အွန်လိုင်း လောင်းကစားနွံထဲ ဘဝကို ရင်းကြသူများ

SS (VOM) နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်ပိုင်း အဘက်ဘက်က ချွတ်ခြုံကျလာတဲ့ မြန်မာနိုင်ငံမှာ ခိုးဆိုး လုယက်မှုတွေအပြင် နောက်ထပ်ရှိလာတဲ့ ပြဿနာတခုကတော့ လောင်းကစားပါပဲ။ လောင်းကစားပေါင်း မြောက်များစွာ ရှိတဲ့အထဲက ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ တိုးတက်လာတဲ့ နည်းပညာတွေကြားမှာ ခုနောက်ပိုင်း လူထုကြား အလွယ်တကူ ပျံ့နှံ့ စိမ့်ဝင်နေတဲ့ အရာတခု ရှိနေပါတယ်။ အဲဒါကတော့ အွန်လိုင်း လောင်းကစားဂိမ်းတွေပဲ ဖြစ်ပါတယ်။ အခုလို ခေတ်ပျက်နေတဲ့ ကာလမှာတော့ အွန်လိုင်း လောင်းကစားတွေက ပိုလို့တောင် ခေါင်းထောင်လာကြတာကို တွေ့ရပါတယ်။ ကြော်ငြာပေးနေတဲ့ ပေ့ချ်တွေ၊ လူပုဂ္ဂိုလ်တွေလည်း အမြောက်အများ ရှိနေတာပါ။ မြန်မာစာတန်းထိုး ရုပ်ရှင်တွေမှာလည်း ဒီကြော်ငြာတွေကို တွေ့နေရပါတယ်။ နာမည်ကြီးတဲ့ ဆယ်လီတွေ၊ နာမည်ကြီးတဲ့ Page တွေမှာလည်း ကြော်ငြာပေးလာကြပါတယ်။ ကိုယ်ရဲ့ လက်ကိုင်ဖုန်းထဲမှာ အွန်လိုင်းလောင်းကစား အက်ပလီကေးရှင်း တခုကို ထည့်သွင်းလိုက်တာနဲ့…

Read More

ဒေသအတွင်း စစ်ဆေးရေးဂိတ်တွေကို “ဝ” တပ်ဖွဲ့ ဖယ်ရှား

ဇူလိုင်-၁၃-၂၀၂၅ နွယ်နီ/VOM UWSA “ဝ” တပ်ဖွဲ့က သူတို့ဒေသအတွင်း ခရိုင်လေးခုမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ဇူလိုင် ၁၁ ရက်နေ့က စပြီး ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန် ခရိုင်ချင်းဆက် လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို ဖယ်ရှားလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ “ဟုတ်တယ်၊ အဲဂိတ်တွေ အခု မရှိတော့ဘူး” လို့ ဟိုပန်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က ပြောပါ တယ်။ UWSA “ဝ” တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ရှိသူ ညီရမ်းကလည်း ပြည်သူတွေ သွားလာရလွယ်ကူအောင် ဂိတ်တွေ ဖယ်ရှားပေးလိုက်တာလို့ ပြောပါတယ်။ “အဓိကတော့ ပြည်သူလူထု အသွားအလာ လွယ်ကူမြန်ဆန်စေရေးအတွက် ပြည်နယ်အတွင်းက ဂိတ်တွေ အကုန်လုံး ဖယ်ရှားလိုက်ပါတယ်” လို့ဆိုပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေးကာလမှာ စစ်ဆေးမှုတွေ တင်းကြပ်ထားခဲ့တာပါ။ အခုလို…

Read More

ဘားအံမှာ မိသားစုလိုက် ဓားထိုးခံရလို့ ဖခင်နဲ့သမီးသေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်

ဇူလိုင် ၁၃ ၊ ၂၀၂၅ GG(VOM) ကရင်ပြည်နယ် ၊ ဘားအံ့မြို့၊ အမှတ် (၉)ရပ်ကွက် ရေကျော် အောင်မင်္ဂလာလမ်းမှာ နေအိမ်ထဲထိဝင်ရောက်ပြီး မိသားစုလိုက် ဓားထိုးခံရပြီး နှစ်ယောက်သေဆုံးကာ တယောက်က ဒဏ်ရာပြင်းထန်ရရှိခဲ့ တယ်လို့သိရပါတယ်။ ဓားခုတ်မှုကြောင့် သေဆုံးသူက ဖခင်ဖြစ်သူနဲ့ G – 11 တက်ရောက်နေတဲ့ သမီး ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ မိခင်ဖြစ်ကြောင်း ၊ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။ ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်အစော ၃ နာရီလောက်မှာ ဓားထိုးခံရတာဖြစ်ကြောင်း ၊ လက်ရှိမှာတော့ ဒဏ်ရာရရှိတဲ့ မိခင်ဖြစ်သူအမျိုးသမီးကို ဘားအံဆေးရုံမှာဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ ” မနက် ၃ နာရီခွဲလောက် ဓားထိုးမှုဖြစ်ကြောင်း သက်ဆိုင်ရာကအကြောင်းကြားလာတာပါ။ကျွန်တော်တို့ရောက်တော့ ဒဏ်ရာရတဲ့အမေက ဆေးရုံကိုပို့ပြီးနေပြီ။သေဆုံးသူတွေပဲရှိတော့တယ်။ သေတာက အဖေနဲ့သမီးပါ။ သမီးက အသက်တေတာ့သေချာမသိဘူး။G11 တက်နေတာလို့တော့သိရတယ်။ဓားနဲ့ထိုးသွင်းဒဏ်ရာတွေ့ရတယ်။သမီးထက်အဖေက ပိုများတယ်။အိမ်ထဲထိဝင်သတ်တာပါ။…

Read More

ကျောက်မဲမှာ ဇွန်လနှောင်းပိုင်းမှစပြီး လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ဖြစ်ပွား၊ ရှစ်ယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရခဲ့

ဇူလိုင် ၁၃၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမှာ ဇွန်လနှောင်းပိုင်းမှ စပြီး လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲမှာ လေကြောင်းနဲ့ ဗုံးကြဲ ခံရတာ ခုနှစ်ကြိမ်ရှိပြီ။ ဇွန်လ ၂၉ ရက်နေ့က နေ့လယ်ရော ည ရော တစ်ရက်ထဲကို ၂ ကြိမ် ဖြစ်တဲ့ ဟာလည်း ရှိတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့က တကြိမ်၊ ဇွန်လ ၂၇ ရက်နေ့က တကြိမ်၊ ဇွန်လ ၂၉ ရက်မေလက ၂ ကြိမ်၊ ဇူလိုင်လ ၅ ရက်နေ့က တကြိမ်၊ ဇူလိုင်လ ၈ ရက်နေ့က တကြိမ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တကြိမ်နဲ့…

Read More

မြောက်ကိုရီးယားနဲ့ တရုတ် ရထားပြေးဆွဲမှုတွေ ပြန်လည်စတင်မယ်

ပြုံးယမ်း၊ ဇူလိုင်-၁၃-၂၀၂၅ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ မြို့တော်တွေအကြား ခရီးသည်တင်ရထား ပြေးဆွဲမှုတွေကို မကြာခင်မှာ ပြန်လည်စတင်တော့မယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပြေးဆွဲတာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီကလည်းက ရပ်ဆိုင်းခဲ့တာပါ။ ရထားပြေးဆွဲမှုအတွက် နောက်ဆုံးအစီအစဉ်တွေကို လုပ်ဆောင်နေပြီး ဩဂုတ်လကစပြီး ပြန်လည်စတင်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ မြောက်ကိုရီးယားမှ တရုတ်သို့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးရည်ရွယ်ချက်နဲ့ လာရောက်မှုတွေဟာလည်း မေလကတည်းက တိုးပွားနေပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်တဲ့ အရိပ်လက္ခဏာဖြစ်ပေမယ့် တခြားအလာအလာတွေအပေါ် သတိထားရမယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ ဒါအပြင် မြောက်ကိုရီးယားဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်အရ ရုရှားနဲ့လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုတွေ တိုးမြှင့်နေပြီး မနေ့ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်ဟာ မြောက်ကိုရီးယားကို ရောက်ရှိနေပြီး…

Read More

အမြန်လမ်းမကြီး ဝန်းကျင်တလျှောက် ရေကြီးပြီး အိမ်ခြေ ၈၀ ကျော်ဝန်းကျင် ရေထဲမျောပါ

ဇူလိုင် ၁၃ – ၂၀၂၅ SN (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ဝန်းကျင်တလျှောက်မှာ မနေ့ ဇူလိုင် ၁၂ ရက်၊ မနက် အစောပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး တောင်ကျချောင်းရေကြောင့် အိမ်ခြေ အလုံးရေ ၈၀ ကျော်ဝန်းကျင် ရေထဲမျောပါသွားခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ အမြန်လမ်း ၁၇၄ မိုင် အနောက်ဘက်မှာ မနေ့ မနက် ၂ နာရီဝန်းကျင်က တောင်ကျရေကြောင့် အိမ်ခြေ ၃၁ လုံး ရေထဲ‌မျောပါသွားခဲ့သလို အမြန်လမ်း အနောက်ဘက်၊ သာဂရလမ်း၊ ၆ မိုင်ကျေးရွာမှာ အိမ် အလုံး ၂၀ ကျော်၊ ၇ မိုင်ကျေးရွာက နေအိမ် ရှစ်လုံး၊ ဇီးဖြူပင်ကျေးရွာက နေအိမ် ၂၂ လုံး ရေစီးနဲ့…

Read More

နောင်ချိုအနီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကုန်းစံရွာကို နစက တပ်ဖွဲ့ ပြန်ရ

ဇူလိုင် ၁၂၊ ၂၀၂၅ Shy V (VOM) နောင်ချိုအနီးဘက် ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာလည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကုန်းစံရွာကို ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့က နစက တပ်ဖွဲ့ ပြန်ရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲတွေက နောင်ချိုဘက် ခုလည်း ဖြစ်နေတယ်။ တဝုန်းဝုန်းနဲ့ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။ လမ်းတွေလည်း အားလုံး ပိတ်လိုက်ပြီ” လို့ စစ်ရှောင် ဒေသခံ တ‌ယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့တွေက နောင်ချိုမြို့ထဲ ဝင်ရောက်တာမျိုးတော့ မကြားရသေးပဲ တောင်ခမ်းလမ်းဘက်က မြို့ အဝင်ဆိုင်းဘုတ်နားထိတော့ ရောက်လာပြီ လို့ ကြားသိရတယ် လို့ဆိုပါတယ်။ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ နမ့်ဆောင်ဟူး ကာကင်း…

Read More

ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် နမ့်ခမ်းက ကျေးရွာတချို့ ရေကြီးရေလျှံမှု ဖြစ်ပြီး စိုက်ခင်းတွေ ပျက်စီး

ဇူလိုင် ၁၂ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်မှာ ရွှေလီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာ တချို့မှာ ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေလည်း ရေနစ်မြုပ် ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ လက်ရှိမှာ နမ့်ခမ်းမြို့နယ် တဖက်ကမ်းက ကွန်ဟိုင်း၊ နောင်ခမ်း၊ နောင်မတာ၊ မန့်ကွန်၊ မန့်စွန်း၊ ကွန်ကျိုင်း၊ ကောင်းနောင် စတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေတာဖြစ်ပြီး မန့်ကွန်၊ ကွန်ကျိုင်းနဲ့ ကောင်းနောင် ကျေးရွာတွေက စိုက်ခင်း ဧက ၂၀၀ ကျော်လည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ “ရစကြီးတာကတော့ ဇူလိုင် ၄ ရက်နေ့ကပေါ့။ တရုတ်ပြည်က ရေကာတာ ဖောက်တာက ဇူလိုင် ၃ ရက်နေ့ ညကဆိုတော့ ၄ ရက်နေ့မှာ…

Read More

အာဠဝီ (သို့မဟုတ်) စီလမ်း

ဆူးငှက် မန္တလေး နန်းမြို့တော်၏ တံခါး ၁၂ရပ်တွင် အနောက်ဖက်မျက်နှာ၌ ကြေးမုံအမည်ရှိ တံခါးတစ်ပေါက်ရှိသည်။ အဆိုပါ တံခါးက မလွယ်ပေါက် မိတ်တံခါးဖြစ်ပြီး ပြာသာဒ်က ဘုံ ၅ဆင့်ဖြစ်သည်။ တကယ်တော့ ကြေးမုံတံခါးကို မန္တလေးသားတွေ နှုတ်ကျိုး ခေါ်ဝေါ်နေတာက ”အာဠဝီတံခါး” ဟူ၍ ဖြစ်၏။ အမရပူရမြို့ဟောင်းတွင် တွင်ကျယ်နေသော အမည်ဖြစ်သဖြင့် အမရပူရမှ မန္တလေးသို့ ပြောင်းလာသူတွေအဖို့ နှုတ်ကျိုးနေကြခြင်း ဖြစ်ပေသည်။ ကြေးမုံတံခါး ————– ”ကြေးမုံတံခါး” က နန်းမြို့ရိုး အနောက်မျက်နှာတောင်ဘက် အစွန်တွင် ရှိသည်။ သစ်တောဝန် မင်းကျော်မင်းလှစည်သူ ကြီးကြပ်တည်ဆောက်၏။ မိတ်တံခါး ”ဂဗ္ဗေ” ဟူသော ဓာတ်သက်နှံသင့် အက္ခရာကိုယူ၍ ”ကြေးမုံ” တံခါး ဟု သမုတ်သည်။ ကြေးမုံတံခါးမှသည် ကျုံးကို ကျုံးကူးတံတားဖြင့် ကူးဖြတ် ထား၏။ တကယ်တော့ အာဠဝီစီလမ်းသည် ပဒေသရာဇ် ရှင်ဘုရင်လက်ထက်က…

Read More
VOM News

FREE
VIEW