ဩဂုတ် ၂၁ – ၂၀၂၄
SS (VOM)
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ထဲက သက္ကယ်ကျင်းကျေးရွာ၊ မြိုင်သာကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာတွေ အကြားရှိ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်း ဝန်းကျင်ကို နစကတပ်တွေ ပြန်လည်ထိန်းချုပ်ထားတယ်လို့ နစကထောက်ခံ သတင်းချန်နယ်လ်တွေမှာ ဖော်ပြထားပါတယ်။
တံတားဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပူးပေါင်းတပ်တွေက သြဂုတ် ၂၀ ရက်၊ မွန်းလွဲပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တံတားဦး (ပကဖ) က အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းဝန်းကျင်မှာ ချဉ်းကပ်နေရာယူပြီး စခန်းတွင်းအခြေအနေကို အချိန် တနာရီကျော်ကြာအောင် စောင့်ကြည့်ခဲ့ပြီးနောက် ထူးခြားမှုမရှိတဲ့အတွက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ တံတားဦး (ပကဖ) က ထုတ်ပြန်ချက်မှာဆိုပါတယ်။
တပ်စခန်းအခြေအနေဟာ စခန်းအတွင်းမှာ အစောင့်တပ်သား ဆယ်ယောက်ကျော်လောက်သာ ချန်ထားရစ်ပြီး စခန်းကို စွန့်ခွာထားတဲ့ အနေအထားဖြစ် အဲဒီနောက် စခန်းတခုလုံးကို နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေဆောင်ရွက်ပြီး စခန်းရှေ့ရှိ အလံတိုင်မှာ ပြည်သူ့ကာကွယ်ရေး တပ်ရဲ့ အလံကိုလွှင့်တင်ကာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နစကထောက်ခံ ချန်နယ်လ်တွေရဲ့ သတင်းဖော်ပြမှုမှာတော့ အဲဒီကင်းစခန်းမှာ တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်သာရှိပြီး တပ်ဖွဲ့ဝင်တွေက ဆုတ်ခွာပေးခဲ့တဲ့ အချိန်မှာ PDF တွေက စခန်းအတွင်း ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အဲဒီ ကင်းစခန်းကို နစကစစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့တာမှာ PDF တွေ ဆုတ်ခွာ ထွက်ပြေးသွားခဲ့တာကြောင့် ကင်းစခန်းကို နစကတပ်တွေ ပြန်လည် ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ အသိပေးထားပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ နေ့ရက်နဲ့ အချိန်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
တံတားဦးမြို့ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းဟာ တံတားဦးလေဆိပ်နဲ့ ၁၃ မိုင်ခန့်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။
သြဂုတ် ၁ဝ ရက်က စတင်ခဲ့တဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) ကို နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့တွေမှာ စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တာမှာ နွားထိုးကြီးမြို့ပေါ် တိုက်ပွဲအတွင်း နစကတပ်စခန်း လေးခုကို လက်နက်ကိုင်တပ်တွေက သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ဆင်ရေးကာလအတွင်း ပြည်သူတွေအနေနဲ့ မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ – တောင်သာ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...