MNDAA နဲ့ TNLA တို့ ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ နောင်ချိုကို နစက ပြန်တိုက်ပြီ

စက်တင်ဘာ ၂၂၊ ၂၀၂၄
Shy V (VOM)
MNDAA နဲ့ TNLA တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ နောင်ချိုကို နစကဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ လေကြောင်းအကူအညီတွေနဲ့အတူ ပြန်လည်တိုက်ခိုက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ နောင်ချိုမှာ စက်တင်ဘာ ၂၁ ရက်နေ့ည နဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် အစောပိုင်းက လေကြောင်း တိုက်ခိုက်မှုမှာတော့ နေအိမ်တွေထိခိုက်ပျက်စီးမှုနဲ့ ဒေသခံအချိူ့ ထိခိုက်မှုရှိကြောင်း မြို့ခံတွေကပြောပါတယ်။
လားရှိုး မှာ ရပ်ကွက် ၁ က လားရှိုး မိုတယ်အနီး လမ်းမပေါ် မှာ တလုံး ကျတယ်။ ရပ်ကွက် ၁၂ ဘက် အထက ၃ ကျောင်း အနီးက အိမ်တွင်းမှု ကျောင်းဘေးနား တလုံးကျတယ်။ အဆောက်အဦးတွေ ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ည အပါအဝင် လားရှိုးမြို့မှာ လေး ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရပြီလို့ သူကပြာပါတယ်။ နောင်ချိုမှာလည်း ဒီနေ့ မနက် အစောပိုင်း ၁ နာရီ ဝန်းကျင်ခန့်က ဂျက်ဖိုက်တာနဲ့ လာတိုက်သွားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“မချို ပန့်ဆီဆိုင်ရှေ့က ကိုခိုင်စိုးဦးရဲ့ ဝပ်ရှော့ ထဲကိုတလုံးကျတယ်။ ကားတွေ ဆိုင်ကယ်တွေနဲ့ ဝပ်ရှော့ဘေးက မသပြေရဲ့အိမ်တော့ ပျက်စီသွားတယ်လို့သိရတယ်။ လူကတော့ လက်အနည်းငယ် ထိသွားတယ်။ ကလေးငယ်လေး တယောက်လည်းအနည်းငယ် ထိတယ်။” လို့ သူက ရှင်းပြပါတယ်။
မြို့ပေါ်မှာကျတဲ့ အလုံးကတော့ ဘယ်နား ကျတယ်ဆိုတာနဲ့ အထိအခိုက် အခြေအနေ မသိရသေးဘူးလို့ သူက ပြောပါတယ်။ MNDAA နဲ့ TNLA တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ နောင်ချို့ မြို့တွေကို ဇူလိုင် လကုန် ကတည်းကစ နစက ဘက်က မကြာခဏ လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက် လာနေတာကို တွေ့ရပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW