ထိုင်ဝမ်အတွက် အက်ဖ်-၁၆ တိုက်လေယာဉ်အပိုပစ္စည်း ဒေါ်လာသန်း ၃၀၀ ဖိုးရောင်းဖို အမေရိကန်အစိုးရ အတည်ပြု

 

ဝါရှင်တန်၊ ဇွန်-၆-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်အစိုးရဟာ ထိုင်ဝမ်အတွက် အက်ဖ်-၁၆ တိုက်လေယာဉ်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၃၀၀ ဖိုးရောင်းချဖို သဘောတူလိုက်ပါတယ်။

ပင်တဂွန် ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီရဲ့ ရောင်းချရန်အဆိုပြုချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီးနောက် ဆုံးဖြတ်ချက်ကို ကွန်ဂရက်ထံ အကြောင်းကြားခဲ့ပါတယ်။

ဒါဟာ မေလအတွင်းက ထိုင်ဝမ်သမ္မတသစ် လိုင်ကျင်းတီ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုင်ဝမ်အတွက် အမေရိကန်က ပထမဆုံးအကြိမ် လက်နက်ရောင်းချမှုလည်း ဖြစ်ပြီး ထိုင်ဝမ်ကာကွယ်ရေး ကဏ္ဍမှာ အမေရိကန်ရဲ့ ဆက်လက်ပါဝင်မှုကို ထင်ရှားစွာ ပြသနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်တိုဟာ စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးဖိုရမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်အရေး အမြင်ချင်းဖလှယ်ခဲ့ကြပေမယ့် မတူကွဲပြားမှုတွေက ရှိနေဆဲဖြစ်ပါတယ်။

နှစ်ဘက်ဆွေးနွေးမှုအတွင်း ထိုင်ဝမ်ဝန်းကျင်မှာ တရုတ်နိုင်ငံရဲ့ပြီးခဲ့တဲ့လက စစ်ရေးလေ့ကျင့်မှုဟာ ရန်စတာလို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိက်အော်စတင်က ပြောဆိုခဲ့ပြီး တရုတ်ပြည်တွင်းရေးကို အမေရိကန်အနေနဲ့ ဝင်မစွက်သင့်ဘူးလို တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်က တုံပြန်ပြောဆိုခဲ့ပါတယ်။

Ref:NHK
Photo:CNA

Related posts

Leave a Comment

VOM News

FREE
VIEW