မူဆယ် နန်းတော်နယ်စပ်ဂိတ်မှာ ၇ ရက်ကဒ် တန်းစီနေသူကို နေရာရောင်းစားသူက ဓားနဲ့ထိုး

စက်တင်ဘာ ၄၊ ၂၀၂၄ Shy V(VOM) တရုတ်မြန်မာနယ်စပ်၊ မူဆယ် နန်းတော် နယ်စပ်ဂိတ်မှာ စက်တင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းက ၇ ရက်ကဒ် တန်းစီနေသူကို နေရာရောင်းစား သူက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နန်းတော် ပေါက်မှာ ၇ ရက် တပတ်ကဒ် တန်းစီနေသူကို နေရာ ရောင်းစားတဲ့ သူက ဓား နဲ့ ထိုးတာ။” လို့ ဒေသခံ တယောက်က ပြောပလတယ်။ နေရာရောင်းစားတဲ့သူတွေက အမြဲတမ်းလုပ်စားနေကြတာ ဖြစ်ပြီး စမတ်ကဒ်တိုကင်ပေးတော့လည်း သူတို့ပဲ နေရာရောင်းစားနေကြတာလို့ သူက ပြောပါတယ်။ “နေရာ ရောင်းစားသူတွေက အရမ်းစရိုက်ဆန်တယ်။ တပတ်ကဒ်သွားယူတုန်းကလည်း အဲဒီလိုပဲ ကိုယ်တွေ အစောကြီးအရင်ရောက်နေတာတောင် သူတို့နေရာတဲ့။ လာမောင်းထုတ်နေတာ။ တကယ့်စရိုက်တွေ။” လို့ မျက်မြင် တယောက်က ပြောပါတယ်။…

Read More

မြန်မာအမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ် ပစ်မှတ်ထားရှာဖွေမှု ပိုမို များပြားလာ

စက်တင်ဘာ ၄ – ၂၀၂၄ KG(VOM) မကြာသေးမီ နှစ်များအတွင်း မြန်မာပြည်တွင်းမှာ တရုတ်ဇနီးမယား ရှာဖွေရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေပြီး မြန်မာအမျိုးသမီးငယ်အများစုကို အဓိကပစ်မှတ်ထားရှာဖွေမှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ ဖူးစာဖက်ရှာဖွေရေးလုပ်ငန်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိ နဝဒေးဥယျာဥ်အိမ်ရာတွင် အများဆုံးဖြစ်ပွားနေတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ “အဲဒီကိစ္စတွေက ကြာပြီခင်ဗျ ။ အရင်ကတော့တိုးတိုးတိတ်တိတ်လုပ်ကြတာပေါ့။ အခုကတော့လူမှုကွန်ရက်တွေ ဖေ့ဘွတ်စ်တွေက အတော်လေးကျယ်ပြန့်လာတော့လိုင်းပေါ်မှာရှာကြ၊ဖွေကြနဲ့ ကြားထဲကပွဲစားကတမျိုးနဲ့ပေါ်ပေါ်ထင်ထင်ဖြစ်လာတာပါ”လို့ ပြည်သူတယောက်က မှတ်ချက်ပြုပြောပြပါတယ်။ ဒါအပြင် အွန်လိုင်းလူမှုကွန်ရက်တွေဖြစ်တဲ့ Tik Tok၊Facebook၊What App တွေမှတဆင့် တရားမဝင် တရုတ်ဇနီးမယားအဖြစ်ရှာဖွေရေးလုပ်ငန်းတွေ တွင်ကျယ်လာနေပြီး တရုတ်နိုင်ငံသားတွေအတွက် ဖူးစာဖက်ရှာဖွေရေးအကျိုးဆောင်လုပ်ငန်းတွေဟာ ယခုနှစ်ပိုင်းတွေအတွင်းမှာ မြို့ပေါ်ရပ်ကွက်တွေအထိ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ဇနီးမယားအဖြစ် ငွေကြေးမက်လုံးပေးကာ မြန်မာအမျိုးသမီးငယ်အများစုကို စည်းရုံး အဓိကပစ်မှတ်ထားရှာဖွေမှုတွေရှိနေပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေဖြစ်ပေါ် ပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေဟာ တရုတ်ဇနီးမယားအဖြစ်…

Read More

နှစ်လအတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရှစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ် ထွက်ပြေး

ဒါကာ ၊ စက်တင်ဘာ-၄-၂၀၂၄မျိုးဆက်(VOM)မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည် ရှစ်ထောင်ကျော်ဟာ ပြီးခဲ့တဲ့ နှစ်လအတွင်းက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ အေအေနဲ့ နစကတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ “ပြီးခဲ့တဲ့နှစ်လလောက်အတွင်းက အများစုဝင်ရောက်လာကြတာပါ။ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာ ရှစ်ထောင်လောက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတယ်ဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့မှာ ရှိတယ်” ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ အကြီးတန်း တာဝန်ခံ မိုဟာမက်ဆမ်ဆွတ်ဒေါဇာက ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒုက္ခသည်အရေး ဝန်ပိနေပြီး ရိုဟင်ဂျာတွေကို လက်မခံနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ရိုဟင်ဂျာတွေ ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး ။ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လာမယ့်နှစ်ရက် သုံးရက်အတွင်း ပြုလုပ်မယ့် အစိုးရအဖွဲ့အစည်းအဝေးမှာ အလေးထားဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်တိုဟစ်ဟူစိန်က ပြောပါတယ်။“နယ်စပ်ကို ပိတ်ပစ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်ထပ်…

Read More

ဟားမတ်စ်ခေါင်းဆောင် အပါအဝင် ခြောက်ယောက်ကို အမေရိကန် တရားစွဲပြီ

ဝါရှင်တန်၊ စက်တင်ဘာ-၄-၂၀၂၄မျိုးဆက်(VOM)အစ္စရေးတောင်ပိုင်းကို ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်က တိုက်ခိုတ်မှုနဲ့ပတ်သက်ပြီး ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါအပါအဝင် ထိပ်တန်းခေါင်းဆောင် ခြောက်ယောက်ကို အမေရိက တရားစွဲလိုက်ပါတယ်။ဒါဟာ ဟားမတ်စ်ခေါင်းဆောင်နဲ့ အခြားတာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပေမယ့် အစ္စတောင်းပိုင်းကို အကြမ်းဖက်တို်ကခိုက်ပြီး ဓါးစာခံတွေ ဖမ်းဆီးသွားတဲ့အပေါ် ဟားမတ်စ်ခေါင်းဆောင်တွေ တာဝန်ခံဖို့ အမေရိကန်တရားရေးဌာနရဲ့ ပထမဆုံး လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ယာယာဆင်ဝါအပြင် အခြားစွဲချက်တင်ခံရသူတွေကတော့ ဟားမတ်စ်ခေါင်ဆောင်ဟောင်း အစ္စမေးလ်ဟာနီယာ၊ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ လက်ထောက်ခေါင်းဆောင် မာဝန်အစ်ဆာ၊ ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်သုံးယောက် ဖြစ်ပါတယ်။စွဲချက်တွေထဲမှာတော့ အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်မှု ၊ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက်သေစေတဲ့ လက်နက်တွေအသုံးပြုမှုအပါအဝင် သူတို့ခြောက်ယောက်ကို စွဲချက်ခုနှစ်ခုနဲ့ အမေရိကန်တရားရေးဌာနက တရားစွဲဆိုခဲ့တာပါ။ဒါအပြင် ဟားမတ်စ်အဖွဲ့ရဲ့ ဆယ်စုနှစ်များစွာ အကြမ်းဖက်တို်ကခို်ကမှုတွေနဲ့ လွန်ခဲ့တဲ့ တနှစ်နီးပါးကာလက အစ္စရေးတောင်ပိုင်းကို မကြုံစဖူး တို်ကခို်ကမှုကြောင့် လူ ၁၂၀၀ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်နွယ်တဲ့…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၄ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၂၆၇၄၂ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ယူကရိန်းအလယ်ပိုင်းကို ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှု ၅၂ ယောက်သေပြီး ၂၇၀ ကျော်ဒဏ်ရာရ

ကိဗ်ယက်၊ စက်တင်ဘာ-၄-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအလယ်ပိုင်း ပေါ်တာဗာမြို့ကို ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် လူ ၅၁ ယောက်သေဆုံးပြီး ၂၇၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်ကျရောက်မှုတွေကြောင့် စစ်သင်တန်းကျောင်းနဲ့ အနီးနားရှိ ဆေးရုံတရုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ ယူကရိန်းစစ်ဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေထွက်ပေါ်လာပြီးနောက် လူတွေဟာ ဗုံးခိုကျင်းတွေကို လာရောက်ဖို့ လုံလောက်တဲ့အချိန်မရှိခဲ့ဘူးလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားရဲ့ ဒီတိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ ပိုမိုပေးဖို့ အနောက်အုပ်စုမဟာမိတ်တွေကို တောင်းဆိုထားပါတယ်။ ရုရှားကတော့ ဒီတိုက်ခို်ကမှုနဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး ။ ရုရှားသတင်းဌာနတွေကတော့ ဒုံးကျည်တိုက်ခိုက်ချိန်မှာ စစ်သင်တန်းကျောင်းမှာ ဗိုလ်လောင်းတွေစုဝေးနေတယ်လို့ ဖော်ပြထားပေမယ့်လည်း ယူကရိန်းစစ်တပ်က ပယ်ချထားပါတယ်။ ပေါ်တာဗာမြို့ဟာ ယူကရိန်းစစ်ပွဲမစတင်မီက လူဦးရေ သုံးသိန်းကျော် နေထိုင်တဲ့…

Read More

This Day in History

Voice of Myanmarအရှေ့တီမောသည် အင်ဒိုနီးရှားနှင့်ဆက်နွယ်မှုများကိုအဆုံးသတ်ကာ လွတ်လပ်သောနိုင်ငံဖြစ်လာရေး ပြည်လုံကျွတ်ဆန္ဒခံယူပွဲကို ၁၉၉၄ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူများက တခဲနက်ထောက်ခံခဲ့ကြကာ ၂၀၀၂ ခုနှစ် မေ ၂၀ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။

Read More

မြစ်ကြီးနားမှာ လေယာဥ်လက်မှတ်ခ အပါအဝင် ကုန်စျေးနှုန်းတွေ မြင့်တက်လျက်ရှိ

စက်တင်ဘာ ၄ – ၂၀၂၄ SS (VOM) လက်ရှိမှာ မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်း ပိတ်ထားတာကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လေယာဥ်လက်မှတ်ခ စျေးနှုန်းတွေ မြင့်တက်နေပြီး ဝယ်ယူရ ခက်ခဲနေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေး – ကချင် – စစ်ကိုင်းအစပ် ကားလမ်းပိုင်းရဲ့ မြို့တွေမှာ ကားလမ်းတွေ အကန့်အသတ်မရှိ ပိတ်ထားခဲ့တာကြောင့် လေကြောင်းလိုင်းတခုတည်းကိုသာ အသုံးပြုရတဲ့အတွက် လေယာဉ်လက်မှတ်ခ နှုန်းထားတွေ စျေးမြင့်တက်လာတဲ့အပြင် လက်မှတ်တစောင် ရဖို့အတွက် တပတ်ကနေ ရက်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ “လေကြောင်းကလည်း တခုနဲ့တခုက မတူဘူး။ ဒီလ အစပိုင်းလောက်သွားချင်လို့ လက်မှတ်ဝယ်မှာကို လလယ် ဒါမှမဟုတ်ရင် လကုန်လောက်မှ ရမယ်တဲ့။ အဝေးကြီးကို ကြိုပြီးဖြတ်ရတော့မှာ။ လက်မှတ်ခတွေကလည်း အရောင်းကိုယ်စားလှယ်ပေါ်…

Read More
VOM News

FREE
VIEW