လူ ၄၀၀၀ သေဆုံးခဲ့တဲ့ လစ်ဗျားဆည် ကျိုးပေါက်မှု တာဝန်ရှိသူတွေကို ၁၂ ယောက်ကို ထောင်ချ

 

ထရီပိုလီ၊ ဇူလိုင်-၂၉-၂၀၂၄
မျိုးဆက်(VOM)

လစ်ဗျားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့တဲ့ ဆည်ကျိုးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ ပတ်သက်ပြီး လစ်ဗျားတာဝန်ရှိသူ ၁၂ ယောက်ကို အာဏာပိုင်တွေက ထောင်ဒဏ် ကိုးနှစ်ကနေ ၁၂ ထိ ချမှတ်လိုက်ပါတယ်။

ဆည်ကျိုးမှုကြောင့် ဒါနာမြို့ရှိ ရပ်ကွက်တစ်ခုလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း ကြိုးပမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ရေအရင်းအမြစ် စီမံခန့်ခွဲဖို့နဲ့ ဆည်တွေကို ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပေါ့ဆမှု၊ လူသေစေမှု၊ ပြည်သူ့ဘဏ္ဍာဖြုန်းတီးမှုအပါအဝင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပြီး သူတို့ထဲက သုံးယောက်ကိုတော့ တရားသေပြန်လွှတ်ပေးခဲ့ပါတယ်။

ဆည်ကျိုးပေါက်မှုဟာ လစ်ဗျားမှာ ဆယ်စုနှစ်တခုကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဆည်တွေကို ပြုပြင်ထိန်းသိမ်းညံ့ဖျင်းတာတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဇန်နဝါရီလအတွင်းက ထုတ်ပြန်တဲ့ နိုင်ငံတကာ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

ဒါနာဆည်ကျိုးပေါက်မှုကြောင့် လူသေဆုံးတဲ့ ရေကြီးမှုဖြစ်ပွားပြီးနောက် တပတ်အကြာမှာ အမျက်ထွက်နေတဲ့ ဒေသခံတွေဟာ မြို့တော်ဝန်ရဲ့ နေအိမ်ကို မီးရှို့ခဲ့ကြပြီး မြို့တော်ကောင်စီတခုလုံးလည်း ဖြုတ်ချခံခဲ့ရပါတယ်။
Ref:BBC
Photo:AP

#Voiceofmyanmar #VOM #လစ်ဗျား #ဆည်ကျိုးမှု #ရေကြီးရေလျှံ #တာဝန်ရှိသူ၁၂ယောက် #ထောင်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW