ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုး

ဇူလိုင်လ ၂၀၊ ၂၀၂၄
Shy V (VOM)

ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုးကြောင်း ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဘက်က ချက်ချင်းအပစ်အခတ်ရပ်စဲဖို့နဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုထားတာကြောင်း တောင်းဆိုချက်ကို တုံ့ပြန်ရန်အတွက် ကိုးကန့် MNDAA ရဲ့ စစ်ရေးကော်မရှင်က ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုး ကြောင်း ဖော်ပြထားပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ အနေနဲ့ လက်ရှိရောက်ရှိနေတဲ့ နေရာတွေမှာ ခံစစ်သာ တိုက်ရမှာဖြစ်ပြီး မိမိတို့ဘက်က စတင် ထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေး စီမံ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။

ထိုးစစ်ရပ်တန့်ထားတဲ့ ကာလမှာ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အပစ်အခတ် ရပ်စဲရေး ကာလအတွင်း နစကတပ်ဖွဲ့ဘက်က တိုက်ခိုက်တာတွေ ခံရပါက ကိုးကန့် MNDAA ဘက်က သက်ဆိုင်ရာ တပ်ဖွဲ့တွေ အနေနဲ့ အကန့်အသတ်နဲ့ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ သဘောနဲ့ တန်ပြန် တိုက်ခိုက်တာ‌ေတွကို သင့်တော်သလို လုပ်ဆောင်နိုင်ကြောင်းလည်း ပါရှိပါတယ်။

ကိုးကန့် MNDAA ကွပ်ကဲရေး တပ်မှူးတွေ၊ အရာရှိ‌တွေ၊ စစ်သည်တွေ အားလုံး ထုတ်ပြန်ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကစလို့ လာမယ့် ၁၈ ရက်အထိလည်း တရုတ်ရဲ့ စိုးရိမ်မှု‌ေကြာင့်ကြောင့် MNDAA ဘက်က ၄ ရက်ကြာ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd#မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) စစ်ကော်မရှင်
#voiceofmyanmar#VOM#ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုး#

Related posts

✕
VOM News

FREE
VIEW