ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၁-၂၀၂၄
ရတီ(VOM)
ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ပိုင်ပိုင်မှုတွေကနေ ရရှိတဲ့ငွေတွေကို အသုံးပြုပြီး ယူကရိန်းအတွက် ဒေါ်လာ ၃၉ ဘီလီယံ ထုတ်ချေးမယ်လို့ ဥရောပကော်မရှင်ဥက္ကဌက ကြေညာလိုက်ပါတယ်။
ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ကိဗ်ယက်မှာတွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်.
ဒီချေးငွေဟာ ယူကရိန်းအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့အတွက် ခေတ္တထိန်းသိမ်းထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေရလာတာတွေကို အသုံးပြုမယ်လို့ ဥရောပကော်မရှင်ဥက္ကဌကဆိုပါတယ်။ ချေးငွေနဲ့ပတ်သက်ပြီး ဇွန်လအတွင်းက ပြုလုပ်တဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတရပ်လို့ ကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ဆိုပါတယ်။ ရုရှားအနေနဲ့ ပျက်စီးဆုံးရှုံးတွေ ပြန်လည်တည်ဆောက်ရေးအတွက် ပေးဆောင်ရမယ်လို့ သူကပြောပါတယ်။
ဒီချေးငွေတွေကို စွမ်းအင်နဲ့ ကာကွယ်ရေးကိစ္စတွေမှာ အဓိကအသုံးပြုမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။လက်ရှိမှာတော့ ယူကရိန်းနိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
သမ္မတ ဇီလန်စကီးဟာ လာမယ့်သီတင်းပတ်မှာ အမေရိကန်ကို သွားရောက်မှာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင် ၊ ဒုတိယသမ္မတ ကမလာဟားရစ်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးပြီး ယူကရိန်းအပေါ် အမေရိကန်ရဲ့ လက်ဆက်ထောက်ခံမှုတွေကို အတည်ပြုဆွေးနွေးကြဖွယ်ရှိပါတယ်။
Ref:NHK
Photo:AFP
Related posts
-
အင်းစိန်ထောင်က သေဒဏ်ကျခံနေရသူ ငါးယောက်ကို ကြိုးပေးကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်
စက်တင်ဘာ ၂၁ – ၂၀၂၄ SS (VOM) ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းက သေဒဏ်ကျခံနေရသူ... -
ဂျပန် အိုင်ရှီကာဝါမှာ မြစ် ၁၂ စင်းရေလျှံလို့ မြို့ကြီးနှစ်မြို့က လူသုံးသောင်းကို အရေးပေါ် ပြောင်းရွှေ့မိန့်ထုတ်
တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၄မျိုးဆက်(VOM)ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်နိုင်ကြောင်း အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ပြီးနောက် နိုင်ငံအလယ်ပိုင်း မြို့ကြီးနှစ်မြို့ရှိ... -
လက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှု ဟဇ်ဘိုလာထိပ်တန်းတပ်မှူး သေဆုံးပြန်
ဘေရွတ်၊ စက်တင်ဘာ-၂၁-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း နောက်ထပ် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးခဲ့ပြီးနောက် နှစ်ဘက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို...