ရုရှားနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို ဆက်လက်ထောက်ခံမယ်လို့ အီရန်သမ္မတသစ်ပြော

 

တီဟီရန်၊ ဇူလိုင်-၉-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေအပေါ် အီရန်ရဲ့ထောက်ခံမှုဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ မပြောင်းလဲဘူးလို့ အီရန်ရွေးကောက်ခံသမ္မတ မာဆွတ်ပီဇက်ရှ်ကီယန် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီရန်ကို အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ တောင်းဆိုတိုက်တွန်းလေ့ရှိတဲ့ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ ပီဇက်ရှ်ကီယန်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

အီရန်နိုင်ငံပိုင် သတင်းဌာနရဲ့အဆိုအရ ပီဇက်ရှ်ကီယန်ဟာ ရုရှားသမ္မတပူတင်နဲ့ မနေ့က တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပြီး ဂုဏ်ပြုသဝဏ်လွှာအတွက် ကျေးဇူးတင်ကြောင်းနဲ့ အီရန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ဆန္ဒရှိကြောင်း အီရန်ရွေးကောက်ခံသမ္မတက ပြောပါတယ်။

အီရန်ဟာ နျူကလီးယားအစီအစဉ်အပါအဝင် အခြားသောကိစ္စရပ်တွေမှာ အနောက်နိုင်ငံတွေနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ရှေးရိုးစွဲသမ္မတ ရိုင်ဆီလက်ထက်မှာတော့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ သဘောထားကွဲလွဲနေတဲ့ ရုရှားနဲ့ ဆက်ဆံရေးပိုမို နီးကပ်ခဲ့ပါတယ်။

သူအနေနဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို ဆက်လက်ကူညီဖို့ ရည်ရွယ်ချက်ရှိနေပါတယ်။ သမ္မတသစ်အနေနဲ့ သမ္မတဟောင်းရဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေးမူဝါဒတွေကို ဆက်လက်ကျင့်သုံးဖို့နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးပမ်းမှုကြားမှ မျှတအောင်လုပ်ဆောင်ဖို့ ခက်ခဲမယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref:NHK
Photo:Anadolu

#Voiceofmyanmar #VOM #အီရန် #သမ္မတသစ် #ရုရှား #ထောက်ခံမှု

Related posts

Leave a Comment

VOM News

FREE
VIEW