နိုင်ဂျီးရီးယားမှာလည်း ဓါတ်ဆီရဖို့ ညအိပ်တန်းစီနေရပြီး စျေးနှစ်ဆတက်



အဘူဂျာ၊ စက်တင်ဘာ-၅-၂၀၂၄
ရတီ(VOM)

နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီရှားပါးပြတ်လပ်မှုတွေကြောင့် ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေရပြီး နိုင်ငံပိုင် ရေနံကုမ္ပဏီကလည်း စျေးနှစ်ဆတက်လိုက်ပါတယ်။

မြို့တော်အဘူဂျာမှာ ဓါတ်ဆီဆိုင်အများစု ဖွင့်ထားပေမယ့်လည်း အလှည့်ကျစနစ်ကြောင့် ကားပေါ်မှာ ညအိပ်တန်းစီစောင့်ဆိုင်းနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ခွဲတမ်းကုန်သွားရင် လှည့်ပြန်ရတာပဲလို့ ဆိုပါတယ်။

နိုင်ငံတဝန်း ဓါတ်ဆီဆိုင်တွေမှာ ဆီရဖို့အတွက် လူတန်းရှည် ၊ကားတန်းရှည်ကြီးတွေ နေရာအနှံ့တွေ့နေရပြီး မြို့တော်လာဂို့စ်ရှိ ဘတ်စ်ကားဂိတ်တွေမှာ ခရီးသည်တွေစောင့်ဆိုင်းနေပေမယ့် ပြေးဆွဲတဲ့ဘတ်စ်ကားကတော့ အနည်းအကျဉ်းသာရှိပါတယ်။

နိုင်ဂျီးရီးယားလောင်စာတင်သွင်းပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြန်လည်ဖြန့်ဝေနေတဲ့ နိုင်ဂျီးရီးယား အမျိုးသားရေနံကော်ပိုရေးရှင်းကတော့ ကြွေးမြီတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံစျေးတက်တာကြောင့် စျေးတင်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အချို့ဒေသတွေမှာတော့ အများသူငှာသယ်ယူပို့ဆောင်ရေး ဝန်ဆောင်ခတွေ ပိုမိုစျေးတက်သွားပါတယ်။ ဓါတ်ဆီတလီတာ၆၁၇ နိုင်ရာမှ ၈၉၇ နိုင်ရာကို တိုးမြှင့်လိုက်ကြောင်း နိုင်ငံပိုင် အမျိုးသားရေနံကော်ပိုရေးရှင်းက ပြီးခဲ့တဲ့နေ့က ကြေညာခဲ့ပါတယ်။

စျေးတက်လိုက်ပြီးနောက် ပုဂ္ဂလိကကုမ္ပဏီတွေကလည်း အချိူ့သောပြည်နယ်တွေမှည ဓါတ်ဆီတလီတာ ၁၂၀၀ နိုင်ရာနဲ့ ရောင်းချနေပြီး ရောင်းချစရာမရှိလို့ ပိတ်ထားရသော ဆိုင်အများအပြားလည်းရှိနေသလို အဝေးပြေးကားလိုင်းအချို့လည်း ပြေးဆွဲမှုရပ်နားလာတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ref:BBC
Photo:ConsumerConnect

Related posts

Leave a Comment

VOM News

FREE
VIEW