ဧရာဝတီတိုင်း စပါးခင်း​တွေမှာ ရွှေခရုကျရောက်မှုကြောင့် စပါးဧကသောင်ချီပျက်စီး

စက်တင်ဘာ ၁၃ – ၂၀၂၅ KKL(VOM) ဧရာဝတီတိုင်းမှာ တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို စပါးအပင်ဖျက် ရွှေခရုတွေကျရောက်ပြီး စပါးဧက သောင်းချီပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ သြဂုတ်လ တတိယအပတ်နဲ့ စက်တင်ဘာလ ပထမအပတ်အတွင်း ဧရာဝတီတိုင်းက သာပေါင်း၊ ဝါးခယ်မ၊ ညောင်တုန်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြ ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စတဲ့မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ အများဆုံးကျရောက်နေတာဖြစ်ပြီး ဧရာဝတီ တိုင်းတတိုင်းလုံးမှာ စပါး ဧက ၂​သောင်းကျော်အထိ ပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ” တကြိမ်မက နှစ်ကြိမ်မက ရွှေခရုတွေက ကိုက်ဖျက်တာ။ အပင်ငုတ်ကလေးတွေပဲကျန်တော့တဲ့အထိဖြစ်တာ။ ရွှေခရုဥနှုန်းကလည်း အရမ်းမြန်တယ်။ လယ်ဧကနည်းတဲ့ တောင်သူတွေဆိုဘာမှကိုမကျန်တာ။ ဆေးဖြန်းတာလည်း ၂ ကြိမ်ရှိတဲ့သူနဲ့ ၃ ကြိမ်ရှိတဲ့သူနဲ့ဖြစ်နေပြီ။ ရွှေခရုကပျောက်သွားခဏပဲဖြစ်နေတာ။ ”လို့…

Read More

ငလျင်ဒဏ်ကြားထဲက ရုန်းထနေတဲ့ မန္တလေး

စက်တင်ဘာ ၁၃ – ၂ဝ၂၅ (VOM) စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ၅ လခွဲကျော်ကြာမြင့်သည်အထိ မန္တလေးမြို့က ဒေသခံအချို့ဟာ သူတို့ရဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ယာယီငလျင်ကယ်ဆယ်ရေးစခန်းတွေမှာ ဒီကနေ့အချိန်ထိ နေထိုင်ခိုလှုံနေရဆဲဖြစ်ပါတယ်။ ဒီထဲကမှငလျင်ရဲ့ရိုက်ခတ်မှုကြောင့်အခြေခံလူတန်းစားအများစုဟာ နလန်ပြန်ထူနိုင်ဖို့အတွက်အခက်အခဲတွေကြားကနေ ဘဝကို တစ်ကနေ ပြန်စပြီးတော့ကြိုးစားရုန်းကန်နေကြရတာကိုလည်း တွေ့ရပါတယ်။ ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့သူတွေအနေနဲ့ သူတို့ရဲ့နေအိမ်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာထက်စားဝတ်နေရေးကိုသာ ခက်ခက်ခဲခဲရုန်းကန်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့သူတို့ရဲ့နေအိမ်တွေကိုပြန်လည်တည် ဆောက်ဖို့ဆိုတာကလည်းငွေကြေးပိုင်းဆိုင်ရာမှာအခက်အခဲတွေများစွာရှိနေကြလို့ မိမိတို့ရဲ့မိသားစုနေအိမ်လေးပြန်ရဖို့ဆိုတာက ဝိုးတဝါးအိပ်မက်ပုံရိပ်တခုလိုသာဖြစ်နေခဲ့ရပြန်ပါတယ်။ ရိုက်ကူး/တင်ဆက် – VOM #VOM #voiceofmyanmar #မန္တလေးမြို့ #ငလျင် #ပြန်လည်ထူထောင်ရေး #ယာယီကယ်ဆယ်ရေးစခန်း

Read More

သွေးလွန်တုပ်ကွေး ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန်အဆင့် ရောက်နိုင်တဲ့အတွက် ဂရုပြုဖို့ လို

စက်တင်ဘာ ၁၃ – ၂၀၂၅ SN (VOM) သွေးလွန်တုပ်ကွေးရောဂါ ဒုတိယအကြိမ် ထပ်ဖြစ်ပါက ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့် ရောက်ရှိနိုင်တဲ့အတွက် အထူး ဂရုပြုဖို့ လိုအပ်တယ်လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ “သွေးလွန်တုပ်ကွေး ပထမတကြိမ် ဖြစ်ထားပြီးတဲ့ ကလေးသူငယ်တွေ နောက်တကြိမ် ထပ်ဖြစ်တယ်ဆိုရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သေချာလေး ဂရုစိုက်ရမယ်။ ပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ကို ရောက်နိုင်တယ်။ ခု‌နောက်ပိုင်းက ဖျားရင်လည်း တခါဖျားပြီး နောက်တခါထပ်ဖြစ်တဲ့ လူနာတွေ အတော်များများ တွေ့လာရတယ်။ ဒီရောဂါ အဖြစ်များတဲ့လကတော့ မေ၊ ဇွန်၊ ဇူလိုင် သုံးလပေါ့။ သွေးလွန်တုပ်ကွေးမှန်း သိရင်တော့ ချက်ချင်း ဆေးရုံတက် ကုရင်တော့ အကောင်းဆုံးပါ” လို့ သူက ပြောပါတယ်။ အဆိုပါရောဂါဟာ…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၅)

ဆူးငှက် စာအုပ်မှာ ၁၉၆၄ ခု၊ မေလက ပထမအကြိမ်၊ ထိုနှစ် စက်တင်ဘာလမှာ ဒုတိယအကြိမ်၊ ၁၉၆၇ ဇူလိုင်လမှာ တတိယအကြိမ်ဖြင့် အကြိမ်များစွာ၊ အုပ်ရေများစွာ ထုတ်ဝေပြီးသော်လည်း ယခု(၁၉၇၄၀န်းကျင်)မှ ဖတ်ရှုမိကာ အသိအမြင်တွေ နောက်ကျရမှုအပေါ်လည်း မချိတင်ကဲ ဖြစ်နေရ၏။ ကျွန်တော် မွေးဖွားကြီးပြင်းရာ ရပ်ဝန်းမှာ သာမန်လက်လုပ်လက်စား ဝန်းကျင်ဖြစ်သည်။ သေစာရှင်စာမျှသာ ဖတ် တတ်သော အဝန်းအဝိုင်းမှာ တစ်ဦးစ နှစ်ဦးစသာ စာနှင့်ပေနှင့် နီးစပ်သည်။ ခုံမင်သည်။ မြတ်နိုးသည်။ ထို့ကြောင့် လက်လုပ်လက်စား မိဘနှစ်ပါးက မွေးဖွားသော ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင့်၊ ထို … စာနှင့်ပေနှင့် နီးစပ်သည့် တစ်ဦးစနှစ်ဦးစနှင့် ဒုလ္လဘ တရားပမား တိုက်ဆိုင်ကြုံတွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စာအုပ်မြင်လျှင် ဥပက္ခာမပြုနိုင်ဘဲ ကောက်ကိုင်ကြည့်လေ့ရှိရာမှ ယခု ကဲ့သို့ ရတနာရွှေအိုးနှင့် တွေ့ရခြင်းဖြစ်၏။ ကျွန်တော် ……

Read More

ကျောက်မဲမြို့အနီး နေရာသုံးခုမှာ နလအ ဘက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လာ

စက်တင်ဘာ ၁၃၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ အနီး သုံးနေရာခန့်မှာ စက်နင်ဘာလ ၁၂ ရက်နေ့ညကစ နလအ တပ်ဖွဲ့ဘက်က ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီး တွေနဲ့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်လာကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “မ‌နေ့ညကတော့ စစ်တပ်ဘက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ကျောက်မဲပတ်ပတ်လည် သုံး နေရာလောက်ကိုတော့ ချနေတာပဲ။ တိုက်ပွဲက မြို့ထဲတော့ မရောက်သေးပါဘူး။ မြို့ အနီး လေး၊ ငါး၊ ခြောက်မိုင် ပတ်ဝန်းကျင်ပေါ့။ အဲမှာပဲ ရောက်သေးတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မနေ့ည တညလုံး Y-12 နဲ့ရော ဒရုန်းနဲ့ရော ဗုံး အလုံး ၇၀၊ ၈၀ ခန့်…

Read More

ပါကစ္စတန်အရှေ့ပိုင်မှာ ရေဘေးကြောင့် လူနှစ်သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ-၁၃-၂၀၂၅ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းဒေသမှာ ရေလွှမ်းမိုးမှုများကြောင့် လူနှစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆင့်ဒ်ပြည်နယ်မှာ နောက်ထပ် လူတသိန်းခွဲကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အကြီးအကဲ ပြောပါတယ်။ ရေဘေးသင့်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။ ဇွန်လနှောင်းပိုင်းမှစတင်ပြီး မုတ်သုံမိုးရွာသွန်းမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ကံတကာ ဆေးပညာအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းတွေ ရေလျှံနေပြီး ရေကြီးမှုများ ပိုမိုဆိုးရွားလာနေပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ သတိပေးချက်စနစ်တွေနဲ့ အခြေခံအဆောက်အအုံလိုမျိုး သဘာဝဘေးလျော့ပါးရေးမှာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ရေကြီးမှုကြောင့် လယ်ယာနဲ့ အိမ်ခြေ အများအပြား ပျက်စီးခဲ့ပါတယ်။ ပန်ဂျပ်ရဲ့ ရေဘေးသင့်ဒေသတွေမှာ နေထိုင်သူတွေကတော့ ရေဘေး…

Read More

ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေမှု ဖြစ်ပွား

စက်တင်ဘာ ၁၃၊၂၀၂၅ GG (VOM) ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်က လင်ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေပဲ မိန်းမဖြစ်သူကလည်း ဒီနေ့စက်တင်ဘာ ၁၃ ရက်နေ့မှာ ငမိုးရိပ်ချောင်းထဲကိုခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ငမိုးရိပ်တံတားပေါ်မှာ ဖိနပ်တရံနဲ့ဖုန်းတလုံးကို ချန်ရစ်ကာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ဖုန်းဆက်လို့ သွားတော့ လူကိုမတွေ့ရတော့ဘူး။ရေစီးကလည်းသန်တယ်။ ကယ်ဆယ်ရှာဖွေရေးပစ္စည်းကလည်း မစုံတာရယ်ကြောင့် ရှာဖွေဖို့မဖြစ်နိုင်လို့ ရှာဖွေမှုမလုပ်ခဲ့ဘူး။ ကျွန်တော်ယူဆချက်အရတော့ သေဖို့များပါတယ်။အခုခုန်ချတဲ့ကောင်မလေးက စိတ်ဒဏ်ရာလည်းရှိနေတယ်။ဘာလို့ဆို လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက သူ့ယောကျ်ားလည်းဒီတံတားပေါ်ကနေ ခုန်ချသေသွားတာ။အဲဒီကတည်းက ကလေးမလေးက စိတ်ဒဏ်ရာရသွားတဲ့ပုံစံပါ။သိပ်လက်မခံချင်ခဲ့ဘူး။အခုတော့သူရောလိုက်ခုန်ချသွားတယ်။” လို့ မြေပြင်ကူညီဖို့သွားရောက်ခဲ့သူတယောက်ကပြောပါတယ်။ လက်ရှိမှာ ကောင်မလေးရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရရှိပြီး ကျန်ရစ်ပစ္စည်းတွေကို အပ်နှံကာ ရဲစခန်းမှာအမှုဖွင့်ဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။ ” ကောင်မလေးပြုတ်ကျသွားတုန်းက ပေါ်လိုက်မြုပ်လိုက်ဖြစ်နေပြီးတော့မှ ရေစီးနဲ့ပါသွားတာလို့သိရတယ်။ ရေစီးကသန်တော့မျောသွားပြီပေါ့။…

Read More

ထိုင်းကို တရားမဝင် ဝင်ရောက်တဲ့ စက်လှေမှောက်လို့ မြန်မာလုပ်သားသုံးယောက်သေပြီး ၁၉ ယောက်ပျောက်ဆုံးနေ

စက်တင်ဘာ ၁၃ ၊ ၂၀၂၅ CC (VOM) ထိုင်းနိုင်ငံကို နယ်စပ်ကနေ တရားမဝင်ဝင်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်ပြီး မြန်မာသုံးယောက်ရဲ့ရုပ်အလောင်းကိုရရှိထားကာ ပျောက်ဆုံး ၁၉ ယောက်ရှိနေသေးတယ်လို့ သိရပါတယ်။ ရုပ်အလောင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာကန်ချနဘူရီခရိုင် ၊ ဆန်ခလဘူရီမြို့နယ် ရေလှောင်ကန်တမံအတွင်းကနေ တွေ့ရှိခဲ့ရတာဖြစ်ပြီး အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက်ရုပ်အလောင်းတွေဖြစ်တယ်လို့သိရပါတယ်။ “ကန်ချနဘူရီခရိုင်မှာဖြစ်တာ။ရေလှောင်ကန်တမံတခုမှာ ကယ်ဆယ်ရေးအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မနက် ၁၁ နာရီလောက်မှာ အမျိုးသားအလောင်းနဲ့အမျိုးသမီးအလောင်းတွေ့တယ်။တွေ့တာနဲ့ပတ်သက်ပြီး ဘယ်တုန်းကလှေမှောက်သလဲသတင်းလိုက်တော့ မြန်မာကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး စက်လှေနဲ့လာတော့သူတို့စီးလာတဲ့စက်လှေက သစ်ငုတ်ကိုတိုက်ပြီးတော့ စက်လှေတိမ်းမှောက်ရေနစ်ပြီးသေတာပေါ့။ စက်လှေပေါ်မှာ မြန်မာ ၂၂ ယောက်လိုက်ပါလာတယ်။ရေနစ်သေဆုံးတာ သုံးယောက်ပေါ့။ပျောက်ဆုံး ၁၉ ယောက် နဲ့ပတ်သက်ပြီး စုံစမ်းဆဲဖြစ်တယ်။” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )၊ ဥက္ကဋ္ဌ ဉီးမိုးကြိုးက ပြောပါတယ်။ လက်ရှိမှာ ရေနစ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းသုံးလောင်းကို ဆန်ခလဘူရီဆေးရုံကိုပို့ဆောင်ထားပြီး ကျန်တဲ့ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်ပြီးလည်း…

Read More
VOM News

FREE
VIEW