ယူကရိန်းအလယ်ပိုင်းကို ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှု ၅၂ ယောက်သေပြီး ၂၇၀ ကျော်ဒဏ်ရာရ

ကိဗ်ယက်၊ စက်တင်ဘာ-၄-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းအလယ်ပိုင်း ပေါ်တာဗာမြို့ကို ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် လူ ၅၁ ယောက်သေဆုံးပြီး ၂၇၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒုံးကျည်ကျရောက်မှုတွေကြောင့် စစ်သင်တန်းကျောင်းနဲ့ အနီးနားရှိ ဆေးရုံတရုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ ယူကရိန်းစစ်ဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေထွက်ပေါ်လာပြီးနောက် လူတွေဟာ ဗုံးခိုကျင်းတွေကို လာရောက်ဖို့ လုံလောက်တဲ့အချိန်မရှိခဲ့ဘူးလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားရဲ့ ဒီတိုက်ခိုက်မှုအတွက် တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ ပိုမိုပေးဖို့ အနောက်အုပ်စုမဟာမိတ်တွေကို တောင်းဆိုထားပါတယ်။
ရုရှားကတော့ ဒီတိုက်ခို်ကမှုနဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး ။ ရုရှားသတင်းဌာနတွေကတော့ ဒုံးကျည်တိုက်ခိုက်ချိန်မှာ စစ်သင်တန်းကျောင်းမှာ ဗိုလ်လောင်းတွေစုဝေးနေတယ်လို့ ဖော်ပြထားပေမယ့်လည်း ယူကရိန်းစစ်တပ်က ပယ်ချထားပါတယ်။
ပေါ်တာဗာမြို့ဟာ ယူကရိန်းစစ်ပွဲမစတင်မီက လူဦးရေ သုံးသိန်းကျော် နေထိုင်တဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားကို အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ တာဝန်ရှိသူတွေက သမ္မတပူတင်ကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Ref:BBC
Photo:AP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW