တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေပျက်စီးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးအခြေစိုက် သတင်းမီဒီယာတွေကဆိုပါတယ်။ ဒီအတောအတွင်း လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ကို အစ္စရေးက လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့နေ့က တိုက်ခိုက်မှုအတွင်း လူ ၂၉ ယောက်သေဆုံးပြီး ၆၇ ယောက်ဒဏ်ရာခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို နိုင်ငံတကာက လုပ်ဆောင်နေပါတယ်။
မနေ့ကတော့ အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်ဟာ လက်ဘနွန်ကိုသွားရောက်ခဲ့ပြီး လွှတ်တော်ဥက္ကဌ နာဘင့်ဘာရီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ အစ္စရေးအစိုးရနဲ့ ဟဇ်ဘိုလာတို့ကို ဆက်လက်ဖိအားပေးရမယ်လို့ အစည်းအဝေးအပြီးမှာ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှ ဂါဇာစစ်ပွဲစတင်ပြီးနောက် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက် မကြာသေးခင်လများအတွင်း အစ္စရေးစစ်တပ်ကလည်း ဟဇ်ဘိုလာတို့ကို မြေပြင်ထိုးစစ်အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ အကြီးအကျယ် လုပ်ဆောင်ခဲ့ပါတယ်။
Ref:NHK
Photo:NHK
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...