗျူဟာမြောက် နျူကလီးယားလက်နက်အသုံပြုမှု ပုံစံတူစစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ထားရန် ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ နျူကလီးယားတိုက်ခိုက်ရေး အဖွဲ့တွေနဲ့ ဗျူဟာမြောက် နျူကလီးယားလက်နက်တွေရဲ့ အသင့်အနေအထားရှိမှုကို ထိန်းသိမ်းလိုတာကြောင့် ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတောင်ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်တွေပါဝင်မှာဖြစ်ပြီး ရုရှားရဲ့ နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စမှုနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။ အနောက်နိုင်ငံခေါင်းဆောင်အချို့ဟာ ယူကရိန်းကို လက်နက်ကိုင်တပ်ဖွဲ့တွေ စေလွှတ်လိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပြီး ဒါဟာ တင်းမာမှုတွေ မြှင့်တက်စေလာလိမ့်မယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ပြောပါတယ်။ ရုရုားရဲ့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ယူကရိန်းစစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူက ခြိမ်းခြောက်ပြောဆိုထားပြီး နျူကလီးယား ခြိမ်းခြောက်မှုဟာ ရုရှားအစိုးရ လုပ်နေကျ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref:NHK…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၇ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၀ ကျပ်ဝယ်ဈေး – ၅၃၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၆၆ ကျပ်ဝယ်ဈေး – ၂၅.၁၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၃၇ ကျပ်ဝယ်ဈေး – ၄၆.၃၇ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၃ ကျပ်ဝယ်ဈေး – ၂.၈၅ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်ကို လက်ခံကြောင်း ဟားမတ်စ်အဖွဲ့ထုတ်ပြန်

ဒိုဟာ၊ မေ-၇-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးဓါစာခံတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းရေးမှူးတွေရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း ကာတာနဲ့ အီဂျစ်တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။အဆိုပြုချက်ကို သဘောတူကြောင်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယတ်က ကာတာဝန်ကြီးချုပ်နဲ့ အီဂျစ်ထောက်လှမ်းရေး အကြီးအကဲတို့ကို အသိပေးထုတ်ပြန်ချက် ပေးပို့ခဲ့တာဖြစ်ပါတယ်။သဘောတူညီချက်ရဲ့ အခြေခံအချက်ကတော့ သီတင်းပတ်များစွာ အပစ်အခတ်ရပ်စဲပြီး ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးဖြစ်ပါတယ်။ ဟားမတ်စ်တို့အနေနဲ့ အခြေခံလိုအပ်ချက်တွေ ရရှိပါက ရန်လိုတဲ့လုပ်ရပ်တွေကို ထာ၀ရ အဆုံးသတ်ဖို့ သဘောတူထားကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတယောက် ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တို့လက်ခံထားတဲ့ သဘောတူညီချက်ဟာ အစ္စရေးရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ဝေးကွာနေပေမယ့် ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။အစောပိုင်းမှာ ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးက သတိပေးပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ထိခိုက်နိုင်ခြေရှိပြီး ရာဖာအရှေ့ပိုင်းနေသူတွေကို ဟားမတ်စ်တာဝန်ရှိသူတွေက သတိပေးထားပးပါတယ်။Ref:BBCPhoto:AFP

Read More

This Day in History

Voice of Myanmarလူသုံးကုန် အီလက်ထရွန်းနစ်ပစ္စည်းများကို အဓိကထုတ်လုပ်သော ဂျပန်အခြေစိုက် ဆိုနီကော်ပိုရေးရှင်းကို အိုင်ဘူကာမာဆူရူနှင့် မိုရီတာအာကီရိုတို့က ၁၉၄၆ ခုနှစ် မေ ၇ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

Read More

နစကလက်ထက်မှာ တပ်ပိုင်လေယာဥ်ပျက်ကျမှု ဆယ်ကြိမ်ထက်မနည်းရှိခဲ့

မေ ၊ ၇ ၊ ၂၀၂၄ SP (VOM) ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ်မှာ မနေ့ မတ် ၆ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က နစက စစ်သုံးရဟတ်ယာဥ် တစီးပျက်ကျခဲ့ပြီး ၊ အဲ့ဒီ ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာချက်အရ သိရပါတယ်။ သတင်းတွေအရ ပျက်ကျခဲ့တဲ့ အဲ့ဒီ ရဟတ်ယာဥ်ဟာ ကယားပြည်နယ် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က မြေပြင်ကနေ ဝေဟင်ကို ပစ်ချခဲ့တာကြောင့် အခုလို ရဟတ်ယာဥ် ပျက်ကျခဲ့တာဖြစ်ပြီး ၊ ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ တပ်မတော် အရာရှိ သုံးယောက်နဲ့ အခြားအဆင့် လေးယောက် ၊ စုစုပေါင်း ခုနှစ်ယောက်သေဆုံးကာ ၊ နှစ်ယောက် ဒဏ်ရာရထားတယ်လို့ ဖော်ပြထားပါတယ်။…

Read More

သာသနာ့ဗိမာန် နှင့် မလွန်ကွင်း

      ဆူးငှက်     မန္တလေးသည် သာသနာတော် စည်ကားခဲ့ရာမြို့တော် ဖြစ်လေသည်။ စာသင်၊ စာချ ဆရာတော်ကြီးများဖြင့် ပရိယတ္တိစာပေများ ထွန်းကားရာလည်း ဖြစ် ၏။ ၁၂၄၇ခု၊ အရှင်နှစ်ပါးပါတော်မူပြီး မှစ၍ သာသနာ ညှိုးမှိန်ခဲ့လေသည်။ ပါတော်မူပြီး၁၃နှစ်အကြာတွင် စာရင်းကောက်ယူသောအခါ စာသင်၊ စာချဆရာတော် အပါးရေ ထက်ဝက်ကျော်မျှ လျော့နည်းသွားကြောင်းတွေ့ရှိရလေ၏။ ပါတော်မူချိန်ကာလက စာချဆရာတော် ၁၁၆၆ပါး (ဥသြသံသာ) ရှိခဲ့သည်။     ဤကဲ့သို့ သာသနာတော် မှေးမှိန်မည့် အရိပ်အရောင်ကြောင့် မန္တလေးမြို့ ဆိုင်းတန်းရပ် ပွဲစားကြီးဦးထွန်း အပါအဝင် သာသနပါလ ဥပါသကာ ၁၂ဦး သည် မိုးတားတိုက် သာသနာပိုင် ဆရာတော် ဦးသုဇာတ အမှူးပြုသော ဆရာတော်ကြီး ၁၈ပါး၏သြဝါဒကိုခံယူကာ ၁၂၆ဝခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ‘မန္တလေးမြို့ ပရိယတ္တိ သာသနဟိတအသင်းကြီး’…

Read More

တရုတ်နဲ့တင်းမာနေစဉ် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းမှာ အမေရိကန်နဲ့ဖိလစ်ပိုင် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်

မနီလာ၊ မေ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ ပင်လယ်ပြင်မှ ကျူးကျော်ဝင်ရောက်လာမှုကို ချေမှုန်းတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းမှာ ဒီနေ့ မေ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ဖိလစ်ပိုင်မြောက်ပိုင်း Ilocos Norte ပြည်နယ်မှာ ရေပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တင့်ကားဖျက် ဂျက်ဗလင်ဒုံးကျည်တွေပစ်ခတ်တာတွေနဲ့ ဟောင်ဝှစ်ဇာအမြောက်တွေကို ကမ်းရိုးတန်းမှ ၁ ကီလိုမီတာထိ ပစ်ခတ်လေ့ကျင့်ခဲ့ကြသလို ရန်သူတပ်တွေ ကမ်းခြေကိုဆင်းသက်တာကို ကာကွယ်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား တင်းမှုမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်က တရုတ်ကမ်းခြေစောင့်တပ်တွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ စကားဘော့သောင်ခုံမှာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကိုရည်ရွယ်လုပ်ဆောင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာမရှိပေမယ့်…

Read More

ယနေ့ ရွှေဈေး (မေ – ၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အစ္စရေး-ဟားမတ်စ် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဖိအားပေးရန် စီအိုင်အေ အကြီးအကဲ ကာတာကို သွားရောက်

ဒိုဟာ ၊ မေ-၆-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေရပ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဆွေးနွေးပွဲတွေမှာ အတားအဆီးတွေနဲ့ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်မှာ အမေရိကန် စီအိုင်အေ အကြီးအကဲဟာ ကာတာနိုင်ငံကို သွားရောက်နေပါတယ်။စီအိုင်အေ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဝီလီယံဘန်းစ်ဟာ ကာတာဝန်ကြီးချုပ်နဲ့ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ကာတာကို သွားရောက်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနကင ဖော်ပြထားပါတယ်။ဂါဇာမှာ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟာမတ်စ်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ အစ္စရေးနဲ့ သဘောတူညီချက်တစုံတရာမရဘဲ အီဂျစ်ကနေ ပြန်သွားပြီဖြစ်ပါတယ်။စီအိုင်အေညွှန်ကြားရေးမှူးရဲ့ ကာတာခရီးစဉ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ အမြင့်ဆုံးဖိအားပေးဖို့ ရည်ရွယ်ထားကြောင်း ရိုက်တာက က ဖော်ပြထားပါတယ်။ကာတာ၊အီဂျစ်နဲ့ အမေရိကန်တို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဖျန်ဖြေပေးနေပြီး ဟားမတ်စ်တို့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေဟာလည်း ကာတာမှာ အခြေစိုက်ပါတယ်။ ဒီအတောအတွင်း ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့ပါတယ်။Ref:NHKPhoto:Reuters

Read More
VOM News

FREE
VIEW