အောက်တိုဘာ ၃၀ – ၂၀၂၄SS (VOM)ကမ္ဘာမှာ သတင်းသမားတွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။အဲဒီစစ်တမ်းမှာ သတင်းသမားတွေအတွက် ကမ္ဘာတဝန်းမှာ လုံခြုံမှုမရှိတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံရှိတယ်လို့ ဖော်ပြထားပြီး အဲဒီနိုင်ငံတွေထဲမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရီထရီးယား၊ မြန်မာနဲ့ အီရန်နိုင်ငံတို့က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်လို့ အယ်ဒီတာဟောင်းတယောက်က “ပြီးခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်၊ ရှေ့ပိုင်းကာလတုန်းကတော့ ငါက ဂျာနယ်လစ်ဇင်သတင်းထောက် ဆိုပြီးတော့ ပေါ်ပေါ်ထင်ထင်ပြောပြီးတော့ အလုပ် လုပ်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ သတင်းသမားတွေက ကိုယ့်နာမည် ထည့်သုံးဖို့တောင် အဆင်မပြေတာတွေ ရှိလာတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းရဲ့ သတင်းလွတ်လပ်ခွင့်ရော၊…
Read MoreDay: October 30, 2024
အကြီးစား နျူကလီးယားတိုက်ခိုက်မှု ပုံစံတူစစ်ဆင်ရေး ရုရှားစစ်တပ် လေ့ကျင့်နေ
မော်စကို၊ အောက်တိုဘာ-၃၀-၂၀၂၄ မျိုးဆက်(VOM) ရန်သူရဲ့ ပထမဆုံးသောတိုက်ခိုက်မှုကို အကြီးစားနျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တဲ့ ပုံစံတူစစ်ဆင်ရေးအဖြစ် ရုရှားစစ်တပ်ဟာ မိုင်ပေါင်းများစွာ အကွာဝေးထိ ဒုံးကျည်တွေ ပစ်ခတ်တဲ့ လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။ ပထဝီနိုင်ငံရေးတွေ တင်းမာမှု ပိုမိုကြီးထွားလာပြီး ပြင်ပခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေ တိုးလာချိန်မှာ ခေတ်မီပြီး အဆက်မပြတ်တိုက်ခိုက်နေနိုင်တဲ့ မဟာဗျူမြောက်တပ်ဖွဲ့တွေရှိဖို့အရေးကြီးတယ်လို့ ရုရှားသမ္မတ ပူတင်က စစ်ရေးလေ့ကျင့်မှုကို ကြေညာချိန်မှာ ပြောပါတယ်။ ရုရှား-ယူကရိန်းစစ်မှာ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဟာ ရုရှားကို တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကို ခွင့်ပြုခဲ့မယ်ဆိုရင် နည်းမျိုးစုံနဲ့ တုံ့ပြန်မယ်လို့ ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သတိပေးမှုတွေ ပြုလုပ်ကြီးနောက် အကြီးစားနျူကလီးယားတိုက်ခိုက်မှု ပုံစုံတူ စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့နျူကလီးယားတိုက်ခိုက်မှုကို မဟာဗျူဟာမြောက် ထိုးစစ်တပ်ဖွဲ့တွေက ကြီးမားတဲ့နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တာဖြစ်ပြီး လေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေ တပ်တွေရဲ့ ဒုံးကျည်မျိုးစုံ…
Read Moreမန္တလေးက နာမည်ကြီး ပရဟိတ ဥက္ကဋ္ဌ နဲ့ အသင်းသားတွေ အဖမ်းခံရ
မန္တလေး၊ အောက်တိုဘာ ၃၀-၂၀၂၄Voice Of Myanmar(VOM)မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုအကျဉ်းထောင်အနီးက ပရဟိတမင်းခေါင် အမည်ရှိတဲ့ လူမူကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌနဲ့ အသင်းသားတွေ ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတဦးကတော့ ” ဟုတ်ပါတယ်၊ ကိုခင်မောင်တင့် အပါ ၆ဦးပါ၊ သူတို့က မြင်းမူ၊ မြောင်၊ ဆားတောင် ပကဖ၊PDF တွေနဲ့အချိတ်အဆက်ရှိနေလို့ ထိန်းသိမ်းတာပါ”လို့ ပြောပါတယ်။ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူကလည်း ” ဦးတင့် ပျောက်သွားတာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆)ရက်ကတည်းကလို့ သိရတယ်၊ ခရီးထွက်ရမယ် ပြောပြီးနောက်ပိုင်း ပျောက်သွားတာ၊ ဖမ်းခံရတာလား ဘာလားဆိုတာ ဘာမှမသိရ သေးပါဘူး”လို့ ပြောပါတယ်။လူမှုကွန်ယက်စာမျက်နှာအချို့မှာ တော့ ပရဟိတမင်းခေါင် အသင်းရုံးကို အရပ်ဝတ်နဲ့လူတချို့က ဝင်ရောက်ပြီး အသင်းဝင်တွေကို လာရောက်ဖမ်းဆီးသွားတယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ပရဟိတမင်းခေါင် လူမူကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်ဟာ နစက တက်လာပြီးနောက် ဖမ်းဆီးေထာင်ချခံရဖူးပြီး၊…
Read Moreဆီဆိုင်နဲ့ ဟိုပုံးမှာ ဆန်ထောက်ပံ့မှု ပြည်သူတွေအပြည့်အ၀မရဘဲ ရပ်ကွက်လူကြီးတွေက ရောင်းစားနေ
ZY(VOM) အောက်တိုဘာ ၃၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာ နစကက ပြည်သူလူထုတွေကို ဖြန့်ဝေပေးဖို့ ထောက်ပံ့ပေးထားတဲ့ ဆန်တွေကို ရပ်ကွက်လူကြီးတွေကို ပြည်သူတွေကို မဝေပေးဘဲ ပြင်ပကိုရောင်းစားနေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဆီဆိုင်မြို့နဲ့ ဟိုပုံးမြို့ရှိ ရပ်ကွက်တွေအတွင်းမှာ စစ်ဘေးနဲ့ ရေဘေးဒုက္ခရောက်သူတွေအတွက် နစကမှ ထောက်ပံ့လာတဲ့ ဆန်တွေကို အခုအောက်တိုဘာလ၊ နောက်ဆုံးပါတ်အတွင်း လှည့်လည်ဖြန့်ဝေပေး နေပေမယ့် အပြည့်အဝမပေးသလို လုံးဝ မရရှိသူတွေလည်း ရှိနေပြီး ရပ်ကွက်လူကြီးတွေက ပြင်ပကို ရောင်းချနေကြတယ်လို့ ဆိုပါတယ်။ “လုံးဝမရတဲ့သူတွေလည်း ရှိတယ်၊ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ပေးတာများတယ်။ အဲဒီဆန်တွေကို ဒီရပ်ကွက်ထဲမှာပဲ ရောင်းရင် လူသိမှာစိုးလို့ တခြားရပ်ကွက်တွေ၊ မြို့တွေကို သွားရောင်းနေကြတာ။ ပြင်ပက အလှူရှင်တွေ လာလှူတာတွေကိုလည်း သူတို့ဆွေမျိုးတွေဝေပြီးမှ တကယ်ဒုက္ခရောက်သူတွေက ရတာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။…
Read MoreThis Day in History
Voice of Myanamarဆိုဗီယက်တို့သည် အာတိတ်ဒေသရှိ နိုဗာရာဇမ်လ်ယာကျွန်းတွင် Tsar Bomba ဗုံးကို ၁၉၆၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဖောက်ခွဲစမ်းသပ်ခဲ့ပြီး အပြင်းထန်ဆုံးသော နျူကလီးယားဗုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Read More“ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခဲ့သူ ပျောက်ဆုံးနေလို့ မိသားစုက ရဲစခန်းနှစ်ခုမှာ လူပျောက်တိုင်ချက်ဖွင့်
အောက်တိုဘာ ၃၀ – ၂ဝ၂၄ KKO(VOM) ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခဲ့တဲ့သူ ဟာဆယ်ယွန်ပျောက်ဆုံးသွားခဲ့မှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက လှိုင်နဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းနှစ်ခုတို့မှာ လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း သူ့ကို ယနေ့အထိပြန်ရှာမတွေ့သေးဘူးလို့ VOM က စုံစမ်းသိရှိရပါတယ်။ “သူပျောက်ဆုံးနေတာနဲ့ပတ်သက်လို့အမျိုးမျိုးထင်ကြေးတွေပေးပြီး ပြောနေကြတာတွေတော့ရှိပါတယ်။ ရဲကဖမ်းတယ်ဆိုရင် စခန်းမှာလူပျောက်သွားဖွင့်ထားတဲ့အတွက် သူသာတကယ်အဖမ်းခံရရင် ဒါကိုမိသားစုဝင်တွေကသိရမယ်လေ၊အခုအထိပြန်ရှာမတွေ့သေးသလို၊သတင်းတိတိကျကျလည်းမရသေးပါဘူး။သူပျောက်ဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ ရဲစခန်းတွေမှာလည်း တိုင်ချက်ဖွင့်ထားပါတယ်။ရဲဘက်ကလည်း ဒါကိုစုံစမ်းနေတယ်လို့ပြောပါတယ်”လို့ ဟာဆယ်ယွန်နဲ့ နီးစပ်သူ အသိ မိတ်ဆွေတယောက်က VOM ကို ပြောပါတယ်။ ပျောက်ဆုံးနေသူ ဟာဆယ်ယွန်ဟာ ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်နဲ့ပတ်သက်လို့ အခုလ အောက်တိုဘာ ၂၄ ရက်နေ့က Facebook Social Media မှာစတင်ရှုံ့ချခဲ့သူဖြစ်ပြီး အကြောင်းရင်းကတော့ ဇာတ်ကားနာမည်၊ဇာတ်ကားထဲကဝတ်ဆင်ထားတဲ့ ဟိန္ဒူရိုးရာဝတ်စုံတို့က ရိုးရာယဥ်ကျေးမှုကိုပျက်ရယ်ပြုစော်ကားသလိုဖြစ်နေတယ်လို့ ဦးစွာပထမအနေနဲ့ ရှုတ်ချထားသူ တယောက်ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကိုဝေဖန်ခဲ့တဲ့…
Read Moreဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်
အောက်တိုဘာ ၃၀ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တယောက်ဖြစ်တဲ့ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို ထပ်မံ ရောင်းချသွားမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေကြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။ ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ပြန်လည်ရောင်းချဖို့အတွက် ဈေးကွက်ထဲ အရောင်းတင်ထားသလို ပုဂံယဉ်ကျေးမှုဒေသ တခုလုံးကို အပေါ်စီးကနေမြင်နိုင်တဲ့ နန်းမြင့်မျှော်စင်ကိုလည်း ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အိမ်ခြံမြေလုပ်ငန်းရှင် တယောက်က “သတင်းတွေကတော့ ပြန့်နေတာပဲ။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ပြန်ရောင်းမယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ ဒါပေမယ့် အသေးစိတ်အခြေအနေ၊ ဘယ်လောက်နဲ့ ဈေးခေါ်ထားတယ်လို့တော့ မသိရဘူးပေါ့။ ပြန်ရောင်းမယ်ဆိုတာကတော့ သေချာသလောက်ပါပဲ။ ဝယ်လက်ကတော့ မတွေ့သေးဘူးပြောတယ်။ နန်းမြင့်မျှော်စင်ကြီးကတော့ သူနဲ့ဆက်စပ်နေတဲ့ Aureum Palace Hotel & Resort ကိုပါ တခါတည်းရောင်းချမယ့်…
Read More