အစ္စလာမ္မာဘတ်၊ စက်တင်ဘာ-၁၃-၂၀၂၅
မျိုးဆက်(VOM)
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းဒေသမှာ ရေလွှမ်းမိုးမှုများကြောင့် လူနှစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဆင့်ဒ်ပြည်နယ်မှာ နောက်ထပ် လူတသိန်းခွဲကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အကြီးအကဲ ပြောပါတယ်။ ရေဘေးသင့်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
ဇွန်လနှောင်းပိုင်းမှစတင်ပြီး မုတ်သုံမိုးရွာသွန်းမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ကံတကာ ဆေးပညာအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းတွေ ရေလျှံနေပြီး ရေကြီးမှုများ ပိုမိုဆိုးရွားလာနေပါတယ်။
ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ သတိပေးချက်စနစ်တွေနဲ့ အခြေခံအဆောက်အအုံလိုမျိုး သဘာဝဘေးလျော့ပါးရေးမှာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ရေကြီးမှုကြောင့် လယ်ယာနဲ့ အိမ်ခြေ အများအပြား ပျက်စီးခဲ့ပါတယ်။
ပန်ဂျပ်ရဲ့ ရေဘေးသင့်ဒေသတွေမှာ နေထိုင်သူတွေကတော့ ရေဘေး အန္တရာယ်ကြားမှ သူတို့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ နေရပ်စွန့်ခွာခြင်းမပြုဘဲ နေအိမ်တွေမှာသာ နေထိုင်ကြမယ်လို့ ဆိုကြပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ ရွာသူရွာသားတွေနဲ့ သူတို့ရဲ့ တိရစ္ဆာန်တွေကို လှေတွေနဲ့ ပြောင်းရွှေ့ပေးဖို့ကြိုးစားနေပေမယ့် ရေကြီးမှုနဲ့ ရေစီးကြောင်းတွေကြောင့် အခက်အခဲတွေ ရှိနေပါတယ်။
ရေကြီးမှုတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးကာ သုံးသိန်းခွဲကျော် ရေဘေးသင့်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
