အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းလာပြောဖို အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေ ဖိတ်ကြား

 

ဝါရှင်တန်၊ ဇွန်-၇-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်မှာ ဇူလိုင် ၂၄ ရက်မှာ မိ်န့ခွန်းပြောကြားမယ်လို လွှတ်တော်ခေါင်းဆောင်တွေက အတည်ပြုပြောဆိုပါတယ်။

ဂါဇာစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်မှ အမေရိကန်ကွန်ဂရက်လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဖိုကို အမေရိကန် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ရပ်စလုံးက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုကာ အစ္စရေးဝန်ကြီးချုပ် နေတန်ဟာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ဂယ်လန့်တိုကို ဖမ်း၀ရမ်းထုတ်ဖို လုပ်ဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ အစ္စရေးကို လူသတ်သမားတွေလို ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အိုင်စီစီရဲ့ လုပ်ရပ်လို နေတန်ယာဟုက ရှုတ်ချပြောဆိုထားပါတယ်။

အစ္စရေးနဲ့ အမေရိကန်အကြား အထူးသဖြင့် အမေရိကန်ထိပ်တန်းဒီမိုကရက်တစ်တွေအကြား သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာချိန်မှာ နေတန်ယာဟုရဲ့ အမေရိကန် ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီမိုကရတစ်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဂါဇာစစ်ပွဲဆက်လက်ဖြစ်ပွားပြီး သေဆုံးသူမြင့်တက်လာတဲ့အပေါ် အစ္စရေးကို ဝေဖန်ပြစ်တင်မှုတွေ တိုးလာပါတယ်။ လတ်တလေမှာတော့ အစ္စရေး ဂါဇာအလယ်ပိုင်းမှာ စစ်ဆင်ရေးသစ် စတင်နေပြီး မနေ့က ပါလက်စတိုင်း ၇၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW