ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ဇနီးကို အာဏာပိုင်တွေ ဖမ်း၀ရမ်းထုတ်

 

မော်စကို၊ ဇူလိုင်-၁၀-၂၀၂၄
မျိုးဆက်(VOM)

ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ ဇနီးဖြစ်သူ ယူလီယာနာဗာနီကို ရုရှားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံ ပြင်ပမှနေထိုင်နတဲ့ ယူလီယာနာဗာနီကို မျက်ကွယ်စွဲချက်တင်ပြီး ဖမ်း၀ရမ်းထုတ်ခြင်းမှာ အစွန်းရောက်အဖွဲ့တွေမှာ ပါဝင်ပတ်သက် ဆက်နွယ်မှုကြောင့်ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

နာဗာနီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရုရှားရဲ့ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အာတိတ်ဒေသရှိ အကျဉ်းထောင်မှာ ဖေဖော်ဝါရီလအတွင်းက သေဆုံးခဲ့ပါတယ်။

သူဟာ သဘာ၀အတိုင်း သေဆုံးခဲ့တာလို့ ရုရှား အစိုးရဘက်က ပြောဆိုထားပေမယ့် နာဗာနီဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အစာရေစာ မ၀လင်တာနဲ့ အခြားအကြောင်းရင်းတွေကြောင့် သေဆုံးခဲ့တာလို့ သူ့ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

နာဗာနီဟာ အစွန်းရောက်ဝါဒစွဲချက်တွေကြောင့် ထောင် ၁၉ နှစ်ချမှတ်ခံခဲ့ရသည်။ ဇနီးဖြစ်သူ ယူလီယာနာဗာနီကတော့ ရုရှားသမ္မတပူတင်ဟာ လူသတ်ကောင်နဲ့ ရာဇဝတ်ကောင်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

လက်ရှိမှာတော့ သူမဟာ ကမ္ဘာတဝန်းမှာ လူအခွင့်အရေးမြှင့်တင်ဖို့နဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ရုရှား #အတိုက်အခံခေါင်းဆောင် #နာဗာနီဇနီး #ဖမ်း၀ရမ်းထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW