တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဈေးကွက်

ဩဂုတ် ၁၈ – ၂၀၂၄ SS (VOM) ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီ ပြတ်တောက်မှုနဲ့အတူ ကျပ်ငွေတန်ဖိုး ထိုးဆင်းလာနေပြီး ရွှေ၊ ငွေနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ အခြေခံလုပ်ခလစာ အနိမ့်ဆုံးဖြစ်တဲ့အတွက် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလျက်ရှိရာ အခြေခံလူထုကြားမှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ ပြဿနာဟာ ကြီးမားတဲ့ စိန် ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီ ဈေးနှုန်းတွေဟာ စစ်မက်မရှိတဲ့ ရန်ကုန်မြို့မှာတောင် ပုံမှန်ဈေးတက်နေပြီး စစ်ဖြစ်ပွားရာ ဒေသတွေမှာတော့ ကုန်စည်ဈေးနှုန်းတွေ ပိုပြီး မြင့်တက်လျက်ရှိပါတယ်။ ‌#ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြင်ပ ရွှေဈေးကွက်ရဲ့ အခေါက်ရွှေဈေးနှုန်းတွေဟာ မကြုံစဖူး ဈေးနှုန်းတွေနဲ့ အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။ အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၂…

Read More

စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ခရီးစဉ်ဖျက်သိမ်းခြင်းနဲ့ ရက်ရွှေ့ဆိုင်းခြင်းတွေ ရှိလာ

  ဩဂုတ် ၁၇ – ၂၀၂၄ SN (VOM) လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ခရီးစဉ်ဖျက်သိမ်းခြင်းနဲ့ ရက်ရွှေ့ဆိုင်းခြင်းတွေရှိလာတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ဆီအရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသလို တချို့ဆိုင်တွေကတော့ ဆီပြတ်လပ်နေတဲ့အတွက် အရောင်းပိတ်ထားရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။ “အခုအချိန်မှာ ဆီကလည်း အားလုံးသိတဲ့အတိုင်း ဝယ်ရတာအရမ်းခက်လာတယ်။ ဆီမရတော့ ခရီးစဉ်တွေ အပြည့်ထွက်နိုင်ဖို့ ခက်ခဲလာတယ်။ ပြီးတော့ လက်ရှိကာလက မိုးတွင်းလည်းဖြစ်တော့ ခရီးသွားကလည်း ပါးတယ်‌လေ။ အဲဒီတော့ တခြား အထွေထွေ စရိတ်တွေနဲ့ဆို တွက်ခြေမကိုက်တော့ဘူး။ အဲဒါကြောင့် ခရီးသည် ရရှိမှု အခြေအနေပေါ်ကြည့်ပြီး အထက်ဘက်တွေကိုသွားတဲ့ ခရီးစဉ်တချို့ကို ခဏနားတာလည်း နား၊…

Read More

This Day in History

  Voice of Myanmar ၁၉၃၁ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် တရုတ်နိုင်ငံ ယန်ဇီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး လအတန်ကြာတွင် ရေဘေးနှင့်ဆက်နွယ်ပြီး သေဆုံးသူ ၃ ဒသမ ၇ သန်းထိရှိခဲ့ပြီး လူအသေအပျောက်အများဆုံး သဘာ၀ဘေးအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August18

Read More

ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲရလဒ် အတိုက်အခံတွေ ဆန္ဒပြ

  ကရာကတ်စ်၊ ဩဂုတ်-၁၈-၂၀၂၄ မျိုးဆက်(VOM) ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ နီကိုးလပ်မာဒူရိုသာ အနိုင်ရရှိခဲ့တဲ့အပေါ် အတိုက်အခံတွေက စုဝေးဆန္ဒပြခဲ့ကြပါတယ်။ အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုဟာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး မကြောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်သူ့အသံ ၊ ပြည်သူ့န္ဒထက် အရေးကြီးတာ ဘာမှမရှိဘူးလို့ ပုန်ကန်သူအဖြစ် စွပ်စွဲခံရတာကြောင့် ပုန်းအောင်းနေခဲ့ရတဲ့ မစ္စတာမာချာဒိုကဆိုပါတယ်။ ဆန္ဒပြသူအများစုကတော့ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ အနိုင်ရတယ်ဆိုတဲ့ မဲရလဒ်မှတ်တမ်းတွေကို ကိုင်ဆောင်ဝှေ့ယမ်းနေကြပါတယ်။ သမ္မတ မာဒူရိုအနေနဲ့ အရှုဲံးရလဒ်ကို လက်ခံပြီး အာဏာကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးမယ်လို့ မျှော်လင့်တယ်လို့ ဆန္ဒပြ ကျောင်းသားတယောက်က ပြောပါတယ်။ ထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်နေတာကြောင့် ရဲနဲ့ စစ်တပ်ကို ဖြန့်ကြက်ချထားပါတယ်။ သမ္မတရွေးကောက်ပွဲမှာ မာဒူရိုက တတိယမြောက် သမ္မတသက်တမ်းခြောက်နှစ် ထပ်မံအနိုင်ရရှိကြောင်း ဗင်နီဇွဲလားအစိုးရ လွှမ်းမိုးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပေမယ့်…

Read More

လားရှိုး တက္ကသိုလ်က ကျောင်းသားတွေ တောင်ကြီး တက္ကသိုလ်မှာ ကျောင်းကိစ္စ ဆောင်ရွက်နိုင်

  ဩဂုတ် ၁၈၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား တွေအနေနဲ့ တက္ကသိုလ် ကျောင်းကိစ္စ နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး တက္ကသိုလ်မှာ ဆောင်ရွက်နိုင်ကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူတွေနဲ့ လားရှိုး တက္ကသိုလ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “လားရှိုးက ပညာရေး ပိုင်းတွေက တောင်ကြီးဘက် အကုန် လုပ်ပေးနေပြီ။ စာသင်ကျောင်းတွေရော၊ တက္ကသိုလ်တွေရော ပေါ့။” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ စစ်ရှောင် ပြည်သူတယောက်ကလည်း ပညာရေးနဲ့ ပတ်သက်ပြီး စစ်ရှောင် ကလေးတွေအတွက် လွယ်လွယ် ကူကူ လုပ်လို့ ရတယ်လို့ ပြောပြပါတယ်။ လားရှိုးတက္ကသိုလ်မှာ တက္ကသိုလ် တက်ရောက်ခွင့်၊ ဝင်ခွင့် လျှောက်ရမယ့်ကျောင်းသား၊…

Read More

တိုက်ပွဲတွေကြောင့် ဒီပဲယင်းမြို့နဲ့ ဝန်းကျင်ကျေးရွာတွေက ဒေသခံနှစ်သောင်းကျော် စစ်ရှောင်နေရ

  ဩဂုတ် ၁၈ – ၂၀၂၄ SS (VOM) တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေက ပြည်သူ နှစ်သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ရေဦးမြို့နယ် (အနောက်ခြမ်း) က ကျေးရွာ ၁၅ ရွာကျော်နဲ့ ဒီပဲယင်းမြို့နဲ့ အနီး၀န်းကျင် ကျေးရွာတွေက ပြည်သူ နှစ်သောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက ဩဂုတ် ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်အတွင်း ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာ။ အဲဒါကြောင့် ဒေသခံတွေ တော်တော်များများ အရေးပေါ် စစ်ရှောင်ကြရတယ်။ မနေ့ (ဩဂုတ် ၁၇ ရက်)…

Read More

စားအုန်းဆီဈေးတက်ကာ ရှားပါးလာလို့ ဆီထွက်သီးနှံတွေ အဝယ်လိုက် ဈေးကောင်းရလာနေ

  သြဂုတ်-၁၈၀၂၀၂၄ MS (VOM) ပြည်တွင်းက စားသုံးဆီဈေးကွက်အတွင်း လူသုံးအများဆုံးနဲ့ စားသုံးမှုများ ခဲ့တဲ့ စားအုန်းဆီက ရှားပါးလာနေသလို ဝယ်မရတဲ့အခက်ခဲတွေရှိနေလို့ ဆီထွက်သီးနှံ အများစု ကို ဆီကြိတ်စက်တွေကနေ အဝယ်လိုက်ကာ ဈေးကောင်းရနေတယ်လို့ မန္တလေးက ပဲနှမ်းနဲ့ဆီထွက်သီးနှံ ရောင်းဝယ်နေတဲ့ ကုန်စည်ဒိုင်ဈေးကွက် ကနေသိရပါတယ်။ ” အခု ဆီထွက်သီးနှံ မှန်သမျှအဝယ်လိုက်နေတယ်။ ဈေးလည်းတောက်လျှောက် တက်နေတယ်။ မြေပဲက တပိဿာ ကို အနိမ့်ဆုံး တသောင်းကနေ အမြင့်ဆုံး နှစ်သောင်းခွဲဈေးပဲ။နေကြာလည်း ဆီထွက်သီးနှံဖြစ်လို့ ပြည်တွင်းလိုအပ်ချက် အရဈေးကောင်းတယ်။ လှော်တဲ့နေကြာကဝယ်လက်မရှိဘူး။ ဆီနေကြာကိုစက်ပိုင်တွေကလိုက်ဝယ်နေတာ။ ဈေးကလည်းတောက်လျှောက်တက်နေတာ သူက အိတ်ဈေးနဲ့ တအိတ်ကို အနိမ့်ဆုံး တသိန်းခွဲကနေ အခု နှစ်သိန်းနဲ့အထက်ပေါက်ဈေးပဲ ကျန်တဲ့ မုန့်ညှင်း နဲ့နှမ်းလည်း မြေပဲ၊နေကြာလောက်ဈေးမရပေမယ့် ဈေးတက်တဲ့အထဲပါတယ်”လို့ ပဲ၊နှမ်း၊ နေကြာ ကုန်သည်တယောက်ကပြောပါတယ်။ ပြည်တွင်း ဆီစားသုံးမှုရဲ့ ၈၀ရာခိုင်နှုန်းဖြစ်တဲ့…

Read More

လှိုင်သာယာက ငွေပင်လယ်စက်မှုဇုန်မှာ မီးလောင်မှုဖြစ်ပွားပြီး အထည်ချုပ်စက်ရုံနဲ့ ကုန်ကြမ်းတွေ ဆုံးရှုံး

  ဩဂုတ် ၁၈ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာ ဒီကနေ့ သြဂုတ် ၁၈ ရက်၊ မနက် ၁ နာရီ ၁၅ မိနစ်ဝန်းကျင်က Level 2 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။ ငွေပင်လယ်စက်မှုဇုန်၊ (၂) လမ်း၊ မြေတိုင်းအမှတ် (၂၄)၊ အမှတ် (၁၇) ရှိ Sewell Garment အထည်ချုပ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေ ၁၀၀ ကျော်ပတ်လည်ရှိ အထည်ချုပ်စက်ရုံအဆောက်အဦ တခုလုံးနဲ့ စက်ပစ္စည်းတွေ၊ အထည်ကုန်ကြမ်းတွေ အားလုံး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ “မီးလောင်တာက လောင်စာအားကောင်းနေတော့ တော်တော်နဲ့ ငြှိမ်းမရဘူး။ မီးငြှိမ်းသတ်ခဲ့ရတဲ့ အချိန်က တနာရီခွဲနီးပါးကြာတယ်။ စက်ရုံတခုလုံး ကုန်သွားတယ်။…

Read More

လားရှိုး နေရာတချို့မှာ Star Link Wifi အခမဲ့ အသုံးပြုနိုင်ပြီး မိုင်တဲလ် ဖုန်းလိုင်းတွေလည်း တချို့နေရာပြန်ရ

  ဩဂုတ်လ ၁၈၊ ၂၀၂၄ Shy V (VOM) လားရှိုးမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဩဂုတ်လ လဆန်းပိုင်းကစ တချို့နေရာတွေ Star Link Wifi အခမဲ့ အသုံးပြုနိုင်ပြီး ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းကစ မိုင်တဲလ် ဖုန်းလိုင်းတွေလည်း တချို့နေရာပြန်ရနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖုန်းလိုင်း မရပေမယ့် “ဝ” ဆက်ဆံရုံးမှာ Star Link Wifi အခမဲ့ သွားသုံး လို့ ရတယ်။ မနက်ပိုင်း ကနေ ညနေ ပိုင်း အထိ ရတယ်။ တန်းစီရတယ်။ လူအရမ်းများရင် လိုင်းသုံး ပြီး ထွက်လာတဲ့ လူရှိမှ ဝင်ရတာ” လို့ ဒေသခံ လူငယ် တယောက် က ပြောပါတယ်။ မန်ဆူနဲ့…

Read More
VOM News

FREE
VIEW