ယနေ့ ရွှေဈေး (ဇွန် – ၁၁ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၄ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အပိတ်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၈၂၉၈၁ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

အလုံမှာ လူငယ် အမျိုးသားတယောက် ခြောက်လွှာတိုက်ပေါ်က ခုန်ချ သေဆုံးမှုဖြစ်ပွား

  ဇွန် ၁၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဒီကနေ့ ဇွန် ၁၁ ရက်၊ မနက်ပိုင်းက လူငယ် အမျိုးသားတယောက် ခြောက်လွှာတိုက်ပေါ်ကနေ ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သံဝေဂ လူမှုကူညီရေးအသင်းမှ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပေါ်က ခုန်ချ သေဆုံးခဲ့သူဟာ အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။ “အခင်းဖြစ်နေရာကို ကျွန်တော်တို့ ရောက်သွားတော့ ခုန်ချတဲ့လူက အသက်မရှိတော့ဘူး။ နေရာမှာတင် သေနေပြီ။ ဘာ့ကြောင့် ခုန်ချလဲတော့ မသိရဘူးပေါ့။ သူ့အိမ်ကတော့ မနက် ၉ နာရီ၊ မိနစ် ၄၀ မှာ ကျတယ် ပြောတာပဲ” လို့ သံဝေဂ လူမှုကူညီရေးအသင်းမှ…

Read More

စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းထက် အောင်ချက် ၁၀ ရာခိုင်နှုန်း လျော့ကျ

  ဇွန် ၁၁ – ၂၀၂၄ SN (VOM) စနစ်သစ်နဲ့ ပထမဆုံး သင်ကြားဖြေဆိုခဲ့တဲ့ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းထက် အောင်ချက် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ဌာန‌အနေနဲ့ ဒီကနေ့ ဇွန်လ ၁၁ ရက်၊ မနက်ပိုင်းက ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပြီး အထူး အစီအစဉ်တရပ်အဖြစ် ထပ်မံကျင်းပပေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကိုပါ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အောင်ချက် ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရှိကာ ပြီးခဲ့တဲ့ ၂၀၂၂ – ၂၀၂၃ စနစ်ဟောင်းမှာတော့…

Read More

ယနေ့ ရွှေဈေး (ဇွန် – ၁၁ ရက်၊ နံနက် ၉ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၄ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၈၂၉၈၁ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

နယ်စပ်မျဉ်းကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို တောင်ကိုရီးယားစစ်တပ် သတိပေးပစ်ခတ်

  ဆိုးလ်၊ ဇွန်-၁၁-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားစစ်သားတွေဟာ နှစ်နိုင်ငံကြား နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယား စစ်သား ၁၀ ယောက်ကျော်လောက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နေ့လယ်ပိုင်းက ကုန်းမြေနယ်နိမိတ်ကို မှားယွင်းရောက်လာခဲ့ပုံရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုထားပြီး သတိပေးပစ်ခတ်ပြီးနောက်မှာ သူတို့နယ်မြေထဲကို ချက်ချင်းဝင်ရောက်သွားကြတယ်လို့ ပြောပါတယ်။ ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ ပေါက်ခွှန်းနဲ့ အခြားသော ကိရိယာတန်ဆာပလာတွေလည်း ယူလာကြတယ်လို့ တောင်ကိုရီးယား စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေရာဟာ သစ်တောနယ်မြေဖြစ်ပြီး စစ်ဘက်နယ်နိမိတ်မျဉ်းတည်ရှိရာနေရာကို ညွှန်ပြတဲ့ ဆိုင်းဘုတ်တွေကို ရှင်းလင်းစွာမြင်နိုင်ဖွယ်မရှိဘူးလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ အမှိုက်မိုးပျံပူပေါင်းတွေ လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်ချိရေးကို အသံချဲ့စက်တွေနဲ့ ပြန်လည်ပြုလုပ်နေပါတယ်။ မကြာသေးမီက…

Read More

ရုရှားရဲ့ နျူကလီးယားစစ်ရေးလေ့ကျင့်မှုမှာ ဘီလာရုစ်နိုင်ငံ ပါဝင်လာ

  မင့်စ်၊ ဇွန်-၁၁-၂၀၂၄ မျိုးဆက်(VOM) ဘီလာရုစ်စစ်တပ်ဟာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်မှာ ပါဝင်နေတယ်လို ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရုရှားဟာ သူ့ရဲ့နျူကလီးယားလက်နက်တွေကို ဘီလာရုစ်မှာ ဖြန့်ကြက်ချထားသော်လည်း ဒီလက်နက်တွေပါဝင်တဲ့ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဘီလာရုစ်က ပထမဆုံးအကြိမ် ပါဝင်လာတာလည်းဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ထိုးစစ်အခြေစိုက်စခန်းဖြစ်တဲ့ တောင်ပိုင်းစစ်ဒေသမှာ နျူကလီးယားစစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားအစိုးရရဲ့ နျူကလီးယားလက်နက်စွမ်းရည်ကို မြှင့်တင်မှုဖြစ်ပြီး မကြာသေးမီက ရုရှားနိုင်ငံထဲကပစ်မှတ်တွေကို ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို ပစ်ခတ်ခွင့်ယူကရိန်းကို ပြုလိုက်တဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို တားဆီးရန်ကြိုးပမ်းမှုအဖြစ် အကဲခတ်တွေက ရှုမြင်ထားကြပါတယ်။ ဘီလာရုစ်နဲ့ ရုရှားတိုအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို တုံပြန်ရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားကြောင်း ဘီလာရုစ်သမ္မတက ထုတ်ဖော်ပြောဆိုထားပြီး အနောက်အုပ်စုခေါင်းဆောင်တွေက ပြင်းထန်တဲ့ စစ်ရေးမူဝါဒတွေကို ကျင့်သုံးနေတာကြောင့် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက်…

Read More

တရုတ်မှာ အမေရိကန်ကျောင်းဆရာလေးယောက် ဓါးထိုးခံရလို ဆေးရုံရောက်

  ပေကျင်း၊ ဇွန်-၁၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံရှိ အများပြည်သူဆိုင်ရာ ပန်းခြံတခုမှာ အမေရိကန် တက္ကသိုလ်ဆရာလေးယောက် ဓါးထိုးခံရတာကြောင့် ဆေးရုံတင်ထားရတယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း ဂျီလင်ပြည်နယ်ရှိ ပန်းခြံတခုကို နေခင်းဘက် အလည်အပတ်သွားရောက်ချိန်မှာ အိုင်အိုဝါကော်နဲလ်တက္ကသိုလ်မှ ဆရာလေးယောက် ဓါးထိုးခံခဲ့ရခြင်းဖြစ်ကြောင်း ကောလိပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတိုအဖွဲဟာ ဇွန် ၁၀ ရက်မှာ ဒေသတွင်းရှိ ဘုရားကျောင်းတခုကို လာရောက်ပြီးနောက် ပန်းခြံကို သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို အစီရင်ခံစာတွေရရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ကော်နဲလ်တက္ကသိုလ်မှ ဆရာလေးယောက်ဟာ တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုနဲ့ ပူးပေါင်းဆောင်ရွက်မှုတစိတ်တပိုင်းအဖြစ် သင်ကြားပိုချပေးနေတာဖြစ်ပြီး လက်ရှိဖြစ်စဉ်အပေါ် တရုတ်အာဏာပိုင်တွေက တုံပြန်မှုမရှိသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံရှိ လူမှုကွန်ရက်တွေမှာတော့ ဒီကိစ္စဟာ အလျင်အမြန် ပျံ့နှံခဲ့ပြီး ဓါးထိုးခံရတဲ့ လေးယောက်အနက် သုံယောက်သွေးထွက်လွန်လဲကျနေတဲ့ ဓါတ်ပုံတွေ ပျံ့နှံနေပြီး တရုတ်သတင်းဌာနတွေကတော့ သတင်းဖော်ပြတင်ဆက်မှု အနည်းငယ်သာရှိပါတယ်။…

Read More

ကြားဖြတ်ဒုံးကျည်တွေ အပါအဝင် အမေရိကန်နဲ့ ဂျပန်တို ကာကွယ်ရေးပစ္စည်း ပူးပေါင်းထုတ်လုပ်မယ်

  တိုကျို၊ ဇွန်-၁၁-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ ဂျပန်နိုင်ငံတိုဟာ ကာကွယ်ရေးပစ္စည်းတွေ ပူးတွဲထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက် တာဝန်ရှိသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်နိုငငံ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ အဲဒီတွေ့ဆုံမှုမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝယ်ယူရေး၊ နည်းပညာနဲ့ ထောက်ပံ့ပိုဆောင်ရေးအေဂျင်စီ ကော်မရှင်နာ ဖူကာဆာဝါမာဆာကီနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဝီလီယံလာပလန်တီတိုလည်း တက်ရောက်ခဲ့ကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကာရှီဒါနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တိုအကြား ဧပြီလမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစနဲ့ပတ်သက်ပြီး သဘောတူခဲ့ကြပြီးနောက် လက်ရှိမှာ နှစ်ဘက်အကြား အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ PAC-3 ကြားဖြတ်ဒုံးကျည်စနစ်အပါအဝင် စစ်ဘက်သုံး ပစ္စည်းကိရိယာများ ပူးပေါင်းထုတ်လုပ်ရေးအတွက် လုပ်ငန်းအဖွဲလေးဖွဲဖွဲစည်းရန် သဘောတူခဲ့ကြပါတယ်။ နည်းပညာလွှပြောင်းခြင်းအပြင် အခြားနည်းလမ်းများဖြင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများပူးပေါင်းထုတ်လုပ်မှုကို အားကောင်းစေရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအစည်းအဝေးကို အမေရိကန်နဲ့ ဂျပန် ကုမ္ပဏီပေါင်း ၁၀ ခုကျော်တက်ရောက်ခဲ့ကြပြီး အစိုးရနဲ့…

Read More

မာလာဝီဒုသမ္မတနဲ့ အခြားကိုးယောက်လိုက်ပါသွားတဲ့လေယာဉ် ပျောက်ဆုံးမှု အပူတပြင်းရှာဖွေနေ

  လီလောင်းဂွေလ်၊ ဇွန်-၁၁-၂၀၂၄ မျိုးဆက်(VOM) မာလာဝီဒုတိယသမ္မတ ဆော်လိုစ်ချီလီမာနဲ့ အခြားကိုးယောက်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ ပျောက်ဆုံးနေကြောင်း မာလာဝီသမ္မတရုံးက ထုတ်ပြန်ပါတယ်။ မာလာဝီစစ်တပ်ရဲ့ အဲဒီလေယာဉ်ဟာ ဇွန် ၁၀ နံနက်ပိုင်းက မြိုတော် လီလောင်းဂွေလ်ကနေ ထွက်ခွာပျံသန်းလာပြီးနောက် လေယာဉ်ဟာ ရေဒါကနေ ပျောက်ဆုံးသွားတယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ နိုင်ငံမြောက်ပိုင်း အမ်ဇူဇူ နိုင်ငံတကာလေဆိပ်မှာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက ဆင်းသက်ဖို စီစဉ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ “ စစ်သားတွေ မြေပြင်မှာ ရှာဖွေမှုတွေ ဆက်လုပ်နေတုန်းပဲ။ လေယာဉ်ကို ရှာမတွေ့မချင်း စစ်ဆင်ရေးတွေကို အပူတပြင်းလုပ်ကြဖို အမိန့်ပေးထားတယ်” လို မာလာဝီသမ္မတက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် မာလာဝီသမ္မတသည် ဘဟားမားစ်သို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒုတိယသမ္မတ မစ္စတာချီလီမာဟာ ပြီးခဲ့တဲ့…

Read More

This Day in History

  Voice of Myanmar ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အစ္စရေးနှင့် ဆီးရီးယားတိုက လိုက်နာရန် သဘောတူခဲ့ပြီးနောက် အီဂျစ်၊ ဂျော်ဒန်နှင့် ဆီးရီးယားတိုကို အစ္စရေးက တိုက်ခိုက်နေသည့် စစ်ပွဲခြေက်ရက်ကြာ စစ်ပွဲသည် ၁၉၆၇ ခုနှစ် ဇွန် ၁၁ ရက်တွင် အဆုံးသတ်ခဲ့လေသည်။

Read More
VOM News

FREE
VIEW