ရက်အကန့်အသတ်မရှိ သပိတ်မှောက်တော့မယ်လို့ ဆမ်ဆောင်းကုမ္ပဏီ ဝန်ထမ်းတွေ ကြေညာ

 

ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားရှိ ဆမ်ဆောင်းအီလက်ထရွန်းကို လုပ်သားထောင်ပေါင်းများစွာကို ကိုယ်စားပြုသော အလုပ်သမဂ္ဂက သူတို့ရဲ့ သုံးရက်ကြာသပိတ်ကို အကန့်အသတ်မရှိ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

အခုလို သပိတ်မှောက်တာဟာ နည်းပညာကုမ္ပဏီကြီးရဲ့ သမိုင်းမှာ အကြီးမားဆုံးသော အလုပ်သမားသပိတ်ဖြစ်ပြီး ဒုတိယသုံးလပတ်အတွက် အမြတ်အစွန်းတိုးလာမယ်လို့ ခန့်မှန်းထားတဲ့ ဆမ်းဆောင်အတွက် အဓိက ထိုးနှက်ချက်တခုဖြစ်ပါတယ်။

“ပထမအကြိမ်သပိတ်အပြီးမှာ ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့က ဆွေးနွေးလိုတဲ့ဆန္ဒမရှိတာကြောင့် ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ဒုယတိအကြိမ် သပိတ်ကို အကန့်အသတ်မရှိ ကြေညာပါတယ်” လို့ အမျိုးသားဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမဂ္ဂမှာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး ဆမ်ဆောင်းကုမ္ပဏီ စုစုပေါင်းလုပ်သားအင်အားရဲ့ ငါးပုံတပုံထိ ရှိနေပါတယ်။ အဖွဲ့ဝင် ၅၀၀၀ ကျော်ရဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေအတွက် တောင်းဆိုရာမှာ အဆင်မပြေတာကြောင့် အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး အလုပ်တွေရပ်နားပြီး သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။

ဆမ်ဆောင်းကတော့ အခုလို အလုပ်သမားတွေရဲ့ သပိတ်မှောက်မှုကြောင့် ထုတ်လုပ်ရေးတွေ ထိခိုက်မှမဟုတ်ဘူးလို့ ဆိုထားပြီး အလုပ်သမားသမဂ္ဂကတော့ ချီတုံချတုံဖြစ်နေတဲ့ အလုပ်သမားတွေပါ သပိတ်မှာပါဝင်လာဖို့ တိုက်တွန်းထားပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #တောင်ကိုရီးယား #ဆမ်ဆောင်း #အလုပ်သမားသပိတ် #သက်တမ်းတိုး

Related posts

Leave a Comment

VOM News

FREE
VIEW