နှစ်လအတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရှစ်ထောင်ကျော် ဘင်္ဂလားဒေ့ရှ် ထွက်ပြေး



ဒါကာ ၊ စက်တင်ဘာ-၄-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည် ရှစ်ထောင်ကျော်ဟာ ပြီးခဲ့တဲ့ နှစ်လအတွင်းက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ အေအေနဲ့ နစကတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ “ပြီးခဲ့တဲ့နှစ်လလောက်အတွင်းက အများစုဝင်ရောက်လာကြတာပါ။ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာ ရှစ်ထောင်လောက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတယ်ဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့မှာ ရှိတယ်” ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ အကြီးတန်း တာဝန်ခံ မိုဟာမက်ဆမ်ဆွတ်ဒေါဇာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒုက္ခသည်အရေး ဝန်ပိနေပြီး ရိုဟင်ဂျာတွေကို လက်မခံနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ရိုဟင်ဂျာတွေ ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး ။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လာမယ့်နှစ်ရက် သုံးရက်အတွင်း ပြုလုပ်မယ့် အစိုးရအဖွဲ့အစည်းအဝေးမှာ အလေးထားဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်တိုဟစ်ဟူစိန်က ပြောပါတယ်။

“နယ်စပ်ကို ပိတ်ပစ်လိုက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဖြတ်ကျော်ဝင်ရောက်လာတာတွေကို တားဆီးဖို့ ကြိုးပမ်းသွားမယ်လို့ ” ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီး ကော့ဘဇားရှိ ဒုက္ခသည်စခန်တွေမှာ ခိုလှုံနေကြပါတယ်။ သူတို့ကို နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း ရိုဟင်ဂျာတွေက နိုင်ငံသားဖြစ်ခွင့်ရရေးအပါအဝင် တောင်းဆိုမှုတွေကြောင့် အထမြောက်ခြင်းမရှိခဲ့ပါဘူး။

Ref:Rueters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW