ကားကို လုံခြုံရေးအရစစ်တဲ့အခါ စစ်ဆေးခံကြဖို့ သံဃာတွေကို မဟနအဖွဲ့အသိပေးလာ

  ဇူလိုင် ၂၉ – ၂၀၂၄ GG( VOM) လုံခြုံရေးအရ ဘုန်းကြီးကျောင်းကား နဲ့ အရပ်ဘက်ကားတွေကို လုံခြုံရေးအရတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စစ်ဆေးမှုခံယူကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အသိပေးထားတယ်လို့သိရပါတယ်။ ကျောင်းတိုက်အမည်ပါ မော်တော်ယာဉ်၊ သာ- နံပါတ်ပါ မော်တော်ယာဉ် အပြင် အရပ်ဘက်ကားဖြစ်စေ စစ်ဆေးမှုခံယူကြဖို့ကို မဟနအဖွဲ့က အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ သတ္တရသမအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီး တရားဝင်အသိပေးလာတာဖြစ်တယ်လို့သိရပါတယ်။ ” ဘုန်းကြီးကားပဲဖြစ်ဖြစ် အရပ်ဘက်ကားပဲဖြစ်ဖြစ် စစ်ဆေးရင် စစ်ဆေးခံဖို့ပေါ့။ဘုန်းကြီးပါတယ်ဆိုပြီးအစစ်ဆေးမခံဘဲ မောင်းတာမျိုးမလုပ်ဖို့ပါ။ဘုန်းကြီးတို့တော့ခုရက်ပိုင်းသိရတာပါ။အခုဘုန်းကြီးတို့အပြင်သွားရင်လည်း သူတို့စစ်ဆေးရေးဂိတ်မရောက်ခင်ထဲကအရှိန်လျှော့ပြီး အကျိူးကြောင်းပြောပါတယ်။စစ်ချင်တယ်ဆိုလည်းစစ်လို့ရတယ်။ဒါပေမယ့်ခုထိတော့ကားပေါ်အစစ်ခံရတာမရှိသေးဘူး။တခါတ​ေလဘုန်းဘုန်းဘယ်ကြွမှာလဲလောက်တော့ မေးတယ်။ ” လို့ မြို့နယ်အဆင့်သံဃနာယကအဖွဲ့ဝင်ဆရာတော်တပါးကမိန့်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လထဲမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးစီးနင်းလိုက်ပါတဲ့ အရပ်ဘက်ကားပစ်ခတ်ခံရပြီး မဟနဆရာတော်ကြီး ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်ခဲ့ရတဲ့ဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာ မဟနအဖွဲ့အနေနဲ့အခုလို သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ဇွန်လ ၂၀ ရက်နေ့၊…

Read More

လားရှိုးထောင်ပွင့်သွားပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်

  ဇူလိုင် ၂၉၊ ၂၀၂၄ Shy V လားရှိုးထောင် ယမနခနေ့ ဇူလိုင်လ ဏ္ဍ၈ ရက်နေ့မှာ ပွင့်သွားပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်သွားကြောင်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ “ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား အမျိုးသား ၃၀၀ နဲ့ အမျိုးသမီး ၇၀ လွတ်သွားတယ်။ ရိားရိုး ါကျဉ်းသားတွေက ဘယ်လောက်လဲ မသိဘူး” လို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ တိုက်ပွဲ ဖြစ်ေနချိန် အကျဉ်းထောင် ပွင့်သွားတာကြောင့် အကျဉ်းသားတွေ လွတ်ကာ ပြေးထွက်ကုန်ကြတာ လို့ ဒေသခံတွေက ပြောပါတယ်။ “ထောင်ပွင့်သွားတယ်…

Read More

လူ ၄၀၀၀ သေဆုံးခဲ့တဲ့ လစ်ဗျားဆည် ကျိုးပေါက်မှု တာဝန်ရှိသူတွေကို ၁၂ ယောက်ကို ထောင်ချ

  ထရီပိုလီ၊ ဇူလိုင်-၂၉-၂၀၂၄ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့တဲ့ ဆည်ကျိုးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ ပတ်သက်ပြီး လစ်ဗျားတာဝန်ရှိသူ ၁၂ ယောက်ကို အာဏာပိုင်တွေက ထောင်ဒဏ် ကိုးနှစ်ကနေ ၁၂ ထိ ချမှတ်လိုက်ပါတယ်။ ဆည်ကျိုးမှုကြောင့် ဒါနာမြို့ရှိ ရပ်ကွက်တစ်ခုလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း ကြိုးပမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ရေအရင်းအမြစ် စီမံခန့်ခွဲဖို့နဲ့ ဆည်တွေကို ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပေါ့ဆမှု၊ လူသေစေမှု၊ ပြည်သူ့ဘဏ္ဍာဖြုန်းတီးမှုအပါအဝင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပြီး သူတို့ထဲက သုံးယောက်ကိုတော့ တရားသေပြန်လွှတ်ပေးခဲ့ပါတယ်။ ဆည်ကျိုးပေါက်မှုဟာ လစ်ဗျားမှာ ဆယ်စုနှစ်တခုကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဆည်တွေကို ပြုပြင်ထိန်းသိမ်းညံ့ဖျင်းတာတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဇန်နဝါရီလအတွင်းက ထုတ်ပြန်တဲ့ နိုင်ငံတကာ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ ဒါနာဆည်ကျိုးပေါက်မှုကြောင့်…

Read More

လူ ၁၂ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ဟဇ်ဘိုလာအဖွဲ့ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်

  တဲလ်အဗစ်၊ ဇူလိုင်-၂၉-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ ဘောလုံးကစားနေစဉ် ဒုံးကျည်ကျရောက်မှုကြောင့် ကလေးနဲ့ လူငယ် ၁၂ ယောက်သေဆုံးပြီးနောက် လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။ ဒရူဇီမြို့မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ လက်ချက်လို့ အစ္စရေးက စွပ်စွဲထားပေမယ့် ဟဇ်ဘိုလာအဖွဲ့ကတော့ ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။ ဒီအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ် ခုနှစ်ခုကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကို ရှင်းလင်းစွာမသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဂါဇာရှိ ဟားမတ်စ်တို့ကို ထိုးစစ်စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလနောက်ပိုင်းမှစ၍ အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ နယ်စပ်ဖြတ်ကျော်အပြန်အလှန်ပစ်ခတ်မှုတွေ မြင့်တက်လာပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒရူဇီမြို့ ဘောလုံးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း အသေအပျောက်အများဆုံး…

Read More

မိုးရွာသွန်းမှု များနေနိုင်သေးတာကြောင့် တိုင်းနဲ့ ပြည်နယ်တချို့ ရေကြီးရေလျှံမှု ဆက်လက်သတိပြုဖို့ လို

  ဇူလိုင် ၂၉ – ၂၀၂၄ SN (VOM) လာမယ့် လေးရက်အတွင်း မိုးရွာသွန်းမှု များနေနိုင်သေးတာကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှု ဆက်လက်သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မုတ်သုံလေအားကောင်းနေတဲ့အတွက် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရွာသွန်းမှုတွေ ဆက်ရှိနေနိုင်ပြီး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “ဒီနေ့ကနေ နောက်လေးရက်အထိ မိုးတွေဆက်ဦးမယ့်သဘောရှိတယ်။ ရေကြီးမှုက ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ဘက်ရော၊ နောက် မြစ်ဝကျွန်းပေါ်။ မြစ်ဝကျွန်းပေါ်ကတော့ မိုးနည်းနည်းလေး မိုးပါးသွားမယ်၊ ပဲခူးရောပဲပေါ့။ တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဘက်ကတော့ မိုးက ဆက်များမယ့်အနေအထားရှိတယ်။ အဲဒီနေရာတွေတော့ ဇူလိုင်လကုန်အထိ ဆက်ပြီး သတိထားရဦးမယ်။ ဩဂုတ်လကျရင်တော့…

Read More

တရုတ်နဲ့ဆက်ဆံရေး ပြန်လည်စတင်မယ်လို့ အီတလီဝန်ကြီးချုပ် မယ်လိုနီ ကတိပြု

  ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၄ မျိုးဆက်(VOM) အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီဟာ ဝန်ကြီးချုပ်တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပြန်လည်စတင်ဖို့ ကတိပြုပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အစမှာတော့ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့ သုံးနှစ်စီမံကိန်း သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ခရီးစဉ်ဟာ တရုတ်နဲ့ အီတလီနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ဖို့ အဆင့်တခုဖန်တီးမယ့် ဆန္ဒကို ဖော်ပြခြင်းဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်က ပြောပါတယ်။ လျှပ်စစ်ကားနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ရည်ရွည်တဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်လို့ သူကဆိုပါတယ်။ နှစ်နိုင်ငံအကြား သင်္ဘောတည်ဆောက်မှု၊ အာကာသ၊ စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ရည်ရွယ်ထားကြောင်း အီတလီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ ပါဝင်မှုငနေ အီတလီနိုင်ငံနှုတ်ထွက်ပြီးနောက် နှစ်နိုင်ငံအကြား ယခုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပြီး…

Read More

ရွှေပြင်ပပေါက်ဈေး ကျပ် ၆၅ သိန်းနီးပါး၊ ဒေါ်လာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေ

  ဇူလိုင် ၂၉ – ၂၀၂၄ SN (VOM) ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၆၅ သိန်းနီးပါး ရောက်ရှိနေပြီး အမေရိကန် တဒေါ်လာ ကျပ် ၅၂၀၀ ကျော်ဝန်းကျင်အထိ အတက်ကြမ်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က တကျပ်သား ၆၂ သိန်းဝန်းကျင် ရှိခဲ့တာကနေ နှစ်ရက်အတွင်း ကျပ် သုံးသိန်းနီးပါး ထပ်မံမြင့်တက်လာကာ လက်ရှိမှာတော့ ကျပ် ခြောက်ဆယ့်လေးသိန်း ကိုးသောင်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ “ရွှေဈေးက ကြိုက်ရောင်းကြိုက်ဝယ် မှောင်ခိုဈေးဖြစ်နေတာ ကြာပြီ။ ၁၆ ပဲရည် တကျပ်သား သိန်း ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး စံချိန် တခုပြီးတခု ချိုးလာလိုက်တာ အခုဆိုရင် သိန်း ၆၀…

Read More
VOM News

FREE
VIEW