အနောက်အုပ်စုကို တိုက်ခိုက်မယ့်နိုင်ငံတွေကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို ပူတင် ခြိမ်းခြောက်

 

မော်စကို၊ ဇွန်-၆-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းအတွက် အနောက်အုပ်စုနိုင်ငံတွေက တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးသလိုမျိုး ရုရှားကလည်း အနောက်အုပ်စု ပစ်မှတ်တွေကို တိုက်ခိုက်မယ့် အခြားနိုင်ငံတွေအတွက် အလားတူလက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ဖိုကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ခွင့်ပြုပြီးနောက် ပြည်ပသတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ ရှားရှားပါးပါး သတင်းစာရှင်းလင်းပွဲမှာ ပူတင်ကအခုလို ပြောဆိုခဲ့တာပါ။

“ တစုံတယောက်က ကျွန်တော်တို နယ်မြေတွေကို တိုက်ခိုက်ပြီး ပြသနာတွေဖန်တီးဖို စစ်ပွဲဇုန်တခုကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို ထင်ရင် အနောက်အုပ်စုရဲ့ ထိရှလွယ်တဲ့အဆောက်အအုံတွေကို တိုက်ခိုက်မယ့် နိုင်ငံတွေကို ရုရှားကလည်း အလားတူလက်နက်တွေကို အခြားနိုင်ငံတွေအတွက် ထောက်ပံ့ခွင့်ရှိတယ်မဟုတ်လား ”လို ပူတင်ကပြောပါတယ်။

ဒီအချက်က အချိုးမညီမျှမှုဖြစ်ပြီး ဒါကို ရုရှားအနေနဲ့ ပြန်လည် စဉ်းစားမှာပါလို ရုရှားသမ္မတ ပူတင်ကဆိုပါတယ်။
“စစ်ဇုန်တွေကို လက်နက်တွေပေးအပ်တာဟာ အမြဲဆိုးရွားစေပါတယ်။ ပေးပိုသူတွေဟာ လက်နက်တွေပေးရုံတင်မဟုတ်ဘဲ အဒီနိုင်ငံတွေကို ထိန်းချုပ်ထားရင် ပိုဆိုးတယ်” လို သူက ပြောပါတယ်။

ရုရှားအနေနဲ့ အနောက်အုပ်စုနဲ့ ပဋိပက္ခတွေဖြစ်ပြီး တင်းမာနေတဲ့ ဘယ်နိုင်ငံတွေကို လက်နက်ထောက်ပံ့ပေးနိုင်တယ်ဆိုတာကိုတော့ သမ္မတပူတင်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW