အင်းစိန်ထောင်က သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

စက်တင်ဘာ ၂၁ – ၂၀၂၄ SS (VOM) ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းက သေဒဏ်ကျခံနေရသူ ငါးယောက်ကို လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ငါးယောက်ကို ကြိုးပေးကွပ်မျက်မှာ ဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။ “အင်းစိန်အကျဉ်းထောင်ထဲမှာ ကြိုးစင်ကို သန့်ရှင်းရေးလုပ်တာ၊ ကန်တော့ပွဲထိုးနေတာတွေ လုပ်နေကြတယ်လို့တော့ သိရတယ်။ ကြားတာတော့ ကြိုးပေးခံရမယ့်သူတွေက ကျား (၄) ၊ မ (၁)၊ စုစုပေါင်း ငါးယောက်ပေါ့။ သူတို့ကလည်း လက်ရှိ ကြိုးတိုက်ထဲမှာ။ နောက်တခုကြားတာက ခုနစ်ယောက်လို့လည်း ပြောနေကြတာရှိတယ်။…

Read More

ရုရှားပိုင်ဆိုင်မှုတွေသုံးပြီး ယူကရိန်းအတွက် ဒေါ်လာ ၃၉ ဘီလီယံချေးမယ်လို့ အီးယူကြေညာ

ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၁-၂၀၂၄ရတီ(VOM)ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ပိုင်ပိုင်မှုတွေကနေ ရရှိတဲ့ငွေတွေကို အသုံးပြုပြီး ယူကရိန်းအတွက် ဒေါ်လာ ၃၉ ဘီလီယံ ထုတ်ချေးမယ်လို့ ဥရောပကော်မရှင်ဥက္ကဌက ကြေညာလိုက်ပါတယ်။ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ကိဗ်ယက်မှာတွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်.ဒီချေးငွေဟာ ယူကရိန်းအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့အတွက် ခေတ္တထိန်းသိမ်းထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေရလာတာတွေကို အသုံးပြုမယ်လို့ ဥရောပကော်မရှင်ဥက္ကဌကဆိုပါတယ်။ ချေးငွေနဲ့ပတ်သက်ပြီး ဇွန်လအတွင်းက ပြုလုပ်တဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတရပ်လို့ ကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ဆိုပါတယ်။ ရုရှားအနေနဲ့ ပျက်စီးဆုံးရှုံးတွေ ပြန်လည်တည်ဆောက်ရေးအတွက် ပေးဆောင်ရမယ်လို့ သူကပြောပါတယ်။ဒီချေးငွေတွေကို စွမ်းအင်နဲ့ ကာကွယ်ရေးကိစ္စတွေမှာ အဓိကအသုံးပြုမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။လက်ရှိမှာတော့ ယူကရိန်းနိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။သမ္မတ ဇီလန်စကီးဟာ လာမယ့်သီတင်းပတ်မှာ အမေရိကန်ကို သွားရောက်မှာဖြစ်ပြီး…

Read More

ဂျပန် အိုင်ရှီကာဝါမှာ မြစ် ၁၂ စင်းရေလျှံလို့ မြို့ကြီးနှစ်မြို့က လူသုံးသောင်းကို အရေးပေါ် ပြောင်းရွှေ့မိန့်ထုတ်

တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၄မျိုးဆက်(VOM)ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်နိုင်ကြောင်း အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပြီးနောက် နိုင်ငံအလယ်ပိုင်း မြို့ကြီးနှစ်မြို့ရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာပြောင်းရွှေ့ရန် အာဏာပိုင်များက အမိန့်ထုတ်လိုက်ပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီဟာ အိုင်ရှီကာဝါစီရင်စု ဒေသအတော်များများမှာ မိုးကြီးပြီး ရေလျှံမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ စီရင်စုရှိ မြစ်နှစ် ၁၂ စင်းဟာ မြစ်ကမ်းပါးတွေ ရေလျှံနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။မိုးကြီးပြီး ရုတ်တရက်ရေကြီးနိုင်ခြေကြောင့် ဝါဂျီမာမြို့ရှိ လူဦးရေ ၁၈၀၀၀ နဲ့ ဆူဇူမြို့က ဒေသခံ ၁၂၀၀၀ တို့ကို ယာယီစခန်းတွေမှာ ခိုလှုံဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝါဂျီမာမြို့မှာ လူတယောက်ပျောက်ဆုံးနေပြီး ဆူဇူမြို့နဲ့ ဝါဂျီမာမြို့ကနေ အရေးပေါ်ကယ်ဆယ်ရေးဖုန်းတွေ ခေါ်ဆိုမှုများစွာရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီနေ့မွန်းလွဲပိုင်းထိ အိုင်ရှီကာဝါစီရင်စုမှာ အိမ်ထောင်စုပေါင်း ခြောက်ထောင်နီးပါး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကြောင်း တာဝန်ရှိသူများကပြောပါတယ်။ မိုးသည်ထန်စွာရွာသွန်းပြီးနောက်မှာ အိုင်ရှီကာဝါ၊ ယာမာဂါနာနဲ့နီဂါတာစီရင်စုတို့မှာ မြေပြိုမှု သတိပေးချက်တွေကိုလည်း အာဏာပို်ငတွေက ထုတ်ပြန်ထားပါတယ်။လာမယ့်…

Read More

ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲ ရောဂါများ

စက်တင်ဘာ-၂၁-၂၀၂၄ SN (VOM) မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တာပါ။ လက်ရှိမှာတော့ နေပြည်တော်အပါအဝင် တချို့နေရာတွေမှာ ရေတွေပြန်ကျနေပြီ ဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာပါ။ ရေကြီးမှုတွေဖြစ်ပွားပြီး ရေပြန်ကျသွားချိန်မှာ အထူးသတိပြုရမှာကတော့ ရေကြီးမှုရဲ့ နောက်ဆက်တွဲ ရောဂါဘယတွေပဲ ဖြစ်ပါတယ်။ ရေကြီးခြင်းဟာ မြေအောက်ရေ၊ မြစ်တွေနဲ့ ကမ်းရိုး တန်းရေတွေ လျှံတက်လာတဲ့အခါမှာ မိလ္လာတွေ၊ လူနဲ့ တိရစ္ဆာန်တို့ရဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရေလွှမ်းမိုးမှုနဲ့အတူ ပါသွားနိုင်ပါတယ်။ စနစ်တကျ သန့်ရှင်းမှုမလုပ်ရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုးပါ။ ရေကြီးမှုနောက်ပိုင်း အဖြစ်များတဲ့ ရောဂါတွေကတော့ မသန့်တဲ့ ရေကနေတဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်း လျှောရောဂါ၊ အရေပြားရောဂါတွေအပြင်၊ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါနဲ့ အသည်းရောင် အသားဝါရောဂါတွေ ဖြစ်ပါတယ်။…

Read More

လက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှု ဟဇ်ဘိုလာထိပ်တန်းတပ်မှူး သေဆုံးပြန်

ဘေရွတ်၊ စက်တင်ဘာ-၂၁-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း နောက်ထပ် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပြီးနောက် နှစ်ဘက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးပွားလာပါတယ်။တိုက်ခိုက်မှုအတွင်း ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတွေထဲကတယောက်သေဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပြီးနောက် ဟဇ်ဘိုလာအဖွဲ့ကလည်း သူတို့ရဲ့ ထိပ်တန်းတပ်မှူး အီဘရာဟင်အာကေး သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။မနေ့က အစောပိုင်းမှာ လက်ဘနွန်နိုင်ငံ ဘေရွတ်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဒါဟီဟီဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၄ ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူတွေက ဆိုပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကလည်း ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပါသေးတယ်။ နှစ်ဖက်အကြား အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးထားပါတယ်။ယခုသီတင်းပတ်အတွင်းမှာလည်း လက်ဘနွန်နိုင်ငံတဝန်းမှာ ဆက်သွယ်ရေးစက်တွေ ပေါက်ကွဲမှုကြောင့် လူ ၃၇ ယောက်သေပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး ဒါဟာအစ္စရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။Ref:BBCPhoto:Getty Images

Read More
VOM News

FREE
VIEW