ဧရာဝတီတိုင်းက မြို့ ကိုးမြို့မှာ မြစ်ရေတိုးပြီး တာတမံကျိုးပေါက်ကာ စိုက်ခင်းတွေ ရေမြုပ်

  ဇူလိုင် ၂၄ – ၂၀၂၄ SN (VOM) လက်ရှိ ဧရာဝတီတိုင်းအတွင်း မြစ်ရေတွေ တိုးလာတာကြောင့် မြို့ ကိုးမြို့မှာ တာတမံကျိုးပေါက်မှုတွေ ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေ ရေမြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သာပေါင်း၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ ဇလွန်၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေ၊ ငဝန်မြစ်နဲ့ ပန်းလှိုင်မြစ်ရေတွေ တိုးလာနေတာဖြစ်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေဆဲဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ လက်ရှိမှာ ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပန်းတနော်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ကျေးရွာတာတမံ ကျိုးပေါက်မှုတွေဖြစ်ပေါ်နေပြီး ကွမ်းနဲ့ စပါးစိုက်ခင်းတွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သာပေါင်းမြို့နယ်မှ ဒေသခံတယောက်က “တာကျိုးကျတာက ဇူလိုင် ၂၂…

Read More

ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ် ရွေးကောက်ပွဲ လူထုထောက်ခံမှုနှုန်း မတိမ်းမယိမ်းရှိနေ

  ဝါရှင်တန် ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ ဒုတိယသမ္မတ ကမလာဟားရစ်တို့ အပေါ် လူထုထောက်ခံမှုနှုန်းဟာ သူမသာကိုယ်မသာ မတိမ်းမယိမ်း ရှိနေကြောင်း ရွေးကောက်ပွဲ သဘောထားစစ်တမ်း နှစ်ရပ်မှာ ဖော်ပြထားပါတယ်။ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ကြေညာပြီးနောက် ရိုက်တာသတင်းဌာနနဲ့ Ipsos အဖွဲ့တို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ သမ္မတလောင်းတွေအပေါ် လူထုရဲ့ ထောက်ခံမှု သဘောထားစစ်တမ်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တမ်းတခုမှာတော့ သမ္မတရွေးကောက်ပွဲမှာ ကမလာဟားရစ်ကို မဲပေးမယ်ဆိုသူ ၄၄ ရာခိုင်နှုန်းရှိပြီး ၄၂ ရာခိုင်နှုန်းကတော့ ဒေါ်နယ်ထရန့်ကို မဲပေးမယ်လို့ ဆိုကြပြီး ဟားရစ်ဟာ သူမရဲ့ ဒီမိုကရက်တစ်ပါတီကို လူကြိုက်များအောင် အနည်းငယ်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ပီဘီအက်စ်နဲ့အခြားသော စစ်တမ်းတခုမှာတော့ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ ၄၆ ရာခိုင်နှုန်းကတော့ ကမလာဟားရစ်ကို မဲပေးမယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ဂျိုးဘိုင်ဒင်ထက် ဟားရစ်ကို…

Read More

ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းကုန်တာကြောင့် အိမ်ခြံမြေဈေးကွက် ထိခိုက်လာ

  ဇူလိုင် ၂၄ – ၂၀၂၄ SN (VOM) ဘဏ်တွေ အရေးယူမယ့်ကိစ္စကြောင့် ဘဏ်နဲ့ချိတ်ဆက် အိမ်ရာဝယ်တဲ့ချေးငွေတွေ ရပ်ဆိုင်းကုန်တဲ့အတွက် အိမ်ခြံမြေဈေးကွက် ထိခိုက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ “လတ်တ‌လော အခြေအနေတွေအရ ဘဏ်တွေကနေ ငွေထုတ်လို့ မရတဲ့အပိုင်းနဲ့ ဘဏ်ချိတ်တွေ မရတော့တဲ့ အနေအထားတွေ ဖြစ်လာတယ်။ ထိန်းချုပ်မှုတွေ၊ အရေးယူမှုတွေလည်း ရှိလာတဲ့အခါကျတော့ အဆင်မပြေတော့ဘူး။ မြို့ကြီးတွေမှာက နယ်မြို့တွေထက် ဘဏ်ချိတ်နဲ့ ဝယ်တာ ပိုများလေ့ရှိတာဆိုတော့ ခုနောက်ပိုင်း အရောင်းအဝယ်တွေ ခက်လာတယ်။ အဆင်မပြေတော့ဘူး” လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးထားတဲ့ ပြည်တွင်းဘဏ် ခုနစ်ခုရဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဘဏ်နဲ့ ချိတ်ဆက် အိမ်ရာဝယ်တဲ့ ချေးငွေတွေ ရပ်ဆိုင်းသွားတာကြောင့်…

Read More

ထိုင်ဝမ်ကို နာရီပိုင်းအတွင်း တိုက်ခတ်မယ့် အင်အားပြင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ အားလုံးနီးပါး ဖျက်သိမ်း

  တိုင်ပေ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်မှာ ကျွန်းရဲ့ အရှေ့မြောက်ကမ်းရိုးတန်း ကု်နးတွင်းပိုင်းကို လာမယ့် နာရီပိုင်းအတွင်း ဝင်ရောက်တိုက်ခတ်မယ့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်မယ့်အရေးကို ကြိုတင်ပြင်ဆင်နေရပါတယ်။ ဒါဟာ ထိုင်ဝမ်ကျွန်းကို ယခုနှစ်မုန်တိုင်းရာသီမှာ ပထမဆုံးဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ထိုင်ဝမ်စစ်တပ်ရဲ့ နှစ်စဉ်အကြီးစားစစ်ရေးလေ့ကျင့်မှု အချို့ကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။ နိုင်ငံတကာလေယာဉ်ခရီးစဉ် ၂၀၀ နဲ့အတူ ပြည်တွင်း လေယာဉ်ခရီးစဉ်အားလုံးနီးပါးကို ဖျက်သိမ်းထားကြောင်း ထိုင်ဝမ် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တနာရီကို မိုင် ၁၅၀ နှုန်းထိ တိုက်ခတ်နေပြီး အဆင့် ၄ အဖြစ်သတ်မှတ်ထားပါတယ်။ ကင်မီကျွန်းမှလွဲပြီး ကျန်နေရာတွေမှာ ဒီနေ့ကို မုန်တိုင်းနေ့အဖြစ်သတ်မှတ်ပြီး အလုပ်တွေနဲ့ စာသင်ကြားမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ TSMC ကတော့စက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ လက်ရှိမှာတော့ မြောက်ဘက်ကို အနည်းငယ်ရွေ့လျားနေပြီး…

Read More

ဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုကြောင့် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအကြီးအကဲ ရာထူးကနေ နုတ်ထွက်ပြီ

  ဝါရှင်တန်၊ ဇူလိုင်-၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုကြောင့် လျှို့ဝှက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်ချီတယ်ဟာ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ ဌာနရဲ့ ညွှန်ကြားရေးမှူးတယောက်အနေနဲ့ အဲဒီဖြစ်စဉ်က လုံခြုံရေးပျက်ကွက်မှုအတွက် မိမိအပြည့်အ၀ တာဝန်ယူကြောင်း မစ္စချီတယ်ရဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။ သမ္မတဟောင်းဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် လွှတ်တော်ကြားနာမှုအပြီးမှာ သူမဟာ ် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ဘက်စလုံးရဲ့ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ်များစွာအတွင်း လျှို့ဝှက်ထောက်လှမ်းရေးဌာနအတွက် လွန်စွာဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုဖြစ်ကြောင်း လွှတ်တော်ကြားနာမှုအတွင်း သူမက ဝန်ခံပြောဆိုပါတယ်။ ဒေါ်နယ်ထရန့်ရှိနေတဲ့ စင်မြင့်မှ မီတာ ၁၃၀ အကွာထိ သေနတ်သမားဘယ်လို ချဉ်းကပ်ခဲ့သည့်ဆိုတဲ့အပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် အာဏာပို်ငတွေဟာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့ရဲ့…

Read More

အီသီယိုးပီးယား မြေပြိုမှု အလောင်း ၂၃၀ တွေ့ရှိထား

  အာဒစ်အာဘာဘာ၊ ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာပြီး အလောင်း ၂၃၀ ကိုတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂိုဖာဇုန်ရှိ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှု နှစ်ခုဖြစ်ပွာခဲ့တာဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်နိုင်ခဲ့သူ ၁၀ ယောက်ကို ဆေးရုံပို့ထားပါတယ်။ အခင်းဖြစ်ပွားရာမှာ လူရာချီစုဝေးပြီး ရှာဖွေရေးတွေလုပ်ဆောင်နေကြကာ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေမှာ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ ရဲအရာရှိတွေပါဝင်တယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့နေ့မနက်က မြေပြိုမှုဖြစ်တဲ့နေရာမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဲတွေအပါအဝင် ဒေသခံတွေစုရုံးနေကြချိန်မှာ ဒုတိယအကြိမ်မြေပြိုမှု ထပ်ဖြစ်တယ်။ဒီမှာတင် သေဆုံးသူတွေ ပျောက်ဆုံးသူတွေ တိုးလာတယ်”လို့ ခရိုင်အစိုးရ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဂိုဖာဒေသဟာ တောင်အီသီယိုးပီးယားပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး မြို့တော် အာဒစ်အာဘာဘာနဲ့ ၃၂၀ ကီလိုမီတာဝေးပါတယ်။ ဒီဒေသဟာ…

Read More

သတိပြု ပြင်ဆင်ရမယ့် ရေကြီးရေလျှံမှု အန္တရာယ်

SN (VOM) ရေကြီးရေလျှံမှုပြဿနာဟာ အခုနောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံအတွင်း နှစ်စဉ်ပုံမှန် ကြုံတွေ့နေရတဲ့ ပြဿနာတရပ် ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မတိုင်မီက ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတာ ရှားမှရှားပါပဲ။ ၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှာ သဘာဝသစ်တောကြီး ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတဲ့အတွက် တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုကြပါဘူး။ မိုးကြိုးပစ်လို့သေတာ၊ ရေကြီးရေလျှံ ရေနစ်လို့သေတာ အလွန် ရှားပါတယ်။ အဲဒီနောက်မှာတော့ သစ်တောဧရိယာတွေ ရှားပါးလာတာမှာ ၂ဝဝဝ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ သစ်တောဧက ၄၃ ရာခိုင်နှုန်းအထိ သဘာဝသစ်တောတွေ ပျောက်ဆုံးကုန်ပါတယ်။ ဒါကြောင့် သဘာဝဘေးဆိုး ရေကြီးရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေဟာ တခြား သစ်တောပြုန်းတီးနိုင်ငံတွေလို ခပ်စိပ်စိပ်ကြုံလာရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့သစ်တောပြုန်းတီးမှုမှာ ဘရာဇီးက ပထမ၊ အင်ဒိုနီးရှားက…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

ဇူလိုင်-၂၄-၂၀၂၄ မျိုးဆက်(VOM) -လကမ္ဘာပေါ်မှာတွေ့တဲ့ လှိုဏ်ဂူက လူသားတွေ ရှင်သန် နေထိုင်နိုင်မှာလား -လူတူစက်ရုပ်တွေကို ဘယ်အချိန်မှာ စသုံးဖို့ စီစဉ်နေကြသလဲ -နိုင်ငံတကာ အာကာသစခန်းကို ဖျက်သိမ်းတော့မယ် #လကမ္ဘာပေါ်မှာ လူတွေနေထိုင်နိုင်မယ့် မီတာ ၁၀၀ အနက် လှိုဏ်ဂူ တွေ့ရှိ လကမ္ဘာပေါ်မှာ လူသားတွေနေထိုင်နိုင်ဖွယ်ရှိတဲ့ မီတာ ၁၀၀ အနက်ရှိ လှိုဏ်ဂူတခုကို သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလှိုဏ်ဂူဟာ လူသားတွေ ရေရှည်နေထိုင်နိုင်မယ့် အခြေစိုက်စခန်းတခု တည်ဆောက်ဖို့ အကောင်းဆုံးနေရာ ဖြစ်နိုင်ပြီး လရဲ့ မြေအောက်ကမ္ဘာရှိ ပုန်းကွယ်နေတဲ့ ရာနဲ့ချီတဲ့ လှိုဏ်ဂူတွေထဲက တခုဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ လှိုဏ်ဂူကို အီတလီနိုင်ငံ ထရန်တိုတက္ကသိုလ်မှ သုတေသီတွေဖြစ်တဲ့ လော်ရန်ဇိုဘရူဇိုနီနဲ့ လီယိုနာဒိုကာရာတို့ရဲ့ စူးစမ်းလေ့လာမှုအတွင်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၆၉ ခုနှစ် အပိုလို ၁၁ အာကာသယာဉ် ဆင်းသက်ခဲ့တဲ့…

Read More

This Day in History

  Voice of Myanmar လကမ္ဘာပေါ်သို့ လူသားများ ပထမဆုံးခြေချနိုင်ခဲ့သည့် အမေရိကန် အာကာသအေဂျင်စီ၏ အပိုလို-၁၁ မစ်ရှင်မှ အာကာသယာဉ်မှူးများသည် ၁၉၆၉ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July24

Read More

ခုရက်ပိုင်းအတွင်း ပဲခူးတိုင်းမှာ ရဲဒုတပ်ကြပ်နဲ့ အုပ်ချုပ်ရေးမှူးတွေအပါအဝင် ခုနှစ်ယောက် အသတ်ခံရ

  ဇူလိုင် ၂၂ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းမှာ ခုရက်ပိုင်းအတွင်း ရဲဒုတပ်ကြပ်နဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် ခြောက်ယောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သတ်ခံခဲ့ရတဲ့သူတွေက ဖြူးမြို့နယ်၊ညောင်ပင်သာရဲစခန်းက ဒုတပ်ကြပ်၊ ရေတာရှည်မြို့နယ်က ရပ်ကျေးရာအိမ်မှူး၊မင်းလှမြို့နယ်ကရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ ပဲခူးမြို့နယ်ထဲက ကျေးရွာတာဝန်ခံနဲ့သူရဲ့တပည့်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” ရဲဒုတပ်ကြပ်ကမနေ့ကမနက် အသတ်ခံရတာ။ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စားသောက်ဆိုင်တဆိုင်မှာထိုင်နေချိန် သေနတ်နဲ့ ဝင်ပစ်သွားတာ။ဆိုင်ထဲမှာပွဲချင်းပြီးပဲ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ ဖြူးမြို့နယ် ၊ညောင်ပင်သာရဲစခန်းက ရဲဒုတပ်ကြပ်ဖြစ်သူ လင်းလင်းကို ဇူလိုင်လ ၂၁ ရက်နေ့မနက်၁၀ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပဲခူးမြို့နယ် ၊ ဝံကိုက်လျှိုရွာက ကျေးရွာတာဝန်ခံ ဦးတင်အောင်လွင်ဆိုသူနဲ့ တပည့်ဖြစ်သူဦးထွန်းထွန်းနိုင်တို့ကလည်း ဇူလိုင်လ ၂၁ရက်နေ့ မနက်အစောပိုင်းမှာနေအိမ်ကနေဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ မင်းလှမြို့နယ်က အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးတွေကတော့ ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုအောင်မြင့်ဦး ဆိုသူနဲ့ စမ်းဘုတ်ရွာက အုပ်ချုပ်ရေးမှူး ကိုကျော်မင်းအောင်ဆိုသူတို့ဖြစ်ပြီး ဇူလိုင်လ…

Read More
VOM News

FREE
VIEW