ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်မှာ ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးယူထားတဲ့ တပ်ကြပ်ကြီးသေဆုံး

ဩဂုတ် ၃၀ – ၂၀၂၄CC (VOM)မကွေးတိုင်း၊ ပခုက္ကူမြို့၊မြန်မာ့စီးပွားရေးဘဏ်မှာ ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မနက် ၉ နာရီခွဲကျော်လောက်က ပစ်ခတ်မှုဖြစ်ပြီး ဘဏ်လုံခြုံရေးယူထားတဲ့ တပ်ကြပ်ကြီးတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။” ဘဏ်ဖွင့်ပြီးရုံ ဝန်ထမ်းတွေတောင်စုံချင်မှစုံအုံးမယ်။တပ်ကြပ်ကြီးကလည်း မြို့ပေါ်ဆိုတော့အေးဆေးထိုင်ပြီး သုံးဘီးပေါ်မှာ ထိုင်နေချိန် အနီးကပ်ပစ်သွားတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ စျေးဘက်ကို လုံခြုံရေးတွေယူထားပြီးစျေးကိုဝိုင်းထားသလို သူတို့လုပ်တယ်။၁၁ခွဲလောက်အထိပေါ့။တပ်ကြပ်ကြီးသေသွားတယ်။အလောင်းလည်းလာကောက်သွားတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။ဘဏ်လုံခြုံရေးပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက်ကို ပိတ်ပြီးစစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း-၃ တပ်ခွဲ၄ ကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ထားပြီး ပစ်ခတ်မှုမှာ တပ်ကြပ်ကြီးသေဆုံးခဲ့တဲ့အပြင် MA 3 သေနတ် တလက်၊ ၅.၅၆ကျည်အမျိုးအစား ၂၄တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေး ထားတာတွေ့ရပါတယ်။၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း ပခုက္ကူမြို့ မြန်မာ့စီပွားရေးဘဏ်မှာလုံခြုံရေးယူထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာလည်း ပခုက္ကူမြို့နယ်မှာရှိတဲ့ အင်းဝဘဏ် တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ဒါအပြင်အဆိုပါလထဲမှာပဲ…

Read More

ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ စင်ကာပူခရီးစဉ် မနက်ဖြန်မှာ စတင်မယ်

နယူးယောက်၊ ဩဂုတ်-၃၀-၂၀၂၄မျိုးဆက်(VOM)ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဩဂုတ် ၃၁ ရက်ကနေ စက်တင် ၂ ရက်ထိ စင်ကာပူကို သွားရောက်မှာဖြစ်ပါတယ်။ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုထုတ်ပြန်ထားပြီး ဒါဟာ ဂူတာရက်စ်ရဲ့ ပထမဆုံးသော စင်ကာပူ တရားဝင်ခရီးစဉ်လည်းဖြစ်ပါတယ်။ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း စင်ကာပူသမ္မတ Tharman Shanmugaratnam ၊ ဝန်ကြီးချုပ်တို့ Lawrence Wong တို့အပြင် အကြီးတန်းဝန်ကြီးဖြစ်သူ လီရှန်လွန်းနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ဒါအပြင် စင်ကာပူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ ကုန်သွယ်မှုဆက်ဆံရေးတာဝန်ခံ၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြန်ကြားရေးဝန်ကြီးဌာန ၊ ကျန်မားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။မစ္စတာဂူတာရက်စ်ဟာ ၂၀၂၂ ခုနှစ်အောက်တိုဘာလက စင်ကာပူမှာ ခရီးစဉ်တထောက် ရောက်ရှိခဲ့ဖူးပြီး နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်နဲ့ ခေတ္တတွေ့ဆုံခဲ့ပါတယ်။ လက်ရှိသူ့ရဲ့ခရီးစဉ်မှာတော့ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူတွေ လိုက်ပါမှာဖြစ်ပါတယ်။ယခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင် ဘန်ကီမွန်းဟာလည်း ၂၀၁၂ ခုနှစ်မှာ စင်ကာပူကို တရားဝင် ခရီးစဉ်လာရောက်ခဲ့ဖူးပြီး…

Read More

ယူကရိန်းကို ပေးထားတဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ လေယာဉ်တစင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

ကိဗ်ယက်၊ ဩဂုတ်-၃၀-၂၀၂၄မျိုးဆက်(VOM)နေတိုးမဟာမိတ်တွေက ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ အမေရိကန်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တစင်း ပျက်ကျသွားခဲ့တယ်လို့ ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး အိုလက်ဆီမီစ်သေဆုံးသွားကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။ လေယာဉ်ဟာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြားမှာ ပျက်ကျသွားတာဖြစ်ပြီး ဒါဟာ ယခုလအစောပိုင်းမှာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကိုရောက်ရှိပြီးနောက် ပထမဆုံး ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။ပျက်ကျရတဲ့ အကြောင်းရင်းကတော့ ရုရှားရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် မဟုတ်ဘူးလို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ လေယာဉ်မှူးဟာ ရုရှားရဲ့ အကြီးအကျယ်လေကြောင်းတိုက်ခို်ကမှုအတွင်း ခရုဇ်ဒုံးကျည် သုံးစင်းနဲ့ ဒရုန်းတစင်းတို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ လေယာဉ်အမျိုးအစားနဲ့ပတ်သက်ပြီး ဖော်ပြမထားပေမယ့် လေယာဉ်မှူးဟာ အက်ဖ်-၁၆ တိုက်လေယာဉ်နဲ့ ပျံသန်းနေတာလို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုသလို ရုရှား ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဖျက်ဆီးဖို့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ဖြန့်ကြက်ထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို…

Read More

ရွှေရောင်းဝယ်မှုအပေါ် အခွန်တိုးကောက်မှု ရွှေဈေးကွက်ကို ပိုပြီး ပျက်စီးစေနိုင်

ဩဂုတ် ၃၀ – ၂၀၂၄SN (VOM)ရွှေရောင်းဝယ်မှုအပေါ် နစက က အခွန် ၃ ရာခိုင်နှုန်း တိုးကောက်မှုဟာ ရွှေဈေးကွက်ကို ပိုပြီး ပျက်စီးသွားစေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။နစကအနေနဲ့ ရွှေရောင်းဝယ်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး ၃ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသွားမယ့် ဥပဒေကို ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ် (၅၄/၂၀၂၄) အရ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ အရင်က ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်မှာလည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်မှာလည်းကောင်း ၁ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေမယ်လို့ ပြဌာန်းထားခဲ့တာပါ။ဒါပေမယ့် အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊…

Read More

ထိုင်းမှာ ဥမင်ထဲပိတ်မိနေတဲ့ မြန်မာအပါအဝင် လူသုံးယောက် သေဆုံးပြီလို့ အာဏာပိုင်တွေ အတည်ပြု

ဘန်ကောက် ၊ ဩဂုတ်-၃၀-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ပြိုကျနေတဲ့ရထားဥမင်အတွင်း ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတယောက်နဲ့ တရုတ်နှစ်ယောက်ကို ငါးရက်ကြာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပေမယ့် သေဆုံးသွားပြီလို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။ မနေ့ကတော့ မြေကြီးတွေနဲ့ ကျောက်တုံးတွေအောက်မှာ နစ်မြုပ်နေတဲ့ မြန်မာနိုင်ငံသား ထရပ်ကားမောင်းသူရဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ရပြီး ကြီးကြပ်ရေးမှူးတယောက်နဲ့ တူးဖော်ရေးအော်ပရေတာဖြစ်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ အလောင်းကိုတော့ ဒီနေ့မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။ ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ မနေ့ကထိ အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။ မြို့တော်ဘန်ကောက်ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ပတ်ခ်ချောင်ခရိုင်မှာ သူတို့တည်ဆောက်နေတဲ့ ဥမင်တခု ပြီးခဲ့တဲ့စနေနေ့က ပြိုကျပြီး ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိတ်မိနေသူတွေ သေဆုံးသွားပြီလို့ အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လာပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဥမင်ထဲမှာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့်လို့ ဆိုပါတယ်။ ဆောက်လုပ်နေဆဲဖြစ်တဲ့ ထိုင်း-တရုတ်အမြန်လမ်း စီမံကိန်းရဲ့ တစိတ်တပိုင်ဖြစ်တဲ့ အဲဒီဥမင်ဟာ…

Read More

မီတာခတွေ တိုးကောက်ဦးမယ်လို့ ကြေညာ ၊ အိမ်သုံးမီတာ နှစ်ဆနီးပါးနဲ့ လုပ်ငန်းသုံးက သုံးဆနီးပါး စျေးတက်သွား

ဩဂုတ် ၃၀ – ၂၀၂၄ GG (VOM) လျှပ်စစ်မီတာခနူန်းထားတွေကိုလာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တိုးမြှင့် ကောက်ခံသွားမှာဖြစ်တယ်လို့ ဒီနေ့ဩဂုတ်လ၃၀ ရက်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အသိပေးလာပါတယ်။ တိုးမြှင့်ကောက်ခံမယ့် မီတာခနူန်းထားမှာ လက်ရှိကောက်ခံနေတဲ့မီတာခနူန်းထားနဲ့ယှဥ်ရင် အိမ်သုံးအမျိုးအစားက နှစ်ဆနီးပါးတက်သွားပြီး အိမ်သုံးမဟုတ်တဲ့လုပ်ငန်းသုံးအမျိုးအစားက သုံးဆနီးပါးမြင့်တက်သွားတာကိုတွေ့ရပါတယ်။ အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို ၃၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ လုပ်ငန်းသုံးအမျိုးအစားအတွက်ကို ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀…

Read More

ဂါဇာမှာ ပိုလီယိုကာကွယ်ဆေးထိုးအစီအစဉ်အတွက် တိုက်ပွဲတွေ ခေတ္တရပ်ဖို့ အစ္စရေးစစ်တပ် သဘောတူ

ဂါဇာစီးတီး၊ ဩဂုတ်-၃၀-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ တိုက်ပွဲတွေကို ယာယီရပ်ပေးမယ်လို အစ္စရေးက သဘောတူခဲ့ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ ကလေးငယ်ပေါင်း ခြောက်သိန်းလေးသောင်းကျော်ကို ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူ တယောက်ကပြောပါတယ်။ကာကွယ်ဆေးထိုးအစီအစဉ်ကို ဂါဇာအလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ သီးခြားစီပြုလုပ်သွားမှာဖြစ်ပြီး အဆင့်တခုစီတိုင်းမှာ ဒေသစံတော်ချိန် မနက် ၆ နာရီကနေ နေ့လယ် ၃ နာရီထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ခေတ္တရပ်နားပေးမယ်လို့ အစ္စရေးစစ်တပ်က သဘောတူထားပါတယ်။ဂါဇာကမ်းမြှောင်ဒေသမှာ ၂၅ နှစ်တာကာလအတွင်း ကလေးငယ်တယောက်မှာ ပထမဆုံး ပိုလီယိုရောဂါ ကူးစက်မှုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်အပေါ် အစ္စရေးစစ်တပ်က သဘောတူခဲ့တာဖြစ်ပါတယ်။ကလေးငယ်တွေကို ပါးစပ်မှတဆင့်တိုက်ကျွေးရတဲ့ အမျိုးအစားနှစ် ပိုလီယိုကာကွယ်ဆေး nOPV2 ၁ ဒသမ ၂၆ သန်းဟာ ဂါဇာကိုရောက်ရှိနေပြီး များမကြာခင်မှာ နောက်ထပ်ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိမယ်လို့…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဩဂုတ် – ၃၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၁၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၂၁၆၇၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ဆန်ရည်ညွှန်စျေး သတ်မှတ်ထားပေမယ့် စျေးမကျတဲ့အပြင် မှောင်ခိုစျေးကွက်ပါဖြစ်ပေါ်နေ

ဩဂုတ် ၃၀၊ ၂၀၂၄ GG (VOM) ဆန်ရည်ညွှန်းစျေးသတ်မှတ်လိုက်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဆန်ဆိုင်တွေမှာ မှောင်ခိုပုံစံ တိုးတိုးတိတ်တိတ်ရောင်းချတဲ့ စျေးကွက်တခု ပေါ်ပေါက်လာနေတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်MRF ကတော့ ပြည်တွင်း ဆန်စျေးနူန်း မြင့်တက်နေမှုကို ထိန်းချုပ်ဖို့နဲ့ ဆန်စျေးနူန်းတည်ငြိမ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆန်အမျိုးအစားလိုက် ရည်ညွှန်းစျေးကိုလစဥ် သတ်မှတ်ထုတ်ပြန်ပေးနေတာပါ။ ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ မြို့ပေါ်ဆန်ဆိုင်အများစုဟာ ရွှေဘိုပေါ်ဆန်းထူးထူးရှယ် အမျိုးအစား၊ စလင်းနယ်ထွက် ဧရာပဒေသာစတဲ့အရည်အသွေးကောင်း ဆန်အမျိုးအစားတွေကို စျေးလည်းမကျတဲ့အပြင် အရင်လို ပေါ်ပေါ်ထင်ထင်မရောင်းချတော့ဘဲ ဝယ်သူရှိမှသာ ထုတ်ရောင်းချပေးနေတာဖြစ်ပါတယ်။ ” ရွှေဘိုပေါ်ဆန်းထူးရှယ်ဝယ်တာ ၆ပြည်အိတ်ကို ၅၀၀၀၀ ပေးရတယ်။သူတို့ကဆန်အိတ်ကိုရှေ့မှာချမထားဘူး။ရှေ့မှာချထားတာက တပြည် ၃၀၀၀ ဆိုတာပဲရှိတယ်။ ခုကျွန်တော်တို​့ဝယ်တဲ့ဆန်ဆို မေးမှထုတ်ရောင်းတာ။ရောင်းတော့လဲ ရိုးရိုးအိတ်နဲ့အပြင်ကနေထုတ်ပေးတာ။ဆန်ဝယ်ရတာတောင် မှောင်ခိုအရောင်းဝယ်လုပ်နေရသလိုပါပဲ။” လို့ စားသုံးသူ တယောက်ကပြောပါတယ်။ ရွှေဘိုပေါ်ဆန်း ထူးရှယ် ၂၄ ပြည်တအိတ်ကို အခုချိန်ထိ ၂၀၀၀၀၀ ကျပ်အထိရှိနေပြီး စလင်းဧရာပဒေသာ ၂၄…

Read More

This Day in History

Voice of Myanmarအပြန်အလှန်တိုက်ခိုက်ရန် လုံလောက်သော နျူကလီးယားစွမ်းရည် ပိုင်ဆိုင်ထားကြသည့် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား မတော်တဆ စစ်ပွဲဖြစ်ပွားခြင်းမှ ရှောင်ရှားရန် ၂၄ နာရီ တိုက်ရိုက် အရေးပေါ်ဆက်သွယ်ရေးလိုင်းတခုကို ၁၉၆၃ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် စတင်ခဲ့သည်။

Read More
VOM News

FREE
VIEW