ထိုင်းမှာ ခွဲစိတ်ဖိုစောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတယောက် ဆေးရုံပေါ်မှာ ပစ်သတ်ခံရ

 

ဘန်ကောက်၊ ဇွန်-၇-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ Muang ခရိုင်ရှိ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသဖို စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတယောက် ဆေးရုံပေါ်မှာ ပစ်သတ်ခံခံရတယ်လို ထိုင်းရဲတွေက ပြောပါတယ်။

ပစ်ခတ်မှုဟာ Khon Kaen ဆေးရုံရဲ့ အမျိုးသားခွဲစိတ်ကုသဆောင်မှာ မနေ့က မနက်အစောပိုင်း ၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တာလို ခရိုင်ရဲတပ်ဖွဲမှူး ကပြောပါတယ်။

သေနတ်သမားဟာ ဆေးရုံကို ဧည့်သည်အဖြစ်ဟန်ဆောင် ဝင်ရောက်လာပြီး သူနာပြုကို စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပြီးနောက် ကျော်စွာအောင်ရဲ့အခန်းထဲကို ရောက်လာပစ်ခတ်ပြီး ချက်ချင်းထွက်ပြေးသွားတယ်လို ရဲတပ်ဖွဲကပြောပါတယ်။

ရဲတပ်ဖွဲရောက်ရှိသွားချိန်မှာတော့ မြန်မာနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ကျော်စွာအောင်ကို ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ တွေ့ရှိခဲ့ပြီး အရေးပေါ်ကုသမှုတွေပေးပေမယ့် သေဆုံးခဲ့တယ်လို ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

သူ့ရဲ့ ချစ်သူဖြစ်သူ အမည်မဖော်လိုတဲ့ ထိုင်းမိန်းကလေးပြောတာကတော့ ကျော်စွာအောင်ရဲ့ ကျောမှာအကြိတ်တွေ့တာကြောင့် ခွဲစိတ်ကုသမှုခံယူဖို ဆေးရုံမှာ စောင့်ဆိုင်းနေတာဖြစ်ပြီး သူတိုဟာ ငါးဖမ်းပိုက်စက်ရုံတရုံမှာ အတူအလုပ်လုပ်ကိုင်ပြီး အခန်းငှားနေကြတာ လေးနှစ်ရှိပြီလို ဆိုပါတယ်။

သူဟာ ဘယ်သူနဲ့မှ ပြသနာဖြစ်လေ့ရှိသူမဟုတ်ကြောင်း၊ ဒါပေမယ့် သူဟာ သူ့ရဲ့စက်ရုံတူ သူငယ်ချင်းတယောက်ကို ATM ကဒ်ကို အာမခံအနေနဲ့ထားပြီး ဘတ် ၁၂၀၀၀ ချေးယူခဲ့တာကို သိခဲ့ရတယ်လို ပြောပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲဟာ စီစီတီဗီမှတ်တမ်းတွေကို စစ်ဆေးနေပြီး အထူးသဖြင့် ငါးဖမ်းပိုက်စက်ရုံကနေ တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတယောက် အပါအဝင် တရားခံကို သဲလွန်စရဖို စုံစမ်းစစ်ဆေးနေပါတယ်။

Ref:Bangkok Post
Photo:Bangkok Post

Related posts

Leave a Comment

VOM News

FREE
VIEW