ညောင်ဦးမြို့က နှစ်တရာကျော်သက်တမ်းရှိ ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်တဆောင် မီးလောင်ပျက်စီး

စက်တင်ဘာ ၂၂ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းက နှစ်တရာကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း နှစ်ထပ်ကျောင်းဆောင်တဆောင် မနေ့ စက်တင်ဘာ ၂၁ ရက်၊ ညပိုင်း မီးလောင်မှုကြောင့် ကျောင်းဆောင်တဆောင်လုံး ပျက်စီးခဲ့ရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်မှာ မနေ့ည ၈ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းက ဖယောင်းတိုင်မီးကြောင့်လို့တော့ ကနဦး သိရပါတယ်။ အဲဒီကျောင်းမှာ တပါးတည်း သီတင်းသုံးနေတဲ့ ဦးပဉ္ဇင်းက ကျမ်းဂန်စာအုပ်တွေ ထားတဲ့ ဗီရိုပေါ်မှာ ဖယောင်းတိုင်မီးထွန်းထားပြီးတော့ ကုဋီသွားလိုက်တာ။ အဲဒီ ဖယောင်းတိုင်ကနေတဆင့် ဗီရိုပေါ်က ကျမ်းဂန်စာအုပ်တွေကို မီးစလောင်တာပေါ့။ အဲဒီကနေမှ ကျောင်းဆောင် တဆောင်လုံးကို…

Read More

လွိုင်ကော်မှာ ရေကြီးမှုအခြေအနေ ဆိုးလာပေမယ့်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါးနေ

စက်တင်ဘာ ၂၂ – ၂၀၂၄ SS (VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ရေကြီးမှုအခြေအနေ ဆိုးရွားလာပေမယ့်လည်း ကူညီကယ်ဆယ်ရေးအခြေအနေ အလွန်နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲရေကာတာကနေ စီးဆင်းလာတဲ့ ရေတွေကြောင့် ကယားပြည်နယ်အတွင်းရှိ ဘီလူးချောင်းနဲ့ ပွန်ချောင်းတို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရေကြီးနေတာဖြစ်ပြီး လွိုင်ကော်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေအတွင်း ရေဆက်တက်နေကာ မြို့လယ်အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ရေက မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းကစပြီး လွိုင်ကော်မြို့လယ် ရှမ်းပိုင်း၊ မိန်းလမ်းအထိ ရောက်လာတယ်။ တောင်စျေးနားနဲ့ ဒေါနိုးကူး လမ်းတလျောက်မှာလည်း ခါးလယ်လောက် ရောက်နေပြီ။ ရေကတော့ ထပ်တက်နေတုန်းပဲ။ နယ်မြေ မငြိမ်းချမ်းတဲ့ အခြေအနေကြောင့်ထင်တယ်။ ကူညီမယ့်သူတွေက တဖွဲ့တလေပဲ ရောက်လာကြတယ်။ ကူမယ့်သူ အရမ်းနည်းပါတယ်။ ထမင်းတနပ်ရရ နှစ်နပ်ရရ…

Read More

ရုရှားတောင်ပိုင်းရှိ အဓိက လက်နက်သိုလှောင်ရုံကို ယူကရိန်းတပ်တွေ တိုက်ခိုက်ဖျက်စီး

ကိဗ်ယက်၊ စက်တင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)ရုရှားတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ လက်နက်ထောက်ပံ့ပို့ဆောင်ရေးစခန်းဖြစ်တဲ့ လက်နက်သိုလှောင်ရုံတခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ရုရှားတောင်ပိုင်း ခရက်စ်နိဒါဒေသရှိ လက်နက်သိုလှောင်ရုံဟာ ရုရှားရဲ့ အကြီးဆုံး လက်နက်သိုလှောင်ရေးစခန်း သုံးခုထဲက တခုဖြစ်တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုတွေကို အေပီသတင်းဌာနကလည်း တင်ပြထားပါတယ်။ အဲဒီလက်နက်သိုလှောင်ရုံကို တိုက်ခိုက်ချိန်မှာတော့ မြောက်ကိုရီးယားက ပေးပို့ထားတာတွေအပါအဝင် လက်နက်ခဲယမ်းမီးကျောက် တန်ချိန် ၂၀၀၀ ရှိနေတယ်လို့ ယူကရိန်းကပြောပါတယ်။ဒီတိုက်ခိုက်မှုအတွင်း လူအသေအပျောက်မရှိကြောင်းနဲ့ သိုလှောင်ရုံအနီးက လူ ၁၂၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ခရက်စ်နိုဒါဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ယူကရိန်းတပ်တွေဟာ ရုရှားအနောက်မြောက်ပိုင်းက လက်နက်သိုလှောင်ရုံတခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ ယူကရိန်းဟာ ရုရှားတပ်တွေရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်ပြီး ချိနဲ့အောင်လုပ်ဆောင်နေကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။လာမယ့်သီတင်းပတ်အတွင်းမှာတော့ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်ကို သွားရောက်ပြီး သမ္မတဂျိုးဘိုင်ဒင် ၊ ဒုသမ္မတ ကမလာဟားရစ်တို့နဲ့…

Read More

အစ္စရေးနဲ့တင်းမာနေချိန် အီရန်က စစ်ရေးပြ ၊ ဒေသတွင်းမှာ နောက်ထပ်ရာဇဝတ်မှုတွေ မကျူးလွန်ဖို့သတိပေး

တီဟီရန်၊ စက်တင်ဘာ-၂၂-၂၀၂၄ ရတီ (VOM) အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေမြင့်တက်နေချိန်မှာ အီရန်ဟာ မြို့တော်တီဟီရန် စစ်ရေးပြပွဲပြုလုပ်နေပြီး အစ္စရေးအနေနဲ့ ဒေသတွင်းမှာ နောက်ထပ် ရာဇဝတ်မှုတွေ မကျူးလွန်ဖို့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်က သတိပေးလိုက်ပါတယ်။ ၁၉၈၀ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အီရန်-အီရတ် စစ်ပွဲ နှစ်ပတ်လည်နေ့တိုင်း အီရန်ဟာ နိုင်ငံတဝန်းမှာ စစ်ရေးပြပွဲတွေကို နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။ စည်းလုံးညီညွှန်မှုရှိနေရင် အစ္စရေးဟာ ဒေသတွင်းမှာ ရာဇဝတ်မငတွေ ကျူးလွန်နိုင်မှာမဟုတ်ဘူးလို့ သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ပြောပါတယ်။ လက်ရှိစစ်ရေးပြပွဲမှာတော့ အီရန်စစ်တပ်ဟာ ဒုံးကျည်တွေ၊ တင့်တားတွေနဲ့ အသေခံဒရုန်းအမျိုးအစားသစ်တွေကို ထုတ်ဖော်ပြေသခဲ့ပါတယ်။ Shahed-136B ဒရုန်းအမျိုးအစားဟာ ကီလိုမီတာ ၄၀၀ ကျော်ထိ ပျံသန်းတိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ ဇူလိုင်လအတွင်းက လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ အီရန်က ကတိပြုပြောဆိုထားပါတယ်။ မကြာသေးမီက ဟဇ်ဘိုလာအဖွဲ့အခြေစိုက်ရာ လက်ဘနွန်မှာ…

Read More

MNDAA နဲ့ TNLA တို့ ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ နောင်ချိုကို နစက ပြန်တိုက်ပြီ

စက်တင်ဘာ ၂၂၊ ၂၀၂၄ Shy V (VOM) MNDAA နဲ့ TNLA တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ နောင်ချိုကို နစကဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ လေကြောင်းအကူအညီတွေနဲ့အတူ ပြန်လည်တိုက်ခိုက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ နောင်ချိုမှာ စက်တင်ဘာ ၂၁ ရက်နေ့ည နဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် အစောပိုင်းက လေကြောင်း တိုက်ခိုက်မှုမှာတော့ နေအိမ်တွေထိခိုက်ပျက်စီးမှုနဲ့ ဒေသခံအချိူ့ ထိခိုက်မှုရှိကြောင်း မြို့ခံတွေကပြောပါတယ်။ လားရှိုး မှာ ရပ်ကွက် ၁ က လားရှိုး မိုတယ်အနီး လမ်းမပေါ် မှာ တလုံး ကျတယ်။ ရပ်ကွက် ၁၂ ဘက် အထက ၃ ကျောင်း အနီးက အိမ်တွင်းမှု ကျောင်းဘေးနား တလုံးကျတယ်။ အဆောက်အဦးတွေ ပျက်စီးသွားတယ်။ လူအထိအခိုက်တော့…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

စက်တင်ဘာ ၂၂ – ၂၀၂၄SN (VOM)ဒီတပတ်မှာလည်း ပြင်ပဈေးကွက်မှာ ရွှေဈေးနှုန်းတွေဟာ သိန်း ၇၀ နီးပါးမှာပဲ အတက်၊ အကျ အနည်းငယ်စီနဲ့ ရှိနေပါသေးတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့ တပတ်ကလိုပဲ တဒေါ်လာ ကျပ် ၅၀၀၀ ကျော်စွန်းစွန်းမှာသာ ရှိနေဆဲဖြစ်ပါတယ်။စက်သုံးဆီဈေးကတော့ အနည်းငယ်လောက်သာ ပြန်တက်လာပြီး အခြေခံ စားသောက်ကုန်တွေကတော့ အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြည်တွင်းက အခေါက်ရွှေ ပြင်ပ‌ဈေးနှုန်းတွေဟာ အခုတပတ်အတွင်း ၆၈ သိန်းဝန်းကျင်မှာပဲ အနည်းငယ် အတက်အကျရှိနေခဲ့တာ ဖြစ်ပါတယ်။ တပတ်အတွင်း အနိမ့်ဆုံးဈေးကတော့ ခြောက်ဆယ့်ခုနစ်သိန်း ရှစ်သောင်းကျပ်ဖြစ်ပြီး အမြင့်ဆုံးဈေးကတော့ ခြောက်ဆယ့်ကိုးသိန်း ငါးသောင်းကျပ် ဖြစ်ပါတယ်။“ရွှေဈေးက အရမ်းကြီးတက်လာဖို့တော့ မမြင်သေး‌ဘူး။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ထိုးတက်နေပေမယ့် ဒေါ်လာဈေးက လိုက်တက်မလာဘူးလေ။ အခု ကမ္ဘာ့ရွှေက စံချိန်တင်ဈေးတန်းကိုတောင် ရောက်နေတာ။ ဒါပေမယ့် ပြည်တွင်းရွှေဈေးတက်မယ့် အလားအလာတော့ မတွေ့သေးဘူး။…

Read More

This Day in History

Voice of Myanmarအီရတ်တပ်များသည် အီရန်နှင့် နှစ်နိုင်ငံ ပူးတွဲနယ်စပ်ကို ကျူးကျော်ဝင်ရောက်ခဲ့သည့် ၁၉၈၀ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် အီရန်-အီရတ်စစ်ပွဲ စတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်များထိ စစ်ပွဲဆက်လက်ဖြစ်ပွားခဲ့ကာ ၁၉၉၀ ခုနှစ်၌ တရားဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Read More
VOM News

FREE
VIEW