ဂါဇာအလယ်ပိုင်း စာသင်ကျောင်းကို အစ္စရေးရဲ့တိုက်ခိုက်မှု လူ ၃၀ သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

  ဂါဇာစီးတီး၊ ဇူလိုင်-၂၈-၂၀၂၄ မျိုးဆက်(VOM) ဂါဇာအလယ်ပိုင်း အီယာအယ်လ်ဘယ်လာအနီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း ဟားမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့ ကွပ်ကွဲမှုနဲ့ ထိန်းချုပ်ရေးဌာနဟာ အဲဒီစာသင်ကျောင်းထဲမှာရှိနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီနေရာဟာ ဟားမတ်စ်တို့ရဲ့ တိုက်ခို်ကမှုတွေကို ညွှန်ကြားရာနေရာနဲ့ လက်နက်တွေ သိမ်းဆည်းတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တယ်လို့ ဟာမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစာသင်ကျောင်းဟာ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့နေရာဖြစ်တယ်လို့ ဆိုပါကြပါတယ်။ ဒီနေရာကို မတိုက်ခိုက်မီ သင့်လျော်တဲ့ လက်နက်ခဲယမ်းအသုံးပြုမှု ၊ ဝေဟင်ကင်းထောက်မှုနဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို အခြေခံပြီး အရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးကတော့ ပြောပါတယ်။ လက်ရှိတိုက်ခိုက်ခံရတဲ့ ဒီယာအယ်လ်ဘယ်လာနဲ့ ခန်းယွန်နစ်မြို့တို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် မနေ့ကမနက်ပိုင်းနောက် လူ ၅၃ ယောက်သေဆုံးပြီး…

Read More

ဧရာဝတီတိုင်းထွက် ကွမ်းရွက်စျေး တပိဿာ ၄၅၀၀၀ အထိမြင့်တက်ပေမယ့် ခြံတွေပျက်စီးလို့အရှုံးပေါ်

  ဇူလိုင် ၂၈ – ၂၀၂၄ GG (VOM) ဧရာဝတီတိုင်းမှာ ရေကြီးနစ်မြုပ်ပြီး ကွမ်းခြံတွေထဲရေတွေ ပျက်စီးလို့ ကွမ်းအထွက်နူန်းလျော့ကျသွားတာကြောင့် တပတ်အတွင်းမှာတင် ကွမ်းတပိဿာကို ၃၀၀၀၀ ကျပ် လောက်မြင့်တက်သွားတယ်လို့သိရပါတယ်။ ဧရာဝတီတိုင်းမှာ မိုးဆက်တိုက်ရွာပြီး ကွမ်းခြံတွေရေနစ်ပြီးနောက်ဇူလိုင်လ ၂၁ ရက်ကစလို့ ကွမ်းရွက်စျေးက ဆက်တိုက်မြင့်တက်လာတာ ဒီနေ့အထိ ဖြစ်တယ်လို့သိရပါတယ်။ ” ညောင်တုန်း၊ပန်းတနော်ကွမ်း​ကစျေးကွက်ဝင်တယ်။ရန်ကုန်မှာအဓိကပဲ။ဒီတော့ရန်ကုန်စျေးကွက်ကပစ္စည်းလိုသလောက်မရတော့စျေးကိုမြှင့်ဝယ်လာကြတာပေါ့။မတ္တရာကွမ်းကကွမ်းနုဝါဆိုပေမယ့်ရန်ကုန်ကစားသုံးသူမရှိဘူး။သူ့စျေးကွက်နဲ့သူပေါ့။အခုက ကွမ်းခြံတွေ ရေနစ်တောခြံတွေပျက်စီး၊အထွက်လျော့တော့စျေးကရက်ပိုင်းအတွင်းကိုထိုးတက်လာတာ။စျေးတက်လာလည်း ကွမ်းကသိပ်မရှိတော့ဘူး။ကွမ်းကောင်ူရှားတယ်။အရင် ထိုင်ဝမ်ရိုးနီအကြမ်းဆို၂၀၀၀ လောက်ရတာကိုအခု ၁၇၀၀၀ လောက်စျေးရှိတယ်။” လို့ ညောင်တုန်းမြို့နယ် ကွမ်းစိုက်ပိုင် ရှင်ကပြောပါတယ်။ ဧရာဝတီတိုင်းက ထွက်တဲ့အဓိကစျေးကွက်ဝင် ညောင်တုန်း -ပန်းတနော်(ရိုးညို)(ရိုးစိမ်း) ကွမ်းရွက်စျေးနူန်းဟာ ဇူလိုင်လ ၂၀ ရက်က ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး တပိဿာကိုမှ အနိမ့်ဆုံး ၅၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၅၀၀၀ ကျပ်အထိသာရှိခဲ့တာဖြစ်ပါတယ်။ ညောင်တုန်း-ပန်းတနော်-ကျောင်းကုန်း-မအူပင်(ထိုင်ဝမ်ရိုးနီ)တွေကလည်း ဇူလိုင်လ ၂၀ ရက်တုန်းက ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး…

Read More

သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ ၁၀၀ ဝန်းကျင် ရေမြုပ်နေပြီး ကြံခင်း-ပုသိမ် ရထားပြေးဆွဲမှု ရပ်နားထားရ

  ဇူလိုင် ၂၈ – ၂၀၂၄ SN (VOM) ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ ကျေးရွာပေါင်း ၁၀၀ ဝန်းကျင် ရေနစ်မြုပ်နေပြီး ကြံခင်း-ပုသိမ် ရထားပြေးဆွဲမှုတွေကိုလည်း ယာယီရပ်နားထားကြောင်း ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ကြံခင်း-ပုသိမ် ရထား၂၅ ရက်နေ့လောက်ကစပြီး မထွက်နိုင်တော့တာ။ မြစ်ရေကတော့ တန့်သွားပါပြီ။ တာကျော်အောင်မတက်သေးဘူး ။ တောရေလို့ခေါ်မှာပေါ့ ။ မိုးများတာနဲ့ မမြတို့ ၊ ကွန်ချောင်းတို့လိုဆည်တွေက ရေပိုတချို့ဖောက်ထုတ်တာကြောင့် ရထားလမ်း ရေမြုပ်နေတာ။ ထူးကြီးအကျော် မယ်ဇလီကုန်းမှာလည်း ကားလမ်းရေကျော်လို့ ကားတွေသွားမရဖြစ်သေးတယ်။ ခုတော့ ကားကြီးတွေ သွားရနေပြီ” လို့ ကြံခင်းမြို့တယောက်ကပြောပါတယ်။ ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် သာပေါင်းမြို့နယ်က ကျေးရွာ ၄၀ နီးပါး၊ ရေကြည်မြို့နယ်က ကျေးရွာ ၄၀ နီးပါး၊ လေးမျက်နှာမြို့နယ်က ကျေးရွာ…

Read More

ပဲခူးမြစ်ရေ အတက်ကြမ်းလို့ တမြို့လုံးနီးပါး ရေကြီးနေပြန် ၊ ကယ်ဆယ်ရေးစခန်း ၂၇ ခုနှစ်ဖွင့်ထားပြီး တိုးဂိတ်နဲ့ တံတားလည်းပိတ်

  ဇူလိုင် ၂၈ – ၂၀၂၄ GG (VOM) ပဲခူးမှာ မိုးရွာသွန်းနေပြီး မြစ်ရေတွေဆက်တိုးနေတာကြောင့် အရေးပေါ်ကူညီရေးတွေ လုပ်နေရပြီး ပဲခူးတိုးဂိတ် လည်းပိတ်ထားသလို ပဲခူးတံတားကနေလည်းသွားလာခွင့်ပိတ်လိုက်ပြီလို့သိရပါတယ်။ ပဲခူးတမြို့လုံးနီးပါး ရေဝင်ရောက်နေပြီး တချို့နေရာတွေမှာ လူတရပ်နစ်မြုပ်တဲ့အထိရေကြီးနေသလို ပဲခူး- ရန်ကုန်လမ်းက တိုးဂိတ်မှာလည်းရေကြီးနေခြင်း၊ ပဲခူးတံတားအဆင်းမှာလည်းရေကြီးနေတာကြောင့် သွားလာမရတော့လို့ ပိတ်လိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိပဲခူးမြစ်ရေဟာ ၉၈၂ စင်တီမီတာအထိရှိလာနေတာကြောင့် မနှစ်က အဆိုးဝါးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့စိုးရိမ်ရေမှတ် ၁၀၀၄ စင်တီမီတာကို ရောက်ရှိဖို့ ၁ ပေ လောက်သာလိုတော့တဲ့အတွက် ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ ” ရေကအတက်ကြမ်းတယ်။မိုးကလည်းမပြတ်ဘူး။ခုမနက်ကိုထပ်တိုးနေတာ။ထမင်းထုတ်ဝေသူကဝေ၊ ကယ်ဆယ်ရေး လုပ်သူကလုပ်ပေါ့။အကူအညီတွေကတော့အကုန်လိုတာပဲ။အရေးပေါ်ရွှေ့ရတော့ အစားအသောက်အပြင်အကုန်လိုတယ်။ရေဘေးသင့်သူများတော့ ချက်ပြုတ်ရတာကိုက တာဝန်တအားကြီးတယ်။မနှစ်ကစိုးရိမ်ရေမှတ်ကိုမီဖို့သိပ်မလိုတော့ဘူး။မနှစ်ကလိုမဖြစ်ဖို့ဆုတောင်းရင်းကယ်ဆယ်ရေးတွေလုပ်နေရတာပဲ။မနှစ်ကတော့အတော်ကိုဆိုးရွားခဲ့တာမို့လိုခုနှစ်ထပ်မကြုံချင်ဘူး။ရေအမြန်ကျပါစေဆုတောင်းတယ်။ ” လို့ ရေဘေးကူညီရေးလုပ်နေသူတယောက်ကပြောပါတယ်။ ပဲခူးမြစ်ရဲ့စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာ ဖြစ်ပြီး လက်ရှိ ရောက်နေတဲ့ပဲခူးမြစ်ရေက ၉၈၂ စင်တီမီတာဖြစ်နေတာကြောင့် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေကာ နောက်ထပ်လည်းမြစ်ရေ ၁…

Read More

ကရင်ပြည်နယ်အတွင်း မြို့ငါးမြို့ထက်မနည်း ရေကြီးနေပြီး လူသေဆုံးမှုတွေလည်း ရှိလာ

  ဇူလိုင် ၂၈ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ကျုံဒိုး စတဲ့ မြို့နယ် မြို့နယ်တွေမှာ ဇူလိုင် ၁၅ ရက်နေ့မှစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုတွေလည်း ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်းရှိ ဒေါနတောင်တန်း တောင်ကျရေ၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ လှိုင်းဘွဲ့မြစ်၊ သောင်ရင်းမြစ်နဲ့ ချောင်းတောင်ချောင်းရေတွေကြောင့် မြို့ပေါ်နဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မြ၀တီမြို့မှာ သောင်ရင်းမြစ်ရေလျှံမှုကြောင့် မနေ့ ဇူလိုင် ၂၇ ရက်က အသက် သုံးနှစ်အရွယ် ကလေးတယောက် အပါအဝင် အသက် ငါးဆယ်ကျော်နဲ့ ခြောက်ဆယ်ကျော်အရွယ် အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့…

Read More
VOM News

FREE
VIEW