စက်တင်ဘာ ၁၃ – ၂ဝ၂၅
(VOM)
စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ၅ လခွဲကျော်ကြာမြင့်သည်အထိ မန္တလေးမြို့က ဒေသခံအချို့ဟာ သူတို့ရဲ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ယာယီငလျင်ကယ်ဆယ်ရေးစခန်းတွေမှာ ဒီကနေ့အချိန်ထိ နေထိုင်ခိုလှုံနေရဆဲဖြစ်ပါတယ်။
ဒီထဲကမှငလျင်ရဲ့ရိုက်ခတ်မှုကြောင့်အခြေခံလူတန်းစားအများစုဟာ နလန်ပြန်ထူနိုင်ဖို့အတွက်အခက်အခဲတွေကြားကနေ ဘဝကို တစ်ကနေ ပြန်စပြီးတော့ကြိုးစားရုန်းကန်နေကြရတာကိုလည်း တွေ့ရပါတယ်။
ငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့သူတွေအနေနဲ့ သူတို့ရဲ့နေအိမ်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာထက်စားဝတ်နေရေးကိုသာ ခက်ခက်ခဲခဲရုန်းကန်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။
ငလျင်ကြောင့်ပျက်စီးခဲ့တဲ့သူတို့ရဲ့နေအိမ်တွေကိုပြန်လည်တည် ဆောက်ဖို့ဆိုတာကလည်းငွေကြေးပိုင်းဆိုင်ရာမှာအခက်အခဲတွေများစွာရှိနေကြလို့ မိမိတို့ရဲ့မိသားစုနေအိမ်လေးပြန်ရဖို့ဆိုတာက ဝိုးတဝါးအိပ်မက်ပုံရိပ်တခုလိုသာဖြစ်နေခဲ့ရပြန်ပါတယ်။
ရိုက်ကူး/တင်ဆက် – VOM
