ဟဇ်ဘိုလာခေါင်းဆောင် သေပြီလို့ အစ္စရေးစစ်တပ် ကြေညာ

  တဲလ်အဗစ်၊ စက်တင်ဘာ-၂၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်နိင်ငံ မြို့တော်ဘေရွတ်ကို ပြီးခဲ့တဲ့နေ့ညက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာ သေဆုံးသွားကြောင်း အစ္စရေးစစ်တပ်က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟဇ်ဘိုလာအဖွဲ့ကတော့ တစုံတရာ လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အစ္စရေးဟာ ဘေရွတ်တောင်ပိုင်းမှာ ဒီနေ့စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်းထိ အပြင်းအထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးဟာ ဟဇ်ဘိုလာခေါင်းဆောင်ကို ပစ်မှတ်ထား သုတ်သင်ဖို့ဖြစ်ပြီး ဟဇ်ဘိုလာဌာနချုပ်ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးမှ ဟဇ်ဘိုလာခေါင်းဆောင်နဲ့ သူတို့ရဲ့ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်မယ့် စစ်ဆင်ရေးကို စတင်ခဲ့တာလို့ အစ္စရေးစစ်တပ် တာဝန်ရှိသူက ပြောပါတယ်။ အချိန်ကိုက် အတိအကျ လုပ်ခဲ့တာလို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း လက်ဘနွန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ…

Read More

တောင်တရုတ်ပင်လယ်မှာ အမေရိကန်မဟာမိတ်တွေ စစ်ရေးလေ့ကျင့်ချိန် တရုတ်ကလည်း ပြိုင်တူ စစ်ရေးလေကျင့်

ပေကျင်း၊ စက်တင်ဘာ-၂၈-၂၀၂၄ မျိုးဆက်(VOM) တင်းမာမှုတွေမြင့်တက်နေတဲ့ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်စစ်တပ်ဟာ ဝေဟင်၊ ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်နေသလို အမေရိကန်နဲ့ မဟာမိတ်လေးနိုင်ငံကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဒီနေ့စက်တင်ဘာ ၂၈ ရက်မှာ အပြိုင်အဆိုင် ပြုလုပ်နေကြပါတယ်။ အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင် ၊ ဩစတြေးလျနဲ့ နယူးဇီလန်ရေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ဒေသ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန် ရေပြင်မှာ ဒီနေ့စတင် ပြုလုပ်နေကြပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ငြိမ်းချမ်းတည်ငြိမ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်လာရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေခိုင်မာစေတဲ့ ကတိကဝတ်ကို ပြသတာဖြစ်တယ်လို့ ဩစတြေးလျစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ အထက်ပါနိုင်ငံငါးနိုင်ငံရဲ့ ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခြင်းဖြစ်ပြီး လွတ်လပ်စွာ ခုတ်မောင်းသွား ပျံသန်းခွင့်ကိုမြှင့်တင်ဖို့နဲ့ နိုင်ငံတကာဥပဒေအရ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လှုပ်ရှားမှုတခုဖြစ်ကြောင်း ဂျပန်စစ်တပ်က ဆိုပါတယ်။ စ််ရေးလေ့ကျင့်မှုမတိုင်မီ ဂျပန်ဖျက်သင်္ဘော၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့မှ စစ်သင်္ဘောတွေဟာ…

Read More

ပြည်ပရောက် အလုပ်သမား လွှဲပို့ငွေစာရင်း မတင်ပြနိုင်လို့ အရေးယူခံရတဲ့ အေဂျင်စီ ၂၅၀ ကျော်ထိ ရှိလာ

စက်တင်ဘာ ၂၈ – ၂၀၂၄SS (VOM)ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့အတွက် အရေးယူခံရတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ စုစုပေါင်း ၂၅၀ ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ အဲဒီ အေဂျင်စီအသိုင်းအဝိုင်းက သိရပါတယ်။အရေးယူခံရတဲ့ အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့တာတွေနဲ့ ဒဏ်ကြေးငွေ တသိန်း ပေးဆောင်စေတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။“စေလွှတ်ခဲ့တဲ့ အလုပ်သမားဦးရေရဲ့ ၅၀ ရာခိုင်နှုန်း၊ တလစာရဲ့ ၂၅ ရာခိုင်နှုန်း အထောက်အထားတောင်းတာပေါ့။ သူတို့တောင်းတဲ့စာရင်းအတိုင်း ပေးနိုင်ဖို့က ကျွန်တော် ရှေ့မှာလည်းပြောခဲ့ဖူးပါတယ်။ တော်တော်ကို ခက်ပါတယ်။ အေဂျင်စီအများစုက သူတို့ လွှတ်လိုက်တဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ်ရဖို့ ဆိုတာက ဘယ်လိုမှမလွယ်ဘူးလေ။ အလုပ်သမားတွေကို တရားဝင်နည်းလမ်းနဲ့ ငွေလွှဲပေးဖို့ စည်းရုံးရတဲ့အခါမှာလည်း တော်တော်များများက အစိုးရကသတ်မှတ်ထားတဲ့ ငွေလဲဈေးနဲ့ လုံးဝ မလွှဲချင်ကြဘူး” လို့…

Read More

လက်ဘနွန်ရှိ ဟဇ်ဘိုလာဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်

တဲလ်အဗစ်၊ စက်တင်ဘာ-၂၈-၂၀၂၄မျိုးဆက်(VOM)အစ္စရေးဟာ လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ် ဆင်ခြေဖုံးဒေသတွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဟဇ်ဘိုလာဌာနချုပ်ကို အဓိက ပစ်မှတ်ထားပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအများအပြားဟာ ဌာနချုပ်ရှိရာ နေရာဝန်းကျင်မှာ အဓိကဖြစ်ပွားခဲ့ပြီး ဒါဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာကို ပစ်မှတ်ထားခဲ့တာလို့လည်း အစ္စရေးသတင်းဌာနတွေက ဖော်ပြထားပါတယ်။ဟဇ်ဘိုလာတွေရဲ့ လုပ်ရပ်တွေကို ဟန့်တားရမှာဖြစ်ပြီး နိုင်ငံနယ်စပ်မှာ အကြမ်းဖက်အဖွဲ့အစည်းရှိနေတယ်ဆိုရင ်နိုင်ငံတိုင်းလုပ်ကြတဲ့ ထုံးစံအတိုင်း အစ္စရေးကလည်း လုပ်ဆောင်နေတာဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောပါတယ်။အစ္စရေးရဲ့ ယခုတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်သေပြီး ၇၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်ရက်အတွင်း အိမ်နီးချင်း ဆီးရီးယားနိုင်ငံကို လက်ဘနွန်ပြည်သူ သုံးသောင်းကျော် ထွက်ပြေးခဲ့တယ်လို့ ကုလသဂ္ဂတာဝန်ရှိသူတယောက် ပြောပါတယ်။အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်မှာ မြေပြင်စစ်ဆင်ရေး လုပ်မယ်လို့ အရိပ်အမြွတ် ထုတ်ဖော်ပြောကြားထားပြီး နိုင်ငံမြောက်ပိုင်းမှာလည်း အရန်တပ်နှစ်ခုကို ဖြန့်ကြက်ထားတာကြောင့် အရှေ့အလယ်ပိုင်း တင်းမာမှုတွေ…

Read More

အမေရိကန်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်းကြောင့် ၄၃ ယောက် သေဆုံး

ဝါရှင်တန်၊ စက်တင်ဘာ-၂၈-၂၀၂၄ရတီ (VOM)အမေရိကန် အရှေ့တောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဟာရီကိန်းမုန်တိုင်း ဟယ်လင်ကြောင့် လူ ၄၃ ယောက်ထက်မနည်း သေဆုံးပြီး ဒေသခံသန်းချီပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။မုန်တိုင်းဟာ အမေရိကန်ကို တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေထဲမှာ ၁၄ ခုမြောက် အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၉၉၆ ခုနှစ် အိုပယ်လ်နဲ့ ၂၀၁၇ ခုနှစ် အိုင်ဒါမုန်တိုင်းတို့ထက် ပိုမိုကျယ်ဝန်းပြီး မုန်တိုင်းဟာ မိုင် ၄၂၀ ထိ ကျယ်ဝန်းတယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက ဆိုပါတယ်။ဟာရီကိန်းမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ် ဘစ်ဘန်ဒေသကို ဝင်ရောက်တိုက်ခဲ့ပြီးနောက် မြောက်ဂျော်ဂျီယာနဲ့ ကာရိုလိုင်းနားပြည်နယ်များသို့ ရွေ့လျားသွားပြီး အင်အားပြင်းစွာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလည်းဖြစ်ပါတယ်။မုန်တိုင်းဟယ်လင်ဟာ လက်ရှိမှာ သိသိသာသာ အားလျော့သွားပြီဖြစ်ပေမယ့် လေပြင်းတိုက်ခတ်မှု ၊ ရေကြီးမှု ၊ လေဆင်နှာမောင်းတိုက်ခတ်မှုတို့ကို ဆက်လက်ကြုံတွေ့ရနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။အဆင့် ၄…

Read More

This Day in History

Voice of Myanmarပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်-၁ သည် ရိုမန်ကက်သလစ်အသင်းတော်၏ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြောက်ခံရပြီးနောက် ၃၃ ရက်အကြာ ၁၉၇၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

Read More

မူဆယ်ကနေ အထွက် လမ်းပြန်ဖွင့်

  စက်တင်ဘာ ၂၈၊ ၂၀၂၄ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်မြို့ရဲ့ တခုတည်းသော ထွက်လမ်း ဖြစ်တဲ့ မူဆယ် ကနေ အထွက် လမ်းမကြီး ဖြစ်တဲ့ မူဆယ် – နမ့်ခမ်းလမ်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၅ နာရီခန့်က စပြီး ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ‌”မနေ့က မနက် မူဆယ် – နမ့်ခမ်း လမ်း ပြန်ဖွင့်ပေးပါပြီ။ သွားလို့ရပါပြီ။ စက်တင်ဘာ ၂၇ ရက် မနက် ပြန်ဖွင့်ပြီ။ ကျားဖျန် ပြန်ပို့ပြီးသွားလို့ပေါ့” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အရင် ၅ ရက်ခန့်ကတည်းက မူဆယ်ကနေ အထွက် ပန်ခမ်းတံတား နနဒ့လွယ် ဆုတောင်းတောင်နား…

Read More

ရေဘေး နှစ်ကြိမ်သင့်ခဲ့တဲ့ လယ်သမားတွေအတွက် ဘာအကူအညီတွေ လိုအပ်နေလဲ

စက်တင်ဘာ၂၈၊ ၂၀၂၄Ms(VOM)စပါးစိုက်ပျိုးသူ တောင်သူလယ်သမားတွေအနေနဲ့ ယခုနှစ် မိုးစပါးစိုက်ရာသီချိန်အတွင်း ရေကြီးရေလျှံတာတွေ နှစ်ကြိမ်တိုင်ကြုံတွေ့ကာ လယ်စိုက်ဧကတွေ ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် ဆန်စပါးအသင်းချုပ် က အကူညီပေး ပေမယ့် အခက်ခဲတွေကြုံနေရ ပြီး အကူညီတွေပိုလိုအပ်တယ်လို့ ရေနစ်မြုပ်မှုနဲ့ကြုံတွေ့နေတဲ့ဒေသက လယ်သမားတွေထံကသိရပါတယ်။ရာသီဥတုဘေးကြောင့် လယ်မြေစိုက်ပျိုးဧကတွေ ပျက်စီးသွားတဲ့ တောင်သူတွေအနေနဲ့ ယခုနှစ်အတွက် စပါးတွေ မရိတ်သိမ်းနိုင်တော့တဲ့အပြင် နောင်နှစ်မှာ ထပ်မံစိုက်ပျိုးဖို့ သိမ်းဆည်းထားတဲ့ မျိုးစပါးတွေလည်း ရေနဲ့မျောကာ တင်းရာချီဆုံးရှုံးတာတွေရှိသလို၊ ထပ်ပြီးစိုက်ပျိုးနိုင်ဖို့ အရင်းအနှီးကလည်း မရှိတော့တာကြောင့် လယ်သမားတွေ ဒုက္ခရောက်ကာ အခက်ခဲတွေကြုံနေရ ပြီး ရေဘေးပြန်လည်ထူထောင်ရေး မှာ စပါးစိုက်ပျိုးနိုင်အောင် သက်ဆိုင်ရာက ကူညီပေးစေလိုကြောင်းပြောဆိုမှုတွေ လည်းရှိနေပါတယ်။” အခု ရွာတွေ ၊လယ်တွေ အတော်များများလည်းရေမြုပ်လို့ကုန်ပြီ ။ နောက်ထပ် ပြန်စိုက်ဖို့ထားတဲ့မျိုးစပါးတွေလည်း ရေနဲ့ပါကုန်တယ်။ လယ်ပြန်လုပ်ဖို့က အတော်လုပ်ယူရဦးမှာ ။ ပြန်လည်ထူထောင်ရေးလုပ်ရင်တော့ ကူညီလိုသူတွေ စပါးမျိုးတွေပါ ပံ့ပိုးပေးဖို့ စဉ်းစားစေချင်ပါတယ်။ “လို့…

Read More
VOM News

FREE
VIEW