ဂါဇာအလယ်ပိုင်း စာသင်ကျောင်းကို အစ္စရေးရဲ့တိုက်ခိုက်မှု လူ ၃၀ သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

 

ဂါဇာစီးတီး၊ ဇူလိုင်-၂၈-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာအလယ်ပိုင်း အီယာအယ်လ်ဘယ်လာအနီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း ဟားမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားမတ်စ်တို့ရဲ့ ကွပ်ကွဲမှုနဲ့ ထိန်းချုပ်ရေးဌာနဟာ အဲဒီစာသင်ကျောင်းထဲမှာရှိနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီနေရာဟာ ဟားမတ်စ်တို့ရဲ့ တိုက်ခို်ကမှုတွေကို ညွှန်ကြားရာနေရာနဲ့ လက်နက်တွေ သိမ်းဆည်းတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တယ်လို့ ဟာမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစာသင်ကျောင်းဟာ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့နေရာဖြစ်တယ်လို့ ဆိုပါကြပါတယ်။

ဒီနေရာကို မတိုက်ခိုက်မီ သင့်လျော်တဲ့ လက်နက်ခဲယမ်းအသုံးပြုမှု ၊ ဝေဟင်ကင်းထောက်မှုနဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို အခြေခံပြီး အရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးကတော့ ပြောပါတယ်။

လက်ရှိတိုက်ခိုက်ခံရတဲ့ ဒီယာအယ်လ်ဘယ်လာနဲ့ ခန်းယွန်နစ်မြို့တို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် မနေ့ကမနက်ပိုင်းနောက် လူ ၅၃ ယောက်သေဆုံးပြီး ၁၈၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သုံးသောင်းကိုးထောင်ကျော် သေဆုံးခဲ့ပြီး ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှာတော့ အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးကာ ၂၅၁ ယောက် ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

Ref: BBC
Photo:AFP

#Voiceofmyanmar #VOM #ဂါဇာ #အစ္စရေး #ဟားမတ်စ် #စာသင်ကျောင်းတိုက်ခို်ကမှု #၃၀သေ

Related posts

Leave a Comment

VOM News

FREE
VIEW