တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၄
မျိုးဆက်(VOM)
ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်နိုင်ကြောင်း အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပြီးနောက် နိုင်ငံအလယ်ပိုင်း မြို့ကြီးနှစ်မြို့ရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာပြောင်းရွှေ့ရန် အာဏာပိုင်များက အမိန့်ထုတ်လိုက်ပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီဟာ အိုင်ရှီကာဝါစီရင်စု ဒေသအတော်များများမှာ မိုးကြီးပြီး ရေလျှံမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ စီရင်စုရှိ မြစ်နှစ် ၁၂ စင်းဟာ မြစ်ကမ်းပါးတွေ ရေလျှံနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မိုးကြီးပြီး ရုတ်တရက်ရေကြီးနိုင်ခြေကြောင့် ဝါဂျီမာမြို့ရှိ လူဦးရေ ၁၈၀၀၀ နဲ့ ဆူဇူမြို့က ဒေသခံ ၁၂၀၀၀ တို့ကို ယာယီစခန်းတွေမှာ ခိုလှုံဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝါဂျီမာမြို့မှာ လူတယောက်ပျောက်ဆုံးနေပြီး ဆူဇူမြို့နဲ့ ဝါဂျီမာမြို့ကနေ အရေးပေါ်ကယ်ဆယ်ရေးဖုန်းတွေ ခေါ်ဆိုမှုများစွာရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့မွန်းလွဲပိုင်းထိ အိုင်ရှီကာဝါစီရင်စုမှာ အိမ်ထောင်စုပေါင်း ခြောက်ထောင်နီးပါး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကြောင်း တာဝန်ရှိသူများကပြောပါတယ်။ မိုးသည်ထန်စွာရွာသွန်းပြီးနောက်မှာ အိုင်ရှီကာဝါ၊ ယာမာဂါနာနဲ့နီဂါတာစီရင်စုတို့မှာ မြေပြိုမှု သတိပေးချက်တွေကိုလည်း အာဏာပို်ငတွေက ထုတ်ပြန်ထားပါတယ်။
လာမယ့် ၂၄ နာရီအတွင်း နိုင်ငံဒေသအတော်များများမှ မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေနိုင်ပြီး တချို့ဒေသတွေမှာ မိုးရေချိန် ၂၀၀ မီလီမီတာထိရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ထားပါတယ်။
Ref:NHK
Photo: The Yomiuri Shimbun
Related posts
-
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
နိုဝင်ဘာ ၂၅ – ၂၀၂၄SN (VOM)ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးဟာ ကျပ် သိန်း... -
This Day in History
Voice of Myanmarခရစ်စမတ်ကာလတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်၍ ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားတပ်များအပေါ် အဓိကထိုးစစ်တရပ်ကို... -
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက် ဒေါ်နယ်ထရန့် ခန့်အပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက...