အမေရိကန်မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းက သမ္မတဂျိုးဘိုင်ဒင် ပြန်လည်ရွေးချယ်မခံသင့်ဘူးလို့ ပြော

 

ဝါရှင်တန်၊ ဇူလိုင်-၁-၂၀၂၄
မျိုးဆက်(VOM)

လာမယ့်နိုဝင်ဘာလမှကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် စကားစစ်ထိုးပွဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်မပြနိုင်တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံဖို့ မသင့်ဘူးလို့ အမေရိကန်မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းက ပြောပါတယ်။

ဂျိုးဘိုင်ဒင်ဟာ သမ္မတဟောင်း ထရန့်နဲ့ ပြီးခဲ့တဲ့ ကြသပတေးနေ့မှ ပထမဆုံးအကြိမ် စကားစစ်ထိုးရာမှာ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

စကားစစ်ထိုးပွဲအပြီး စီဘီအက်စ်နဲ့ ယူဂေါ့တို့က ပြုလုပ်တဲ့စစ်တမ်းမှာတော့သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြန်လည်ရွေးချယ်ခံဖို့ မသင့်ဘူးလို့ ဆိုထားပြီး ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းထက် ၉ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

နောက်ဆုံးစစ်တမ်းအရ ဘိုင်ဒင်ဟာ ပြန်လည်ရွေးချယ်ခံဖို့ မသင့်ကြောင်း ဒီမိုကရက်တစ်မဲဆန္ဒရှင် ၄၆ ရာခိုင်နှုန်းကလည်း တုံ့ပြန်ဖြေဆိုထားပါတယ်။ စကားစစ်ထိုးပွဲပြီးနောက် ဘိုင်ဒင်ဟာ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်သင့်တယ်လို့ နယူးယောက်ခ်တိုင်းမ်သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒင်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒုက္ခသည်အရေးအပေး သမ္မတဟောင်းထရန့်က အဓိကဝေဖန်ပြောဆိုခဲ့ပြီး စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒင်ဟာ ကောင်းမွန်ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိဘူးလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:NHK
Photo:NHK

#Voiceofmyanmar #VOM #အမေရိကန် #သမ္မတရွေးကောက်ပွဲ #ဂျိုးဘိုင်ဒင် #နှုတ်ထွက်သင့် #စစ်တမ်း

Related posts

Leave a Comment

VOM News

FREE
VIEW