လူ ၁၂ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ဟဇ်ဘိုလာအဖွဲ့ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်

 

တဲလ်အဗစ်၊ ဇူလိုင်-၂၉-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ ဘောလုံးကစားနေစဉ် ဒုံးကျည်ကျရောက်မှုကြောင့် ကလေးနဲ့ လူငယ် ၁၂ ယောက်သေဆုံးပြီးနောက် လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။

ဒရူဇီမြို့မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ လက်ချက်လို့ အစ္စရေးက စွပ်စွဲထားပေမယ့် ဟဇ်ဘိုလာအဖွဲ့ကတော့ ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။

ဒီအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ် ခုနှစ်ခုကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကို ရှင်းလင်းစွာမသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဂါဇာရှိ ဟားမတ်စ်တို့ကို ထိုးစစ်စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလနောက်ပိုင်းမှစ၍ အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ နယ်စပ်ဖြတ်ကျော်အပြန်အလှန်ပစ်ခတ်မှုတွေ မြင့်တက်လာပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

ဒရူဇီမြို့ ဘောလုံးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း အသေအပျောက်အများဆုံး တို်ကခိုက်မှုလည်းဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်ကြား အရွယ်တွေဖြစ်ကာ သူတို့ရဲ့ဈာပနကို ဒေသခံထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Ref:BBC
Photo:Israel Foreign Ministry

#Voiceofmyanmar #VOM #အစ္စရေး #လက်ဘနွန် #ဟဇ်ဘိုလာ #တိုက်ခိုက်

Related posts

Leave a Comment

VOM News

FREE
VIEW