ဂျပန် ကာကွယ်ရေးဝန်ကြီးဟောင်း အိုင်ရှီဘာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်

တိုကျို၊ စက်တင်ဘာ-၂၇-၂၀၂၄ရတီ (VOM)ဂျပန်အာဏာရပါတီ ခေါင်းဆောင်အဖြစ် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအိုင်ရှီဘာကို ဒီနေ့မှာ ရွေးချယ်လိုက်ပြီး သူဟာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာဖြစ်ကြောင်း သိရပါတယ်။လက်ရှိဝန်ကြီးချုပ် ကီရှီဒါဟာ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံတော့မှာမဟုတ်ကြောင်း ကြေညာပြီးနောက် ပါတီခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ်လောင်း ကိုးယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ အမတ်နေရာ အများစု ရရှိထားတဲ့အတွက် ပါတီခေါင်းသစ် အိုင်ရှီဘာကို လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ ရှိနေပါတယ်။ရန်ပုံငွေအရှုပ်တော်ပုံတွေနဲ့ ပြည်တွင်းစီးပွားရေးအခြေအနေတွေကြောင့် လူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်မှာ အာဏာရပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အိုင်ရှီဘာဟာ ပါတီခေါင်းဆောင်နေရာအတွက် ငါးကြိမ်မြောက် ယှဉ်ပြိုင်မှုလည်းပြီး ဒါဟာ နောက်ဆုံးအကြိမ် ဝင်ပြိုင်တာလို့ သူကဆိုပါတယ်။သူဟာ ၁၉၈၆ ခုနှစ် အသက် ၂၉ နှစ်မှာ ဂျပန်လွှတ်တော်အမတ်အဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး အသက်အငယ်ဆုံး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ အဲဒီနောက် သူဟာ ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြားဝန်ကြီးရာထူးတွေနဲ့…

Read More

ကလောက ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရသေး

စက်တင်ဘာ ၂၇၊ ၂၀၂၄ သတင်း-ZY ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်က မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေရှိ ရေဘေးသင့်ပြည်သူ အများစုဟာ အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ များစွာရှိနေပေမယ့် စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရောက်ဘဲ ဖြစ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။ ကလောမြို့နယ်မှာ စက်တင်ဘာလ ၁၂ရက်ကစတင်ပြီး တောင်ကျချောင်းရေတွေ အဆမတန် တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို မြေပြိုမှုတွေလည်း မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီသဘာဝဘေး ကြောင့် သေဆုံးသူ ၂၅ဦးထက်မနည်း၊ ပျောက်ဆုံးသူ ၄၀ဦးခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတာကြောင့် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေအပါအဝင် နိုင်ငံအနှံ့အပြားက အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ ရှိခဲ့ပေမယ့် ရေဘေးသင့်ပြည်သူ အများစုဟာ စားနပ်ရိက္ခာတွေသာ လက်ခံရရှိနေကာ…

Read More

တရုတ်စစ်တပ်ရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း ယခုနှစ်အစောပိုင်းမှာ နစ်မြုပ်ပျက်စီးခဲ့

ဝါရှင်တန်၊ စက်တင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံရဲ့ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ ယခုနှစ်အစောပိုင်းက နစ်မြုပ် ပျက်စီးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တရုတ်စစ်တပ်ဟာ ရေတပ်သင်္ဘော အစင်းရေ ၃၇၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးရေတပ်တခုဖြစ်ကာ မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို စတင်ထုတ်လုပ်နေပါတယ်။တရုတ်ရဲ့ ပထမတန်းစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ ဟူဘေးပြည်နယ် ယန်ဇီမြစ်ပေါ်ရှိ သင်္ဘောကျင်းတခုမှာ မေလကနေ ဇွန်လအတွင်း နစ်မြုပ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူကပြောပါတယ်။သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်း သို့မဟုတ် နစ်မြုပ်ချိန်မှာ နျူကလီးယားလောင်စာတွေ ပါရှိခြင်းရှိမရှိ ရှင်းလင်းစွာမသိရဘူးလို့ သူကဆိုပါတယ်။ ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေမသိရသလို ပေးစရာအချက်အလက်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ဒီနစ်မြုပ်မှုကို တရုတ်က ဖုံးကွယ်ထားတာ အံ့ဩစရာမဟုတ်ဘူးလို့ အမေရိကန် အရာရှိက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ရေတပ်အင်အားကို အလျင်အမြန်တိုးချဲ့ဖို့ လုပ်ဆောင်နေပြီး သင်္ဘောနစ်မြုပ်မှုက နိုင်ငံရဲ့…

Read More

ဆောမြို့နယ်မှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတချို့ ရေမြုပ်နေပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေ

စက်တင်ဘာ ၂၇ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတချို့ ရေမြုပ်နေပြီး အသက်ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ‌စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဆောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဆင်းလာတဲ့အတွက် စက်တင်ဘာ ၂၅ ရက်၊ ညနေပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ စစ်ရှောင်စခန်း သုံးခု ရေဘေးသင့်နေပြီး စစ်ရှောင်သားအမိနှစ်ယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးမှု ဖြစ်တာက‌တော့ စက်တင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တာပေါ့။ တောင်ဇလပ် စစ်ရှောင်စခန်းက သားအမိနှစ်ယောက် သေတာ။ ကလေးက အသက် သုံးနှစ်အရွယ်လောက်ရှိမယ်။ မနေ့ (စက်တင်ဘာ ၂၆ ရက်) ကတော့ ကလေးအလောင်းကို ပြန်တွေ့တယ်။ သူ့အမေကိုတော့ ဆက်ရှာနေတုန်းပဲ။ သူတို့ သားအမိနှစ်ယောက်က ရေစီးအရှိန်နဲ့ ကမ်းပါးပြိုပြီး ပါသွားတာ။…

Read More

ဟဇ်ဘိုလာအဖွဲ့ကို စစ်အင်အားအပြည့်သုံး တိုက်ခိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် အမိန့်ထုတ်

တဲလ်အဗစ်၊ စက်တင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေက တောင်းဆိုတိုက်တွန်းမှုတွေရှိနေပမယ့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကို စစ်အင်အားအပြည့်သုံးပြီး တိုက်ခိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အမိန့်ထုတ်လိုက်ပါတယ်။ကြသပတေးနေ့ကပြုလုပ်တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစ ပြင်းထန်ခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးခဲ့ပါတယ်။မြို့တော်ဘေရွတ်တောင်ဘက်ရှိ အဆောက်အအုံတခုကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဒရုန်းတပ်ဖွဲ့အကြီးအကဲ မိုဟာမက်ဆူရာသေဆုံးခဲ့တယ်လို့ ဟဇ်ဘိုလာအဖွဲ့က အတည်ပြုထုတ်ပြန်ထားပြီး နှစ်ဖက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ဟဇ်ဘိုလာတို့ကလည်း အစ္စရေးမြောက်ပိုင်းနယ်စပ်တွေအပြင် နိုင်ငံအလယ်ပိုင်းထိ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တင်းမာမှုတွေလျှော့ချရေးအတွက် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်၊ ဗြိတိန်၊ အီးယူအပါအဝင် ၁၂ နိုင်ငံက တောင်းဆိုထားကြပါတယ်။လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်တွေ မပြည့်မချင်း ရပ်တန့်မှာမဟုတ်ကြောင်း၊ အစ္စရေးမြောက်ပိုင်းက…

Read More

အိန္ဒိယအရှေ့ပိုင်း ဘာသာရေးပွဲတော်တခုမှာ ကလေးငယ်အများစုအပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံး

ဒေလီ၊ စက်တင်ဘာ-၂၇-၂၀၂၄ရတီ(VOM)အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဟိန္ဒူဘာသာရေးပွဲတော်တခုမှာ ကလေးငယ် ၃၇ ယောက်နဲ့ အမျိုးသမီး ခုနှစ်ယောက်အပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ပွဲတော်ကာလအတွင်း မကြာသေးမီက ရေကြီးရေလျှံခဲ့သည့် မြစ်ချောင်းများအတွင်း ရေဆင်းချိုးရာမှ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ခရိုင် ၁၅ ခုမှာလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဂျီဗစ်ပူထရာကာ ပွဲတော်ဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်ဖြစ်ပြီး ကလေးငယ်များဟာ မိခင်တွေနဲ့အတူ ဥပုသ်စောင့် ၊ ကုသိုလ်ပြုတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ပွဲတော်ကျင်းပဖို့ ရေချိုးကြစဉ်မှာ လူအများအပြားဟာ မြစ်တွေရေကြီးမှုကို လျစ်လျူရှုခဲ့ကြတယ်လို့ ဘီဟာပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ရေနစ်သေဆုံးသူ တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတော်တွေမှာ လုံခြုံရေးအစီအမံတွေ လိုက်နာမှုအားနည်းတာနဲ့ လူအုပ်နဲ့ကျင်းပတာမျိုးတွေကြောင့် လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ အဖြစ်များပါတယ်။ဇူလိုင်လအတွင်းကလည်း နိုင်ငံမြောက်ပိုင်း ဥတာပရောဒေ့ရှ်ပြည်နယ်မှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျပြီး…

Read More

his Day in History

Voice of Myanmarမိုဟာမက်အိုမာ ဦးဆောင်သော တာဘီဘန်အဖွဲ့သည် ၁၉၉၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် မြို့တော်ကဘူးလ်ကို သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်ကို အစ္စလာမ္မစ်နိုင်ငံအဖြစ် ကြေညာခဲ့သည်။

Read More

လားရှိုးမြို့‌ကို လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲ

စက်တင်ဘာ ၂၇၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ၃ နာရီခွဲ‌ေကျာ် ဝန်းကျင်မှာ လေကြောင်းနဲ့ ၃ ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရလို့ ၂ ယောက် သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိကြာင်း ကနဦးသတင်းတွေအရ သိရပါတယ်။ “ဒီမနက် ၃ နာရီခွဲ နဲ့ ၃ နာရီ ၅၀ မိနစ်အတွင်း လားရှိုးမြို့‌ေပါ် လေယာဥ်ဗုံး ၃ ကြိမ်ကြဲချသွားတယ်။ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ဘက် လေယာဉ် ဗုံးကြောင့် ရပ်ကွက် ၁ နယ်မြေ ၈ ၊ ကျောက်ေတာင်ဘက်က ရန်တိုင်းအောင် ဘုရားအနီးမှာနေတဲ့ အမျိုးသား တယောက်နဲ့…

Read More

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ယနေ့အထိ နာလန်မထူနိုင်သေး

စက်တင်ဘာ ၂၇ – ၂၀၂၄ KG(VOM) နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ယနေ့ကာလအထိ နာလန်ပြန်မထူနိုင်သေးဘူးလို့ နယ်စပ်ဒေသမှာရှိကြတဲ့ ကုန်သည်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။ လက်ရှိကာလမှာ နယ်စပ်ဂိတ်တွေကိုပိတ်ပင်ထားမှုနဲ့ ကုန်စည်စီးဆင်းတဲ့ အပိုင်းမှာလည်းလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးလုံးရပ်တန့်နေတဲ့အနေအထားမှာရှိ နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ “အိန္ဒိယဘက်ကနယ်စပ်ဂိတ်တွေကို အခုထိပိတ်ထားတုန်းပဲ။ အခုကာလအထိကုန်သွယ်မှုကလုပ်လို့ကို မရသေးတာပေါ့။အရင်တုန်းက သူတို့နဲ့နားလည်မှုရယူပြီး နယ်စပ်ဂိတ်တွေကိုဝင်၊ထွက် ရောင်းဝယ် ဖောက်ကားတာတွေကိုလုပ်လို့ရသေးတယ်။ အခုက အဲဒီလိုတောင်လုပ်လို့မရတော့ဘူး။ မနက်ပိုင်း အချိန်ခဏလေးပဲဒီတမူးဘက်နေ အိန္ဒိယမိုးရေးဘက်ထဲကိုခေါင်းရွက်ဈေးသည်အချို့လောက်ပဲ ခိုးဝင်၊ခိုးထွက်ပြီးဈေးရောင်းကြရတာ။ လုံခြုံရေးတွေလာရင်ပြန်ထွက်ဒီလောက်လေးပဲရှိတယ်။ အရင်လိုကုန်သွယ်မှုကြီးကြီးမားမားကတော့ပြန်လုပ်လို့မရသေးဘူး”လို့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သည်တယောက်က VOM ကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာ မြန်မာဘက်ကကုန်ပစ္စည်းတွေကို အိန္ဒိယဘက်ကအဝင်မခံပေမယ့် အိန္ဒိယဘက်က ကုန်စည်အချို့ကိုတော့ မြန်မာဘက်ကိုသွင်းနေတာတွေရှိတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။ “အခုဘယ်လိုဖြစ်လဲဆိုရင် သူတို့ဘက်ကကုန်ပစ္စည်းကျတော့သွင်းတယ်။ ဒီဘက်ကပစ္စည်းကျတော့သူတို့ထဲပေးမသွင်းဘူး။ အဲဒီလိုတွေလည်းရှိပါတယ်။ ဒီဘက်ကသွင်းတဲ့ကုန်စည်တွေကတရုတ်ဘက်ကပစ္စည်းတွေလည်းပါတော့အိန္ဒိယဘက်ကလည်းအခုတရုတ်ပစ္စည်းဆိုသိပ်လက်မခံချင်ဘူး။အဲ့လိုတွေဖြစ်တယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လိုကုန်စည်တွေတင်ပို့ကြလဲဆိုတော့ အထည်အလိပ်ပစ္စည်းများတယ်။ အခြားစားသောက်ကုန်ပိုင်းတွေရော၊…

Read More
VOM News

FREE
VIEW