ကျောက်မဲ နောင်ပိန်ဈေးကို ဆိုင်ရှင်တွေ ပစ္စည်း သိမ်းယူနိုင်ဖို့ ယာယီဖွင့်ပေး

စက်တင်ဘာ ၁၄၊ ၂၀၂၅
Shy V (VOM)
နောင်ပိန်ဈေးကို ဆိုင်ရှင်တွေ ပစ္စည်း သိမ်းယူနိုင်ဖို့ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၆ နာရီကစပြီး ဈေးကို ယာယီ ဖွင့်ပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ မနက် ၆ နာရီကစ နောင်ပိန်ဈေးကို ခေတ္တ၊ ယာယီ ဖွင့်ပေးလိုက်တယ်လို့ သိရတယ်။ ဖွင့်ပေးတာက ဆိုင်ရှင်တွေ ကိုယ့် ပစ္စည်း ဝင်ယူဖို့ ဖွင့်ပေးတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တချို့ စစ်ရှောင်တွေက အဝေးကို ရောက်နေကြတော့ ဈေးကို ယာယီ ဖွင့်ပေးတာလည်း မသိတာ‌ေကြာင့် ပစ္စည်းတွေကို တခြားလူတွေက ဝင်ရောက် ခိုးသယ်ယူသွားနေတာတွေ ရှိတယ်လို့ သူကပြောပါတယ်။
ဈေးကိုဝောာ့ အချိန် အကန့်အသတ်နဲ့ပဲ ဖွင့်ပေးမယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။
“သူခိုးတွေက စိတ်ပျက်ဖို့ ကောင်းတယ်။ ပစ္စည်းတွေက ကုန်လောက်ပြီ ထင်တယ်။” လို့ စစ်ရှောင် ဒေသခံ တယောက်က ပြောပါတယ်။
ရောယောင်ပြီး ပစ္စည်း ခိုးသယ်ယူနေတာကြောင့် ဒေသခံ စစ်ရှောင် ဆိုင်ရှင်တွေသိလို့ ဈေးမှာ ပစ္စည်းလာယူချိန် ဘာမှတောင် ကျန်တော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဒေသခံ စစ်‌ေရှာင် တချို့ကိုတော့ စိစစ်ပြီး နေထိုင်ခွင့်ပြုတာ ရှိပေမယ့် အကုန်လုံး ပြန်နေထိုင်လို့တော့ မရသေးဘူးလို့ သိရကြောင်း ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ခန့်က နောင်ပိန်နဲ့ အနီးတဝိုက် ကနေ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဆုတ်ခွာသွားကြကြောင်း နလအ တပ် ထောက်ခံသူတွေက ဆိုရှယ်မီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။
နောင်ပိန်ကို နလအ တပ်ဖွဲ့တွေ ဝင်ရောက်လာပြီးနောက် ဒေသခံ အစစ်အမှန်တွေကို စိစစ်ပြီး နည်းနည်းချင်းတော့ ဝင်ခွင့်ပြုနေတာရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW