ဂျပန်မှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်စစ်တပ် စီစဉ်နေ

တိုကျို၊ မေ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံအနီး၌ ဖြစ်ပေါ်နိုင်ခြေရှိသော အရေးပေါ်အခြေအနေများအတွက် လျှင်မြန်သော တုံ့ပြန်နိုင်စွမ်းအားကို မြှင့်တင်ဖို့အတွက် ဂျပန်နိုင်ငံမှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေပါတယ်။Valiant Shield လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စစ်တပ်ဟာ ဂူအမ်နဲ့ အခြားနေရာတွေမှာ နှစ်နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ကြည်း၊ ရေ၊ လေနဲ့မရိန်းတပ်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို ဇွန်လအစောပိုင်းမှာပြုလုပ်ဖို့ စီစဉ်နေပြီး သီတင်းနှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှာဖြစ်ပါတယ်။ဂျပန်စစ်တပ်လေယာဉ်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်တိုက်လေယာဉ်တွေဟာ အမေရိကန်အခြေစိုက်စခန်းတွေနဲ့ ဂျပန်အခြေစိုက်စခန်းတွေကို လာရောက်မှာဖြစ်ပါတယ်။ဂျပန်အရှေ့မြောက်ပိုင်းရှိ ဂျပန်စစ်တပ် အခြေစိုက်စခန်းတွေဟာ ဝန်းကျင်ဒေသမှာ ကင်းလှည့်လေယာဉ်၊ တိုက်လေယာဉ်နဲ့ အခြားလေယာဉ်တွေနဲ့အတူ ကင်းလှည့်တာတွေ ပြုလုပ်နေပြီး အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာဖြစ်ပါတယ်။ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေတိုးမြှင့်လာချိန်မှာ အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီယားတို့လို အဓိက မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျှက်ရှိပါတယ်။Ref:NHKPhoto:US Navy

Read More

This Day in History

Voice of Myanmarအမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘရွတ်ကလင်းနှင့် မန်ဟန်တန်ကို ဆက်သွယ်ပေးထားသော ဘရွတ်ကလင်း တံတားကို ၁၈၈၃ ခုနှစ် မေ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းတံတားသည် ထိုအချိန်က ကမ္ဘာ့အကြီးဆုံး ကြိုးတံတားဖြစ်ပြီး ၁၃ နှစ်ကြာ တည်ဆောက်ခဲ့ရသည်။

Read More

မြန်မာပြည် အလယ်ပိုင်းက လဝက ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မေ ၂၄ ၊ ၂၀၂၄SP (VOM)အခုရက်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့ ဒေသတွင်း လက်နက်ကိုင် PDF တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာ အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” အခုရက်ပိုင်း ဖမ်းဆီးခံရတဲ့ လဝက ဝန်ထမ်းတွေကတော့ ရေစကြို ၊ စစ်ကိုင်း ၊ မုံရွာ ၊ ဒီပဲယင်းနဲ့ တီးတိန်စတဲ့ မြို့နယ်ဘက်တွေမှာဖြစ်တယ် ၊ ဖမ်းဆီးခံရတာ ဝန်ထမ်း ငါးယောက်ထက်မနည်း ရှိနေပြီး ” လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။မနေ့ မေ ၂၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့အဝင် ၊ တမာတန်းလမ်းဆုံနားမှာ ဒေသတွင်း လက်နက်ကိုင် PDF…

Read More

ဆိုလာအားသွင်းရာကနေ စစ်တွေ သက္ကယ်ပြင်စျေး မီးလောင် ၊ ဆိုင်ခန်း ၆၀ ကျော် ပျက်စီး

မေ ၊ ၂၄ ၊ ၂၀၂၄TT (VOM)ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ သက္ကယ်ပြင်စျေးမှာ မနေ့ မေ ၂၃ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်ကမီးလောင်မှုဖြစ်ခဲ့တယ်လို့ ပြည်နယ်မီးသတ်ရုံးဆီက သိရပါတယ်။မီးသတ်တပ်ဖွဲ့ဝင် တယောက်က” မီးသတင်းရတာက ညနေ ၃ နာရီ ၁၅ မှာ စတင်ရရှိတယ် ၊ မီးငြိမ်းသတ်ချိန် တနာရီနီးပါးကြာမြင့်တယ် ၊ မီးစတင်လောင်ကျွမ်းရတဲ့ ဖြစ်စဥ်က သက္ကယ်ပြင်စျေးမှာရှိတဲ့ ဖိနပ်ဆိုင်တခုက ဆိုလာအားသွင်းတယ် ၊ အဲ့ဒီဆိုလာက အပူရှိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်တယ် ၊ အဲ့ဒီကနေ စတင်ပြီး ဆိုင်ခန်း ၆၀ ကျော် မီးကူးစက် လောင်တယ် ၊ ဆုံးရှုံးမှုတန်းဘိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းက” ပြီးခဲ့တဲ့ ၂၀၂၃…

Read More

ရခိုင်စစ်ဘေးရှောင်တွေ မိုးတွင်း နေထိုင်ရေး အခက်အခဲဖြစ်နေ

မေ ၂၃ – ၂၀၂၄ SN (VOM) နေရပ်မပြန်နိုင်သေးတဲ့ ရခိုင်စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီမှာ နေထိုင်ရေး ဆိုးရွားစွာ အခက်အခဲနေတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်က အရပ်သားပြည်သူ လေးသိန်းနီးပါး နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ “ခုထိ နေရပ်မပြန်နိုင်သေးတဲ့သူတွေ ရှိတယ်။ နဂိုကတည်းကမှ ဘေးကင်းလုံခြုံတဲ့ အမိုးအကာတွေ မရှိသလို အိပ်စက်ဖို့အတွက် နေရာအခက်အခဲတွေပါ ရှိနေရတဲ့အထဲ မိုးရာသီရောက်လာတော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ မိုးရွာတော့ ချက်ပြုတ်ဖို့နေရာ၊ အိပ်မယ့်နေရာတွေအကုန် မိုးရေစိုကုန်ပြီ။ အမိုးအကာအကူအညီတွေ အရေးတကြီး လိုနေပါတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ မေ ၂၃…

Read More

ယနေ့ ရွှေဈေး (မေ – ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မန်တုံမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်၊ ပစ္စည်း အများအပြား ပျက်စီး ဆုံးရှုံး

မေ ၂၃၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မိုးသည်းထန် တာကြောင့်ရေကြီးရေလျှံ ဖြစ်တဲ့အပြင် လေပြင်းတိုက်လို့ နေအိမ်၊ ပစ္စည်း အများအပြား ပျက်စီး ဆုံးရှုံး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးရွာလို့ ရေကြီးပြီး ချောင်းနားက နေအိမ်တွေ ရေမြှုပ်ကုန်တာ။ ဆိုင်တွေရော မြှုပ်ကုန်တာ။ ဆိုင်တွေဆိုရင် ဆန်တွေရော၊ ခေဲါက်ဆွဲ ဖာတွေရောပေါ့။ ဆယ်ယူထားရင်လည်းဘာမှ လုပ်လို့ မရတော့ဘူးလေ။ အကုန်ရှုံးကုန်တာ။” လို့ အမျိုးသမီး တယောက်က ပြောပါတယ်။ မန်တုံမြို့ အနိမ့်ပိုင်းက နေအိမ်တွေ အများအပြား ရေမြှုပ်သွားတာကြောင့် နေအိမ် တွေထဲမှာ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေ ရွှံ့ဗွက်တွေနဲ့ပါ ရောနှောကုန်တာကြောင့် ပျက်စီးကုန်တယ်လို့ သူကပြောပါတယ်။ “နေအိမ်တွေက ဆယ်အိမ်ကျော်လောက် ရှိမယ်။…

Read More

စက်ရုံအလုပ်သမားတွေ လုပ်ခတိုးမြင့်လာပေမယ့် လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရ

  မေ ၂၃ – ၂၀၂၄ SN (VOM) စက်ရုံတွေမှာ လုပ်သားလိုအပ်ချက်အရ လုပ်ခတိုးမြှင့်ပြီး လုပ်သားခေါ်ယူ စုဆောင်းတာတွေရှိနေပေမယ့် တိုးထားတဲ့ လုပ်ခနဲ့မတန်အောင် မတရားခိုင်းစေမှု၊ လုပ်ငန်းခွင်ဖိနှိပ်မှုတွေ ရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။ ရန်ကုန်မြို့ရှိ စက်ရုံတချို့မှာ တရက်လုပ်ခလစာ မြန်မာကျပ်ငွေ ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ် စသဖြင့် တိုးမြှင့်ပေးလာတာတွေ ရှိသလို စက်ရုံတချို့ကတော့ တရက်လုပ်ခကို ကျပ် ၆၀၀၀ ကနေ ၇၅၀၀ ကျပ်လောက်အထိ တိုးမြှင့်ပေးလာတာတွေ ရှိပေမယ့် နားချိန် ခဏသာပေးပြီး အလုပ်ပိုခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “အာဝါတီ (သတ်မှတ်ထုတ်ကုန်စံချိန်) တွေ ပိုတိုးပြီး အတောင်းခံရတယ်။ အာဝါတီမပြည့်ရင် အလုပ်ပိတ်ရက်မှာတောင် ပိုက်ဆံမရဘဲ အလုပ်သွားဆင်းပေးရတယ်။ OT ကြေး…

Read More

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ ကြေညာ

မက်ဒရစ်၊ မေ-၂၃-၂၀၂၄မျိုးဆက်(VOM)အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် မေ ၂၈ ရက်ကစပြီး အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ အစ္စရေးကို ဆန့်ကျင်တာမျိုးမဟုတ်သလို ဟားမတ်စ်တို့ကို ထောက်ခံခြင်းလည်းမဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။အခုလို ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကြောင့် အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တု့ိက အစ္စရေးသံတမန်တွေကို ပြန်လည်ခေါ်ယူထားပါတယ်။ဟားမတ်စ်နဲ့ ပါလက်စတိုင်းအာဏာပိုင်တွေကတော့ ဒီလိုကြေညာချက်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။“ ဒါဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ တခုတည်းသော အဖြေအတွက် ရင်းနှှီးမြုပ်နှံမှုတခုဖြစ်ပါတယ်” လု့ိ နော်ေ၀၀န်ကြီးချုပ် Jonas Gahr Støre ကပြောပါတယ်။ပါလက်စတိုင်းလူမျိုးတွေနဲ့ အစ္စရေးလူမျိုးတွေအတွက် တန်းတူရည်တူ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မိမိတို့ရဲ့ တိကျရှင်းလင်းတဲ့ ထောက်ခံမှုကို ယနေ့ပြသလိုက်တာဖြစ်တယ်လို့…

Read More

ဖောင်းပြင်နယ်မှာ နစက တပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိ

မေ ၂၃ ၊ ၂၀၂၄SP ( VOM)စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ နန်းပန်ကျေးရွာနဲ့ ရွှေထီးကုန်းကျေးရွာတွေနားမှာ နစက တပ်နဲ့ PDF တွေကြား မနေ့ မေ ၂၂ ရက်က တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” တိုက်ပွဲဖြစ်တာ နှစ်ရက် သုံးရက်ရှိပြီ ၊ လူသေဆုံးမှုတွေရှိသလို ၊ PDF စခန်းတခုလည်း သိမ်းဆည်းခံရတယ် ၊ တိုက်ပွဲက ဒီကနေ့လည်း ဆက်ပြီး ဖြစ်နေတုန်းပဲ ” လို့ ဒေသခံတယောက်က ပြောပါတယ်။မော်လိုက်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖောင်းပြင်နယ်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ ထိတွေ့မှုတွေ တနေ့ကနဲ့ မနေ့က နှစ်ရက်ဆိုက်တိုက်ဖြစ်တယ်။ မေ ၂၁ ရက် ၊ ညနေ ၄…

Read More
VOM News

FREE
VIEW