ဂါဇာစီးတီး၊ ဇွန်-၆-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ကျောထောက်နောက်ခံနဲ့အတူ ဂါဇာအလယ်ပိုင်းရှိ ဟားမတ်စ်တိုကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးသစ် စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဂါဇာအလယ်ပိုင်းရှိ ဒီယာအယ်လ်ဘာလာမြို အရှေ့ပိုင်းဒေသတွေနဲ့ ဘူရီဂျ်ဒုက္ခသည်စခန်းကို လက်ရှိမှာ ထိန်းချုပ်ထားနိုင်ပြီလို အစ္စရေးစစ်တပ်က ဆိုပါတယ်။ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ်လိုဒေသခံတွေက ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် အမျိူးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၇၀ ထက်မနည်းသေဆုံးခဲ့ပြီး အလောင်းတွေကို ဆေးရုံပိုထားတယ်လို Médecins Sans Frontières ကူညီရေးအဖွဲက ဆိုပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစားခံလွတ်မြောက်ရေး သဘောတူညီချက်သစ်ကို အပြီးသတ်နိုင်ရေးအတွက် အမေရိကန် ၊ အီဂျစ်နဲ့ ကာတာစေ့စပ်ညှိနှိင်းရေးမှူးတွေက ဒိုဟာနဲ့ ကိုင်ရိုမှာ တွေ့ဆုံညှိနှိင်းနေကြစဉ်မှာ အစ္စရေးက ဂါဇာအလယ်ပိုင်းမှာ စစ်အဆင်ရေးအသစ် စတင်နေတာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်နဲ့ပတ်သက်ပြီး ဟားမတ်စ်တိုရဲ့ တုံပြန်မှုကို စောင့်ဆိုင်းနေကြောင်း အမေရိကန်က ပြောပါတယ်။ ဒီအဆိုပြုချက်ကို ဟားမတ်စ်ကိုယ်စားလှယ်ထံ ကာတာက ပေးအပ်ခဲ့ပြီး အစ္စရေးအစိုးရရဲ့ ရှင်းလင်းတဲ့ ရပ်တည်ချက်ကိုလည်း စောင့်ဆိုင်းနေဆဲဖြစ်တယ်လို ပြောပါတယ်။
Ref:BBC
Photo:Reuters/AFP