နမ့်လန်မှာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တချို့ ရေကြီးနေပြီး ကားလမ်းတွေလည်း ပိတ်နေ

စက်တင်ဘာ ၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း မိုးသည်းထန်ခဲ့လို့ တောင်ကျရေကြီးလာကာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့ ရေကြီးနေပြီး ကားလမ်းတွေလည်း ပိတ်နေ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်လန်မှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း မိုးကြီးပြီး တောင်ကျရေများလို့ မြို့တွင်း ရေကြီးရေလျှံ ဖြစ်လာတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ တမနက်ပဲ မိုး သည်းသည်း ထန်ထန်ရွာပေမယ့် မြို့ထဲက နေအိမ်တွေနဲ့ ကျောင်းဝင်းမှာရော ရေတွေဝင်ကုန်ပြီး ကားလမ်းမှာလည်း ရေတွေလျှံကုန်တာ်လို့ ဆိုပါတယ်။ “ရေ ဝင်တဲ့ အိမ်လည်းဝင်တယ်။ အိမ်တော်တော် များများ ရေဝင်ကုန်တယ်။ တောင်ကျရေ တွေပါ။” လို့…

Read More

နောင်ချို တောင်ခမ်းနဲ့ မိုးမောက် – ဗန်းမော် ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

စက်တင်ဘာ ၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ရှည် တောင်ခမ်းဘက် နဲ့ ကချင်ပြည်နယ်၊ မိုးမောက် – ဗန်းမော် ကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လက်ရှိထိ နောင်ချို တောင်ရှည် တောင်ခမ်းဘက် တိုက်နေတုန်းပဲ။ စခန်းတွေက စစ်တပ်က ပြန်ရသွားတာတွေရှိတယ်။ တိုက်ပွဲကပြင်းထန်နေဆဲပဲ။ အဲဒီဘက်က အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄ဝ၆ ၊ ၉၀၂ တပ်တွေနဲ့ တပြိုင်ထဲ တိုက်ပွဲပြင်းထန်နေတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့ ဆီက TNLA တပ်ဖွဲ့ သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာ ကားတွေကို စစ်မြေပြင်မှာ သုံးဖို့ စက်တင်ဘာ ၄ ရက်နေ့က အရှေ့တန်းကို ပို့နေတာလို့…

Read More

စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် တရုတ်တောင်ပိုင်းမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်း

ပေကျင်း၊ စက်တင်ဘာ-၅-၂၀၂၄ မျိုးဆက်(VOM) အပူပိုင်းမုန်းတိုင်း ယာဂီဟာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး ဟိုင်နန်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်နေတာကြောင့် တရုတ်တောင်ပိုင်းက မြို့ကြီးတွေမှာ အလုပ်တွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရပြီး လေကြောင်းခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။ ဟိုင်နန်မှာ စူပါတိုင်ဖွန်းမုန်တိုင်းတွေတို်ကခတ်မှုနည်းပါးပြီး ၁၉၄၉ ခုနှစ်ကတည်းက တိုင်ဖွန်းမုန်တိုင်း ၁၀၆ ကြိမ် ဝင်ရောက်တို်ကခတ်ခဲ့ရာ ကိုးကြိမ်သာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကိုဖြတ်၍ အနောက်ဘက်ကို ရွေ့လျားကာ ဟိုင်နန်ပြည်နယ်ကို တနာရီလေတိုက်နှုန်း ၂၀၉ ကီလိုမီတာနှုန်းနဲ့ ဆက်လက်ရွေ့လျားနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဟိုင်နန်အာဏာပိုင်တွေဟာ ဒီနေ့မနက် ၁၁ နာရီ မိနစ် ၃၀ ကစပြီး မုန်တိုင်းယာဂီနဲ့ပတ်သက်တဲ့ အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အဆင့်ဆုံး တိုးမြှင့်လိုက်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ မနက်ဖြန်မွန်းလွဲပိုင်းမှာတော့ ဟိုင်နန်အပြင် အိမ်နီးချင်း ဂွမ်ဒေါင်းပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟိုင်နန်ပြည်နယ်မြို့တော် ဟိုင်ကူမှာတော့…

Read More

ဒီပဲယင်း စစ်ရှောင် တသောင်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေ

စက်တင်ဘာ ၅ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့က စစ်ရှောင်ပြည်သူ တသောင်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ အဲဒီ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးကြရတာဖြစ်ပြီး ရက်ပေါင်း ၂၀ ဝန်းကျင်ရှိလာတဲ့အထိ နေရပ်မပြန်နိုင်သေးတာကြောင့် စားဝတ်နေရေး ခက်ခဲနေသလို ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ်မှာတော့ တခြားကျေးရွာက ဒေသခံတွေရဲ့ အကူအညီနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာ။ လူဦးရေကလည်း အရမ်းများတော့ ကြာလာတော့ လုံလောက်မှု မရှိတော့ဘူး။ အခုအချိန်က ကုန်ဈေးနှုန်း ကြီးတာကြောင့်ရော၊ တိုက်ပွဲတွေကြောင့် အစစအရာရာ ရှားပါးလာတာကြောင့်ရော ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်းပါတော့…

Read More

နိုင်ဂျီးရီးယားမှာလည်း ဓါတ်ဆီရဖို့ ညအိပ်တန်းစီနေရပြီး စျေးနှစ်ဆတက်

အဘူဂျာ၊ စက်တင်ဘာ-၅-၂၀၂၄ရတီ(VOM)နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီရှားပါးပြတ်လပ်မှုတွေကြောင့် ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေရပြီး နိုင်ငံပိုင် ရေနံကုမ္ပဏီကလည်း စျေးနှစ်ဆတက်လိုက်ပါတယ်။မြို့တော်အဘူဂျာမှာ ဓါတ်ဆီဆိုင်အများစု ဖွင့်ထားပေမယ့်လည်း အလှည့်ကျစနစ်ကြောင့် ကားပေါ်မှာ ညအိပ်တန်းစီစောင့်ဆိုင်းနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ခွဲတမ်းကုန်သွားရင် လှည့်ပြန်ရတာပဲလို့ ဆိုပါတယ်။နိုင်ငံတဝန်း ဓါတ်ဆီဆိုင်တွေမှာ ဆီရဖို့အတွက် လူတန်းရှည် ၊ကားတန်းရှည်ကြီးတွေ နေရာအနှံ့တွေ့နေရပြီး မြို့တော်လာဂို့စ်ရှိ ဘတ်စ်ကားဂိတ်တွေမှာ ခရီးသည်တွေစောင့်ဆိုင်းနေပေမယ့် ပြေးဆွဲတဲ့ဘတ်စ်ကားကတော့ အနည်းအကျဉ်းသာရှိပါတယ်။နိုင်ဂျီးရီးယားလောင်စာတင်သွင်းပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြန်လည်ဖြန့်ဝေနေတဲ့ နိုင်ဂျီးရီးယား အမျိုးသားရေနံကော်ပိုရေးရှင်းကတော့ ကြွေးမြီတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးတက်တာကြောင့် စျေးတင်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။အချို့ဒေသတွေမှာတော့ အများသူငှာသယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခတွေ ပိုမိုစျေးတက်သွားပါတယ်။ ဓါတ်ဆီတလီတာ၆၁၇ နိုင်ရာမှ ၈၉၇ နိုင်ရာကို တိုးမြှင့်လိုက်ကြောင်း နိုင်ငံပိုင် အမျိုးသားရေနံကော်ပိုရေးရှင်းက ပြီးခဲ့တဲ့နေ့က ကြေညာခဲ့ပါတယ်။စျေးတက်လိုက်ပြီးနောက် ပုဂ္ဂလိကကုမ္ပဏီတွေကလည်း အချိူ့သောပြည်နယ်တွေမှည ဓါတ်ဆီတလီတာ ၁၂၀၀ နိုင်ရာနဲ့ ရောင်းချနေပြီး ရောင်းချစရာမရှိလို့ ပိတ်ထားရသော ဆိုင်အများအပြားလည်းရှိနေသလို…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၅ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၁၄၆၃၉ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

အမေရိကန်သမ္မတရွေးကောက်ပွဲ ရုရှားဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေ

ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေကြောင်း အမေရိကန်က စွပ်စွဲလိုက်ပြီး ရုရှားနိုင်ငံပိုင် သတင်းဌာန ထိပ်တန်းတာဝန်ရှိသူတွေကို ဒဏ်ခတ်ပို့ဆိုလိုက်ပါတယ်။အမေရိကန်တရားရေးဌာန၊ ဘဏ္ဍာရေးဌာနတို့ရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရုရှားနဲ့ဆက်နွယ်တဲ့ သတင်းဌာနတွေကိုပါ ထုတ်လွှင့်မှုတွေ ကန့်သတ်ခဲ့ပါတယ်။အရေးယူပိတ်ဆို့မှုခံရသူတွေကတော့ ရုရှားတူးဒေးသတင်းဌာနရဲ့ အကြီးအကဲလည်းပါဝင်နေပါတယ်။ ဒီသတင်းဌာနဟာ ရုရှားအစိုးရရဲ့ ဝါဒဖြန့်အကြောင်းအရာတွေကို အမေရိကန်ပြည်သူတွေဆီရောက်အောင် အကြောင်းအရာဖန်တီး ထုတ်လွှင့်ပေးဖို့ တင်နက်ဆီရှိ ကုမ္ပဏီတခုကို ငွေပေးခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် မားရစ်ဂါလန်းက စွပ်စွဲထားပါတယ်။ရုရှားတူးဒေး သတင်းဌာနအကြီးအကဲ မာဂရီတာဆင်မွန်ယန်သည် အမေရိကန်လူ့အဖွဲ့အစည်းအပေါ် ထိခိုက်စေတဲ့ လုပ်ရပ်တွေအတွက် အရေးယူပိတ်ဆို့ခံရတဲ့ လူ ၁၀ ယောက်ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ရုရှားတူဒေးကတော့ ဒီစွပ်စွဲချက်နေတွကို ငြင်းဆိုထားပါတယ်။ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ်တို့ရဲ့ ပြိုင်ဆိုင်မှုမှာ ရုရှားက သူလိုချင်တဲ့ရလဒ်ထွက်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ရုရှားရဲ့ အစီအစဉ်ကတော့ ယူကရိန်းအတွက်…

Read More

This Day in History

Voice of Myanmarနဂါးငွေ့တန်း ဂလက်ဆီ၏ အလယ်ဗဟိုတွင် အာကာသတွင်းနက်ကြီး တည်ရှိနေကြောင်း သီအိုရီများနှင့်ပတ်သက်၍ စွမ်းအင်ပေါက်ကွဲမှုများကို လေ့လာခဲ့သည့် သက်သေများကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျင်းပသော သိပ္ပံဆိုင်ရာ ညီလာခံတစ်ခု၌ ပညာရှင်များက အထောက်အထားများဖြင့် ထုတ်ဖော်ခဲ့သည်။

Read More

မြန်မာပြည်သူ သုံးပုံတပုံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၅-၂၀၂၄မျိုးဆက်(VOM)မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ မြန်မာပြည်သူ သုံးပုံတပုံဟာ လူသားချင်းစာနမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တနှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ရာမှာ အခုလို သတိပေးထားတာဖြစ်ပါတယ်။နိုင်ငံတဝန်းမှာ ရွှေ့ပြောင်းနေထိုင်မှုနဲ့ စားနပ်ရိက္ခာမလုံခြုံမှု ပိုမိုဆိုးရွားစေတဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်မားလာတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံ သို့မဟုတ် ပြည်သူ ၁၈ ဒသမ ၆ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး သူတို့ထဲက ၅ ဒသမ ၃ သန်းဟာ အရေးပေါ်အကူအညီ လိုအပ်နေသူတွေလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒီအကျပ်အတည်းကို တုံ့ပြန်ဖို့ မြန်မာနိုင်ငံမှာ ရန်ပုံငွေပြတ်လပ်မှုနဲ့ အရေးပေါ် သိုလှောင်စီမံခန့်ခွဲမှုတွေ ခမ်းခြောက်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးကြဖို့…

Read More
VOM News

FREE
VIEW