အော်စလို၊ စက်တင်ဘာ-၂-၂၀၂၄
မျိုးဆက်(VOM)
ရုရှားက သူလျှိုအဖြစ် လေ့ကျင့်ပေထားတယ်လို့သံသယရှိတဲ့ သူလျှိုဝေလငါးတစ်ကောင်ကို နော်ဝေကမ်းခြေမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ နော်ဝေတာဝန်ရှိသူတွေက ပြောပါတယ်။
Hvaldimir လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီဝေလငါးရဲ့ အလောင်းကို နိုင်ငံအနောက်ပိုင်း ရီဆာဗီကာမြို့အနီး ရေပြင်မှာ တွေ့ရှိပြီးနောက် ကမ်းပေါ်ကို သယ်ဆောင်သွားကြပြီး ဒါဟာ ငါးနှစ်အတွင်း ပထမဆုံးသော သူလျှိုဝေလငါး တွေ့ရှိမှုဖြစ်ပါတယ်။
ဝေလငါးအလောင်းမှာ စိန့်ပီတာစဘတ်ရဲ့ ပစ္စည်းဆိုတဲ့ စာတမ်းပါ ကြိုးတခုနဲ့အတူ GoPro ကင်မရာတလုံး တက်ဆင်ထားတာကိုလည်း တွေရှိခဲ့ရပြီး ဒါဟာ သူလျှိုဝေလငါးဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။
ဝေလငါးသေဆုံးမှုကို အသေးစိတ်မသိရပေမယ့် ပြင်ပဒဏ်ရာမတွေ့ဘူးလို့ ဆိုပါတယ်။ အရင်တုန်းကလည်း နော်ဝေရေပိုင်နက်မှာ သူလျှိုဝေလငါးတွေကို တွေ့ရှိခဲ့ဖူးပေမယ့် ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို ဘယ်တုန်းကမှ တုံပြန်ခြင်းမရှိခဲ့ပါဘူး ။
ခန့်မှန်းခြေ နှစ်ပေါင်း ၆၀ လောက်ထိ အသက်ရှင်နိုင်တဲ့ ဘီလူဂါဝေလငါးတွေအတွက်တော့ အသက်ပြည့်တယ် ပြောလို့မရသေးဘဲ သူဟာ ၁၅ နှစ်လောက်ပဲရှိသေးတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ သူဟာ ရုရှားမြောက်ပိုင်း ရေတပ်စခန်းကနေ မိုင် ၂၆၀ အကွာ အင်ဂိုယာကျွန်းရေပြင်မှာ နော်ဝေသင်္ဘောတစင်းအနီးကို ၂၀၁၉ ခုနှစ် ဧပြီလထဲက စတင်ချဉ်းကပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:BBC
Related posts
-
ရုပ်ရှင်မင်းသားကျော်သူပါဝင်တဲ့ ခြေဆယ့်တစ်လှမ်းရုပ်ရှင် ဇာတ်ကား ရုံတင်ရက်သတ်မှတ်ပြီးမှ ပြသခွင့်ဆိုင်းငံ့ခံရ
ဇန်နဝါရီ ၂၂ -၂၀၂၅ GG (VOM) ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ခြေဆယ့်တစ်လှမ်းရုပ်ရှင်”ပြသခွင့်... -
တနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံပေါင်း၃၁နိုင်ငံကတရားမဝင် ဝင်ရောက်လာသူတွေ ငါးသောင်းကျော်ရှိ
ဇန်နဝါရီ၂၃-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ တနှစ်ကျော်အတွင်းမှာ အရေအတွက်... -
ယူကရိန်းစစ်ပွဲ မရပ်ရင် ရုရှားကို အရေးယူပိတ်ဆို့ပြီး အခွန်တွေတိုးကောက်မယ်လို့ ဒေါ်နယ်ထရန့် သတိပေး
ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးမသတ်ဘူးဆိုရင် ရုရှားကို စီးပွားရေး အရေးယူပိတ်ဆိုမှုတွေနဲ့ အခွန်တွေ...