ပါရီ၊ ဩဂုတ်-၂၉-၂၀၂၄
မျိုးဆက်(VOM)
တယ်လီဂရမ်တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်အာဏာပိုင်တွေက တရားဝင်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး နိုင်ငံတွင်းကနေထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။
မစ္စတာဒူရော့ဗ်ဟာ ပြီးခဲ့သည့် စနေနေ့က ပါရီမြို့မြောက်ဘက် လေဆိပ်တခုကို ရောက်ရှိချိန်မှာ တယ်လီဂရမ် အက်ပလီကေးရှင်းနဲ့ပတ်သက်တဲ့ ပြစ်မှုတွေအတွက် ဖမ်း၀ရမ်းနဲ့ ပထမဆုံး ဖမ်းဆီးခံခဲ့ရပါ။
တယ်လီဂရမ် အက်ပလီကေးရှင်းနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအဖြစ် ပါဗယ်ဒူရော့ဗ်ကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြင်သစ်အစိုးရရှေ့နေတွေက ဆိုပါတယ်။
အသက် ၃၉ နှစ်အရွယ် မစ္စတာဒူရော့ဗ်ကို လက်ရှိမှာ ဖမ်းဆီးချုပ်နှောင်ထားတာမရှိပေမယ့်လည်း တရားစီရင်ရေးစနစ်ရဲ့ ကန့်သတ်ချက်တွေအောက်မှာထားရှိကာ အာမခံကြေးအဖြစ် ယူရိုငါးသန်း ပေးဆောင်ရမှာဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။
ပြင်သစ်နိုင်ငံသားလည်းဖြစ် ရုရှားနွယ်ဖွား သန်းကြွယ်သူဌေး မစ္စတာဒူရော့ဗ်ဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် တပတ်ကိုနှစ်ကြိမ် လာရောက်စစ်ဆေးခံရမှာဖြစ်ပြီး ဒီအတောအတွင်း သူဟာ ပြင်သစ်ကနေ ဘယ်ကိုမှ သွားခွင့်မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတဒူရော့ဗ်က လက်ရှိချိန်ထိ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး ။ ဒါပေမယ့်လည်း သူ့ရဲ့ရှေ့နေဖြစ်သူကတော့ တယ်လီဂရမ်ဟာ ဥရောပရဲ့ ဒစ်ဂျစ်တယ်စည်းမျဉ်းတွေကို လေးစားလိုက်နာကြောင်းနဲ့ အခြားလူမှုကွန်ရက်စံနှုန်းတွေနည်းတူ ပြုပြင်ပြောင်းလဲထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
အပစ်ရပ်ရေး ဒုတိယနေ့မှာ ဂါဇာအတွက် အကူအညီပေးရေးယာဉ် အစီး ၉၀၀ ကျော်ဝင်ရောက်
ဂါဇာစီးတီး၊ ဇန်နဝါရီ-၂၁-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ၁၅ လကြာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ... -
ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး
ဇန်နဝါရီ ၂၁ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅)... -
နောင်ချိုမှာလေကြောင်းတိုက်ခိုက်ခံရ နှစ်ယောက်သေ တယောက်ထက်မနည်းဒဏ်ရာရ
ဇန်နဝါရီ ၂၁ – ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ကို...