ဖားကန့် ဆိုင်းတောင်မှာ KIA နဲ့ နစကတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

စက်တင်ဘာ ၁၀၊ ၂၀၂၄ BD (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းထိ KIA နဲ့ နစကတပ်တွေတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့လည်း ပစ်နေတုန်းပဲ။ ဆိုင်းတောင် မီးမလောင်ပါစေနဲ့လို့ ဆုတောင်းနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ရပ်ကွက်ထဲ မီးခိုး တလူလူ ထွက်နေတာကို အဝေးကနေ လှမ်းမြင်နေရလို့ စိတ်ပူနေတာလို့ သူက ပြောပါတယ်။ “တိုက်ပွဲက ကျနော်တို့ နေတဲ့ ဘက် ဖြစ်နေတာ။ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၄။ ကျနော်တို့ တခြား နေရာဘက် စစ်ရှောင်နေရတယ်။ တိုက်ပွဲ ဖြစ်နေတာ တပတ်လောက် ရှိလာပြီ” လို့ ဆိုင်းတောင်ရောက်နေတဲ့ လူငယ်…

Read More

တာချီလိတ်မှာ မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၅ ပေကျော်လာလို့ ရေကြီးနေ

စက်တင်ဘာ ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစ စိုးရိမ်ရိမ်ရေမှတ် ၅ ပေထိ ကျော်လာလို့ မြို့ထဲမှာ ရေကြီးရေလျှံ ဖြစ်ပွားနေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ ” အိမ်ဘေးနား အကုန် မြှုပ်နေပြီ။ လူက ခေါင်းပေါ်ရုံပဲ ကျန်တော့တယ်။ ပုန်းထွန်ဘက် ကယ်ဆယ်ရေး ကိုလည်း ဖုန်းဆက်မရဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ တာချီလိတ်မြို့ အဝိုင်းပတ်နဲ့ ပုန်းထွန်ရပ်ကွက်က တချို့ နေအိမ်တွေ ရေမြှုပ်ကုန်ပြီဖြစ်ပြီး တာချီလိတ် မြို့ဘက် မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ် ၁ တံတားပေါ် အထိထိရေတွေ တက်လာတယ်လို့…

Read More

ယူကရိန်းရဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ၁၄၄ စင်းကို ရုရှားပစ်ချ

မော်စကို ၊ စက်တင်ဘာ-၁၀-၂၀၂၄မျိုးဆက် (VOM)ရုရှားနိုင်ငံတဝန်းကို ယူကရိန်းက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒီထဲက ၁၄၄ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက်သေဆုံးကာ မော်စကိုမှာရှိတဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ မော်စကိုရှိ လေဆိပ်လေးခုကို ပိတ်ခဲ့ရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ၃၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တဲ့ ယူကရိန်းဒရုန်း ၁၄၄ စင်းအနက် ထက်ဝင်လောက်က အနောက်ဘက်နယ်စပ်ဒေသ ဘရိုင်ယန်စကီ၊ အစင်း ၂၀ က မော်စကိုနဲ့ ၁၄ စင်းကတော့ ကာ့စ်ဒေသတို့မှာဖြစ်တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။မော်စကိုရှိ Ramenskoye ဒေသမှာ လူသုံးယောက်ဒဏ်ရာရခဲ့ပြီး ၄၃ ယောက်ကို ယာယီခိုလှုံရာကို ရွှေ့ပြောင်းပေထားတယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ဒီအတောအတွင်း ယူကရိန်းဘက်ကို…

Read More

ဒေသတွင်းမှာ အကျပ်ကိုင်တဲ့နည်းလမ်းနဲ့ အပြုအမူတွေကို ပြန်သုံးသပ်ဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)တရုတ်နဲ့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီနေ့ စက်တင်ဘာ ၁၀ က ဆွေးနွေးခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။တောင်တရုတ်ပင်လယ်နဲ့ ဒေသတွင်းမှာ အန္တရာယ်ရှိပြီး အကျပ်ကိုင်တဲ့ နည်းလမ်းတွေ အပြုအမူတွေကို ပြန်လည်သုံးသပ်ဖို့ တရုတ်ဘက်ကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေဆဲဖြစ်ပြီး တင်းမာမှုတွေရှိနေချိန်မှာ အခုလို ဆွေးနွေးမှု ထွက်ပေါ်လာတာပါ။ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့အတွက် စစ်ဘိုင်ဆိုင်ရာ ဆွေးနွေးပွဲတွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ဘုံစိုးရိမ်ပူပန်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေကြပါတယ်။ဒီနေ့မှာတော့ တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းစစ်ဒေသအကြီးအကဲ ၀ူယန်နန်နဲ့ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသတပ်မှူး ဆင်မျူရယ်ပါပါရိုတို့ နှစ်နိုင်ငံအရေးတွေ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။နှစ်နိုင်ငံစစ်တပ်အကြား အထင်အမြင်လွဲမှားမှုနဲ့ တွက်ချက်မှုအမှားအယွင်းများကြောင့် ပဋိပက္ခအန္တရာယ်ကို လျှော့ချရန် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုတယ်လို့ သူကတိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။Ref:AFPPhoto:AP

Read More

ဗီယက်နမ်မှာ မုန်တိုင်းကြောင့် တံတားတစင်းကျိုးကျပြီး ၁၃ ယောက်ပျောက်ဆုံး

ဟနွိုင်း၊ စက်တင်ဘာ-၁၀-၂၀၂၄ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဖူသိုပြည်နယ်ရှိ လူသုံးများတဲ့ တံတားတစင်း ကျိုးကျခဲ့ပြီး ကားနဲ့လူတွေ မြစ်ထဲ မျောပါပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျိုးကျခဲ့တဲ့ ဖုန်ချောင်တံတားပေါ်ကနေ ကား ၁၀ စီး မြစ်ထဲကျရောက်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၃ ယောက်ကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးလို့ သတ်မှတ်ရတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၈၀ ကျော်သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၁ ဒသမ ၅ သန်း လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ မုန်တိုင်းဟာ တနာရီလေတိုက်နှုန်း ၂၀၃ ကီလိုမီတာနှုန်းနဲ့ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ ၂၄၀ ကျော်ထိ ဒဏ်ရာရရှိခဲ့ကာ ယခုနှစ်အတွင်း အာရှတိုက်ရဲ့…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၄၄၈၉၇ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ပန်ဆန်း နဲ့ မိုင်းပေါက်မှာ မိုးသည်းထန်စွာရွာပြီး မြေနိမ့်ပိုင်းတွေ ရေလျှံ

စက်တင်ဘာ ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နဲ့ မိုင်းပေါက် မြို့တွေမှာ စက်တင်ဘာ ၉ ရက်နေ့ မနက် အစောပိုင်းကတည်းက မိုးသည်းထန်လို့ ရေကြီးပြီး မြေနိမ့်ပိုင်းတွေ ရေလျှံဖြစ်ကာ နေအိမ်တချို့ ရေဝင်ကုန်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပန်ဆန်းမှာ မနေ့က မိုးတအား ရွာလို့ ရေကြီးတာ။ ညနေပိုင်းတော့ ရေပြန်ကျသွားတယ်။ ပန်ဆန်း နဲ့ မိုင်းပေါက် လမ်းကဝောာ့ သွားလို့ ရပြီလား မသိသေးဘူး။ လမ်းတွေ တအားပြိုတယ်လေ။ သက်ဆိုင်ရာက လုပ်တော့ လုပ်မှာပါ။ မိုင်းပေါက်မှာလည်း ရေကြီးတာ ပန်ဆန်းထက် ပိုဆိုးတယ်။ တိုက် အောက်ထပ်တွေရော အကုန်မြှုပ်ကုန်တာ။ အခုတော့ မိုးမရွာတော့ဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နေအိမ်…

Read More

This Day in History

Voice of Myanmarအမေရိကန်နိုင်ငံသား တီထွင်သူ Elias Howe သည် စက်ရုံနှင့် နေအိမ်များတွင် အထည်ချုပ်လုပ်ငန်းကို တော်လှန်ပြောင်းလဲမှု ဖြစ်စေခဲ့သည့် အပ်ချုပ်စက်အတွက် မူပိုင်ခွင့်ကို ၁၈၄၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ရရှိခဲ့သည်။

Read More
VOM News

FREE
VIEW