ဆန်စျေးကွက်ထိန်းချုပ်မှု ဆန်စျေးကမကျဘဲ စပါးစျေးထိုးကျလို့တောင်သူတွေ ဒုက္ခရောက်

  ဇွန် ၂၈ – ၂၀၂၄ GG (VOM) ဆန်စျေးနူန်းကျဆင်းအောင်နဲ့တည်ငြိမ်အောင်ဆိုပြီး ဆန်စပါးကုန်သည်တွေကိုအရေးယူတဲ့အပြင် ဆန်ရည်ညွှန်းစျေးပါသတ်မှတ်လိုက်တာကြောင့် ပြည်တွင်း စပါးစျေးကွက်မှာ တင်းတရာကို ၄ သိန်းလောက် အထိစျေးကျဆင်းနေတဲ့အပြင် အရောင်းအဝယ်လည်းအေးသွားတယ်လို့သိရပါတယ်။ ဆန်ပွဲရုံတွေ၊ကုန်သည်တွေဘက်က ဆန်ဝယ်ယူမှု လျော့ကျလာတဲ့အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း စောင့်ကြည့်နေတာကြောင့် စပါးကုန်သည်၊ဆန်စက်တွေက စပါးကိုအရင်ကထက် ၃ သိန်းကနေ ၄ သိန်းလောက်အထိစျေးချဝယ်ယူနေကြလို့ တောင်သူတွေ ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။ စပါးစျေးကွက် ထိုးကျဆင်းသွားတဲ့အပြင် အရောင်းအဝယ်လည်းအေးသွားတယ်လို့သိရပါတယ်။ ” သူတို့ကစောင့်ကြည့်နေတာ။ဒီတော့စပါးကိုအမြင့်စျေးနဲ့မဝယ်နိုင်ဘူး။အမြင့်စျေးဝယ်ပြီး သတ်မှတ်စျေးရောင်းရရင် ရှုံးမှာဆိုတော့ စျေးကိုချဝယ်ရတာ။ဒါတောင်ဝယ်သူသိပ်မရှိဘူး၊အဝယ်အေးတယ်။စပါးတွေက ဆန်စက်မှာပုံနေတယ်။စပါးစျေးကွက်ကလတ်တလောတော့ မတက်နိုင်ဘူး၊အခြေအနေစောင့်ကြည့်ရမယ့်သဘောရှိတယ် ” လို့ပဲခူးတိုင်း ဆန်စက်ပိုင်ရှင်တယောက်က ပြောပါတယ်။ အရင်က စပါးစျေးကွက်မှာ နွေစပါးဆိုရင် ပေါင်၅၀ ရှိတင်း တရာကို ၁၆၅၀၀၀၀ ကျပ်အထိစျေးရှိခဲ့ပေမယ့် လက်ရှိမှာက ၁၃၅၀၀၀၀ ကျပ်သာရှိကာ မိုးစပါးအဟောင်းစျေးကလည်း တင်းတရာကို အနိမ့်ဆုံး ၂၃၀၀၀၀၀ ရှိခဲ့ရာကနေ…

Read More

သီပေါမှာ လမ်းတွေ ဖြတ်တောက်လိုက်တာ​ကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို့ စာသင်​နေတဲ့ ကိုရင်တွေ နေရပ်ပြန်

  ဇွန် ၂၈၊ ၂၀၂၄ Shy V (VOM) သီပေါမှာ လမ်းတွေ ဖြတ်တောက် လိုက်တာကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို့ ဇွန်လ ၂၇ ရက်မှာ စာသင်နေတဲ့ ကိုရင်တွေ မိမိ နေရပ် ပြန်ကုန်ကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သီပေါက ကိုရင်လေးတွေ ကိုယ့်ရွာကိုယ် ပြန်ကြရတယ်။ ရေဟော် ဘုန်းကြီး စာသင်တဲ့ကျောင်းက။ ကိုရင် အပါး ငါးရာ လောက်ရှိတယ်။ ခုတော့ စားသောက်ဖို့ ခက်ခဲကုန်ကြပြီလေ။ ရွာဝေးရွာနီး အဆင်ပြေသလောက် ပြန်ပို့ကြရတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သီပေါ အနီးနားရွာတွေက အပါအဝင် ရပ်ဝေးက ပလောင်လူမျိုး၊ ရှမ်းလူမျိုး အကုန်ပါတယ်လို့ သူက ကပြောပါတယ်။ “မြရွှေဂူကျောင်းက အကုန်ပြောင်းလာပြီး အဲဒီ ရေဟော် ကျောင်းထဲဝင်နေကြတာ။ သီပေါမြို့အထွက်…

Read More

ကင်ညာမှာ အခွန်တိုးမြှင့်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်စေလွှတ်ပြီး ထိန်းချုပ်တော့မယ်

  နိုင်ရိုဘီ၊ ဇွန်-၂၈-၂၀၂၄ မျိုးဆက်(VOM) ကင်ညာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခွန်တိုးမြင့်ကောက်ခံမယ့် ဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ စစ်တပ်ကို အသုံးပြုမယ်လို့ ကင်ညာတရားရုံးချုပ်က အတည်ပြုလိုက်ပါတယ်။ အစိုးရဲ့ အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေနဲ့ပတ်သက်ပြီး လူငယ်တွေဦးဆောင်တဲ့ နိုင်ငံတဝန်းဆန္ဒ္ဒပြပွဲတွေအတွင်း လူ ၂၀ ကျော်ထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ သမ္မတနန်းတော်ကိုပါ ဝင်ရောက်စီးနင်းမယ်လို့ ခြိမ်းခြောက်ထားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲပြီးနောက်မှာတော့ မြိုတော်နိုင်ရိုဘီမှာ စစ်သားတွေနဲ့ သံချပ်ကာယာဉ်တွေ ကင်းလှည့်နေကြပါတယ်။ အစိုးရအဆောက်အအုံတွေကို ကာကွယ်ဖို့အရေးကြီးတာကြောင့် စစ်တပ်ကိုဖြန့်ကြက်ချထားဖို့ လိုကြောင်း ကင်ညာတရားရုံးချုပ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ်တပ်က စစ်တန်းလျားကိုပြန်ဖို့ တောင်းဆိုထားတဲ့ ကင်ညာဥပဒေပြုအဖွဲ့က တရားရုံးချုပ် ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ဒါကို သဘောမတူဘူးလို့ ပြောပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် ကင်ညာရဲ့ငွေချေးသူတွေတောင်းဆိုထားတဲ့အတိုင်း နိုင်ငံကြွေးမြီဝန်ထုတ်တွေကို လျှော့ချဖို့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကိုပြင်ဆင်ပြီး ကင်ညာအစိုးရက အခွန်တိုးကောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။…

Read More

အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရန့် ပထမဆုံးအကြိမ် စကားစစ်ထိုး

  ဝါရှင်တန်၊ ဇွန်-၂၈-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာ လက်ရှိသမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတဝင်ပြိုင်ဦးမယ့် သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ ရုပ်မြင်သံကြားကနေ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲပြုလုပ်ခဲ့ကြပါတယ်။ ဒီစကားစစ်ထိုးပွဲတော့ ဒေါ်နယ်ထရန့်ဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကြိမ်ဖန်များစွာ ဝေဖန်ပြောဆိုတိုက်ခိုက်ခဲ့ပြီး ဂျိုးဘိုင်ဒင်ကတော့ ဒေါ်နယ်ထရန့် ရင်ဆို်ငနေရတဲ့ ရာဇဝတ်မှုတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ကြိုးစားတာတွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးပြသနာမှာ ဂျိုးဘိုင်ဒင်လက်ထက်မှာ နယ်စပ်တွေဖွင့်ပေးလိုက်တဲ့အတွက် ရာဇဝတ်မှုတွေ ပိုမိုထူပြောလာတယ်။ ထရန့်ကတော့ သူသမ္မတဖြစ်လာရင် တရားမဝင်နေထိုင်သူတွေကိုနှင်ထုတ်မယ်လို့ ပြောဆိုထားသူဖြစ်ပါတယ်။ ဘိုင်ဒင်က ထရန့်ကို အရှုံးသမားလို့ ခေါ်ဝေါ်ခဲ့ပြီး လမ်းဘေးကြောင်စရိုက်မျိုးလို့ ဆိုခဲ့ပါတယ်။ ထရန့်ကလည် ဒီစာကြောင်းရဲ့အဆုံးမှာ သူဘာပြောသွားလဲဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ သူဒီလိုမျိုးလုပ်ခဲ့ဖူးတာမျိုးလို့ မထင်ခဲ့ဘူးလို့ ပြန်လည်ချေပခဲ့ပါတယ်။ ဒီမိုကရက်တစ်တွေကတော့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ စကားစစ်ထိုးပွဲစွမ်းဆောင်ရည်အပေါ် စိုးရိမ်ကြောင်းနဲ့ အစောပိုင်းပြောဆိုချက်တွေဟာ ထိတ်လန့်စရာတွေဖြစ်ပြီး အဓိကအချက်တွေပေးအောင်မပြောနိုင်ဘူးလို့ ဆိုပါတယ်။…

Read More

အစ္စရေးအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး ဝန်ကြီးချုပ် နေတန်ယာဟု နှုတ်ထွက်ဖို့ တောင်းဆို

  ဂျေရုဆလင်၊ ဇွန်-၂၈-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဖြစ်ပွားနေပြီး ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နေတန်ယာဟု နှုတ်ထွက်ပေးရေးအတွက် သူ့အိမ်ရှေ့မှာ သွားရောက်တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေ ဝင်ရောက်မလာစေဖို့ ရဲတပ်ဖွဲ့က အတားအဆီးအပြည့်နဲ့ လုံခြုံရေးရယူခဲ့ရပြီး ပြည်သူတွေအနေနဲ့ အစိုးရရဲ့ စွန့်ပစ်ခံဖြစ်နေပြီး ရွေးကောက်ပွဲ ချက်ချင်းလုပ်ပေးဖို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဂါဇာမှာ ဟားမတ်စ်တို့ကို တိုက်ခိုက်နေရချိန်မှာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့လည်း တင်းမာမှုတွေမြင့်တက်ပြီး စစ်ပွဲဖြစ်လာနိုင်ခြေအပေါ် ဆန္ဒပြပွဲတွေလည်း မကြာခဏဆိုသလို အစ္စရေးမှာ ဖြစ်ပွားနေသည်။ ဒါအပြင် ဂါဇာမှာ ဟားမတ်စ်တို့ ဖမ်းဆီးထိန်းသိမ်းသွားတဲ့ အစ္စရေးဓါးစာခံ ၁၂၀ ပြန်လည်လွတ်မြောက်ရေးအတွက် သဘောတူညီချက်တစ်ရပ် အကောင်အထည်ဖော်ရေးကိုလည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့ အဲဒီဆန္ဒပြပွဲတွေဟာ အစ္စရေးနိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ နေတန်ဟာဟုဟာ ပါလီမန်အများစုနေရာကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှာ စစ်ဆင်ရေးကြီးတွေကို လျှော့ချပြီး ဟဇ်ဘိုလာတွေနဲ့…

Read More

ပို့ကုန်ရငွေ ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်မဝင်တဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း

  ဇွန် ၂၈ – ၂၀၂၄ SN (VOM) ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်လည် ဝင်ရောက်မှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း (Black List) ထည့်သွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန် ကြေညာထားပါတယ်။ DICA ရဲ့ အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ တခြားတည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေကို လိုက်နာမှုမရှိကြောင်း တွေ့ရှိရင် မှတ်ပုံတင်အရာရှိက အများပြည်သူသိစေဖို့ ကြေညာ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ စီချွန်ပြည်နယ်အခြေစိုက် မော်တာတွေထုတ်လုပ်တဲ့ ကုမ္ပဏီ CHENGFANG ၊…

Read More

မိုးကုတ်တိုက်ပွဲအတွင်း ကိုရင်တပါးအပါအဝင် သုံးယောက်သေဆုံးပြီး ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရ

  ဇွန် ၂၈ – ၂၀၂၄ GG (VOM) မိုးကုတ်မှာ မနေ့က ဇွန်လ၂၇ ရက်နေ့တရက်ထဲ လက်နက်ကြီးကျည်ထိမှန်သေဆုံးသူက ကိုရင်တပါးအပါအဝင် သုံးယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ခုနှစ်ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲကြောင့် မိုးကုတ်မြို့အရှေ့ပိုင်းရော အနောက်ပိုင်းရပ်ကွက်တွေထဲကိုပါ လက်နက်ကြီးတွေကျရောက်ပြီး ရပ်ကွက်ဒေသခံအချို့နဲ့ ကိုရင်လေးတွေ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အရှေ့ပိုင်းမှာက တိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတာပါ ။ မနေ့ကညနေ လောက်မှာ ဘုန်းကြီးကျောင်းပေါ်ကျပြီး ကိုရင်လေးတပါးပျံလွန်တော်မူတယ် ။ နောက်ထပ်ကိုရင်လေးအချို့ဒဏ်ရာရတယ်။ နောက်ထပ်အောင်ချမ်းသာရပ်ကွက်ထဲလည်းကျပြီး ဒဏ်ရာရသူရှိတယ်သိရတယ်။ အခုမနက်ပိုင်းတော့အသံတွေငြိမ်နေတယ် ” လို့မိုးကုတ်မြို့အရှေ့ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း ရှမ်းတောရပ်ကွက်၊ဥယျာဥ်ကျောက်တိုက်ပေါ်ကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် ကျောင်းပေါ်မှာရှိနေတဲ့ ကိုရင်လေးတွေထဲက အသက်၁၀ နှစ်အရွယ်ကိုရင်လေးတပါးပျံလွန်တော်မူခဲ့ပြီး နောက်ထပ်ကိုရင် လေးပါးထိခိုက်ဒဏ်ရာရရှိလို့ ဆေးရုံမှာကုသမှုခံယူနေရတယ်လို့သိရပါတယ်။ အလားတူ တိုက်ပွဲဖြစ်တဲ့ မိုးကုတ်မြို့ အနောက်ပိုင်းမှာက လူးထရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်လို့ အသက်ကြီးပိုင်အမျိုးသမီးအပါအဝင် အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့ရသလို…

Read More

တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ယောက်ကို ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်

  ပေကျင်း ၊ ဇွန်-၂၈-၂၀၂၄ မျိုးဆက်(VOM) တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နစ်ယောက်ဟာ ပါတီစည်းကမ်းချိုးဖောက်မှု၊ နိုင်ငံဥပဒေချိုးဖောက်မှုတို့ကြောင့် ပါတီကနေ ထုတ်ပယ်ဖို့ တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖူနဲ့ ဝေဖန်ဂီတို့ကို ပါတီကနေ ထုတ်ပယ်ရေးနဲပတ်သက်ပြီး ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့နေ့က အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဟာ လီရှန်ဖူနဲ့ ဝေဖန်ဂီတို့အပေါ် ပြီးခဲ့နှစ်ကတည်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ အခြားသူတွေအတွက်နဲ့ ကိုယ်ကျိုးအတွက် ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေဟာ နိုင်ငံကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်တဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ အဆင့်မြင့် စစ်ဘက်အရာရှိ ကိုးယောက်ကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီလမှာပဲ တရုတ်နိုင်ငံပိုင်…

Read More

This Day in History

Voice of Myanamr ဂျာမနီနှင့် မဟာမိတ်နိုင်ငံများအကြား ဖြစ်ပွားနေသေည့် ပထမကမ္ဘာစစ် ပြီးဆုံးစေခဲ့သည့် စာချုပ်များထဲမှ တခုဖြစ်သော ဗာဆိုင်းစာချုပ်ကို ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်၌ ၁၉၁၉ ခုနှစ် ဇွန် ၂၈ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

Read More

မြဝတီမြို့အတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်

  ဇွန် ၂၇ – ၂၀၂၄ SN (VOM) ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိ အသုံးပြုနေတဲ့ ထို့ကော်ကိုးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် ပျက်စီးနေတဲ့အတွက် ကုန်တင်ကားတွေ သွားလာရ ခက်ခဲနေတာကြောင့် မြဝတီမြို့အတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးရွာသွန်းပြီး ကားလမ်းပျက်စီး ပိတ်ဆို့နေတဲ့အတွက် သတ်မှတ်ရက်အတွင်း ကုန်စည်တွေ မပို့ ဆောင်နိုင်တာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပြီး ပြည်တွင်းထက် အခြေခံစားကုန် ဆန်နဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေ ဈေးနှစ်ဆကျော် မြင့်တက်လာတဲ့အပြင် အသား၊ ငါးဈေးတွေပါ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တရက်ဈေးဖိုးက အရင်ကထက် နှစ်ဆလောက်ကုန်နေတယ်။ အရင်က တရက်ကို တသောင်းဝန်းကျင်လောက်ပဲ ကုန်တာလေ။ အခု နှစ်သောင်းနီးပါးလောက်ကို ကုန်နေတာ။ ဆန်အဝင်နည်းလို့ ဆိုပြီး ဆန်ဈေးတွေလည်းတက်တယ်။ ပြီးတော့ ကိုယ်ဝယ်ချင်သလောက်လည်း…

Read More
VOM News

FREE
VIEW