အော်စလို၊ စက်တင်ဘာ-၂-၂၀၂၄
မျိုးဆက်(VOM)
ရုရှားက သူလျှိုအဖြစ် လေ့ကျင့်ပေထားတယ်လို့သံသယရှိတဲ့ သူလျှိုဝေလငါးတစ်ကောင်ကို နော်ဝေကမ်းခြေမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ နော်ဝေတာဝန်ရှိသူတွေက ပြောပါတယ်။
Hvaldimir လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီဝေလငါးရဲ့ အလောင်းကို နိုင်ငံအနောက်ပိုင်း ရီဆာဗီကာမြို့အနီး ရေပြင်မှာ တွေ့ရှိပြီးနောက် ကမ်းပေါ်ကို သယ်ဆောင်သွားကြပြီး ဒါဟာ ငါးနှစ်အတွင်း ပထမဆုံးသော သူလျှိုဝေလငါး တွေ့ရှိမှုဖြစ်ပါတယ်။
ဝေလငါးအလောင်းမှာ စိန့်ပီတာစဘတ်ရဲ့ ပစ္စည်းဆိုတဲ့ စာတမ်းပါ ကြိုးတခုနဲ့အတူ GoPro ကင်မရာတလုံး တက်ဆင်ထားတာကိုလည်း တွေရှိခဲ့ရပြီး ဒါဟာ သူလျှိုဝေလငါးဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။
ဝေလငါးသေဆုံးမှုကို အသေးစိတ်မသိရပေမယ့် ပြင်ပဒဏ်ရာမတွေ့ဘူးလို့ ဆိုပါတယ်။ အရင်တုန်းကလည်း နော်ဝေရေပိုင်နက်မှာ သူလျှိုဝေလငါးတွေကို တွေ့ရှိခဲ့ဖူးပေမယ့် ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို ဘယ်တုန်းကမှ တုံပြန်ခြင်းမရှိခဲ့ပါဘူး ။
ခန့်မှန်းခြေ နှစ်ပေါင်း ၆၀ လောက်ထိ အသက်ရှင်နိုင်တဲ့ ဘီလူဂါဝေလငါးတွေအတွက်တော့ အသက်ပြည့်တယ် ပြောလို့မရသေးဘဲ သူဟာ ၁၅ နှစ်လောက်ပဲရှိသေးတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ သူဟာ ရုရှားမြောက်ပိုင်း ရေတပ်စခန်းကနေ မိုင် ၂၆၀ အကွာ အင်ဂိုယာကျွန်းရေပြင်မှာ နော်ဝေသင်္ဘောတစင်းအနီးကို ၂၀၁၉ ခုနှစ် ဧပြီလထဲက စတင်ချဉ်းကပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:BBC
ရုရှား သူလျှိုဝေလငါးတကောင် နော်ဝေရေပိုင်နက်မှာ သေဆုံးလျက် တွေ့ရှိ
