ဘားအံမှာ မိသားစုလိုက် ဓားထိုးခံရလို့ ဖခင်နဲ့သမီးသေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်

ဇူလိုင် ၁၃ ၊ ၂၀၂၅
GG(VOM)
ကရင်ပြည်နယ် ၊ ဘားအံ့မြို့၊ အမှတ် (၉)ရပ်ကွက် ရေကျော် အောင်မင်္ဂလာလမ်းမှာ နေအိမ်ထဲထိဝင်ရောက်ပြီး မိသားစုလိုက် ဓားထိုးခံရပြီး နှစ်ယောက်သေဆုံးကာ တယောက်က ဒဏ်ရာပြင်းထန်ရရှိခဲ့ တယ်လို့သိရပါတယ်။
ဓားခုတ်မှုကြောင့် သေဆုံးသူက ဖခင်ဖြစ်သူနဲ့ G – 11 တက်ရောက်နေတဲ့ သမီး ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ မိခင်ဖြစ်ကြောင်း ၊ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။
ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့ မနက်အစော ၃ နာရီလောက်မှာ ဓားထိုးခံရတာဖြစ်ကြောင်း ၊ လက်ရှိမှာတော့ ဒဏ်ရာရရှိတဲ့ မိခင်ဖြစ်သူအမျိုးသမီးကို ဘားအံဆေးရုံမှာဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။
” မနက် ၃ နာရီခွဲလောက် ဓားထိုးမှုဖြစ်ကြောင်း သက်ဆိုင်ရာကအကြောင်းကြားလာတာပါ။ကျွန်တော်တို့ရောက်တော့ ဒဏ်ရာရတဲ့အမေက ဆေးရုံကိုပို့ပြီးနေပြီ။သေဆုံးသူတွေပဲရှိတော့တယ်။ သေတာက အဖေနဲ့သမီးပါ။ သမီးက အသက်တေတာ့သေချာမသိဘူး။G11 တက်နေတာလို့တော့သိရတယ်။ဓားနဲ့ထိုးသွင်းဒဏ်ရာတွေ့ရတယ်။သမီးထက်အဖေက ပိုများတယ်။အိမ်ထဲထိဝင်သတ်တာပါ။ ” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) မှ အသင်း ဝင်တယောက်ကပြောပါတယ်။
လူသတ်မှုကျူးလွန်ခဲ့သူကိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီရမိထားပြီး လက်ရှိမှာ စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။
” မိသားစုလိုက်ကို ဝင်သတ်သွားတာ။ဘယ်လိုကြောင့်ခုလောက်ရက်ရက်စက်စက်လုပ်သွားလဲ မပြောတတ်ဘူး။

လူသတ်သမားက အိမ်နီးချင်းလို့တော့ ကြားတယ်။” လို့ ဒေသခံကပြောပါတယ်။
ဓာတ်ပုံ – Hpan Rescue

Related posts

Leave a Comment

VOM News

FREE
VIEW